အမှတ်တရမင်းကွန်း

ပရင့်ထုတ်ရန်

ကျွန်တော်ရောက်သွားတော့ ဒီနေရာမှာ ချိန်းထားသူတွေ မရောက်ကြသေး။ ဘေးပတ်ဝန်းကျင်ရှိအကြော်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ထဲသို့ ဝေ့၀ဲကာကြည့်သည်။ မတွေ့။ ချိန်းထားသည့်အချိန်က (၇) နာရီ။ ကျွန်တော်
ရောက်သွားတော့ (၆) နာရီခွဲ၊ စောပါသေးတယ်ဟု တွေးမိသည်။ ကျွန်တော်တို့က ဆရာကျော်ရင်မြင့်၊ ဆရာစိုးဝင်းငြိမ်း၊ ဆရာရဲနိုင်မိုးတို့ရဲ့ ဦးဆောင်မှုအောက်က ဂျာနယ်လစ်သင်တန်းသားတွေပါ။ ယခုမင်းကွန်းကို
လေ့လာရေးခရီး သွားကြမည်ဖြစ်သည်။ မနေ့က ဆရာမှာလိုက်သည်များကို စဉ်းစားရင်း နာရီကြည့်လိုက်တော့ (၇) နာရီတိတိ။ လိုက်ပို့သောအဖေကို နေရာများမှားနေသလားဟုမေးသည်။ အဖေ ကမမှားဟုဆိုကာ ဆရာကျော်ဆီသို့ ဖုန်းဆက်သည်။ ဆရာကျော်က ကျွန်တော်တို့ခုဘဲထွက်ခဲ့တော့မည် ဟု ပြန်ပြောလိုက်သည်။

ချိန်းထားသည့်နေရာက တိနိရုံး။ ကျွန်တော်ရောက်နေတာက တိ-နိ ဆိပ်ကမ်း၊ နည်းနည်းပဲကွာပါသည်။ မောတောင်
ပေါ်ရောက်တော့ ကောက်ညှင်းပေါင်းနှင့်အကြော် တစ်ယောက်တစ် ထုတ်စီကျွေးပါသည်။ ခေါင်းနည်းနည်း
နောက်နေ သဖြင့် မစားခဲ့ပါ။ မော်တော်ထွက်တော့ ဘေးဘက်ပြတင်းပေါက်များမှာ မြင်ကွင်းဆန်းများကို
တွေ့ရပါသည်။ ကင်မရာမရှိသဖြင့် ဓါတ်ပုံရိုက်ချင်သော်လည်း မရိုက်ခဲ့ရပါ။ သင်တန်းအဖွဲ့သားများမှ ကင်မရာ ပါသူများ ဓါတ်ပုံရိုက်ရင်း လိုက်ပါလာကြသည်။ အဖေ့ကို ကင်မရာတစ်လုံးဝယ်ပေးဖို့တော့ ပူဆာထားသည်။

မင်းကွန်းရောက်တော့ မော်တော်ပေါ်ကဆင်းသည်။ ဆရာရဲနိုင်မိုးက သတင်းအတွက်လိုအပ်သော ဓါတ်ပုံများကို ရိုက်ရန်သူ၏ကင်မရာကိုပေးသည်။ ပထမဦးဆုံး မြင်တွေ့လိုက်ရသည်က “မင်းကွန်းဘိုးဘွားရိပ်သာ” ကျွန်တော်တို့ တစ်ဖွဲ့လုံး လိုလိုပင်ရိပ်သာထဲသို့ ၀င်ခဲ့ကြသည်။ ထွေထွေထူးထူးဘာမှမရှိဟု ထင်သော်လည်း အများနည်းတူ ၀င်ခဲ့သည်။ ရိပ်သာထဲရောက်တော့မှ အံ့သြသွားမိသည်။ တိတ်ဆိတ်သည်။ အေးချမ်းသည်။ အဆောက်အဦးတိုင်း၌
နောက်ခံသမိုင်းများရှိသည်။ ယခုမှ စတင်လေ့လာသော သသင်း ထောက်တစ်ယောက်အတွက် ဆွဲထုတ်စရာ အစများရသည်။ ကျွန်တော်၏ လေ့လာမှုကိုစတင်ရန် ရိပ်သာ အတွင်း လှည့်ပတ်ကြည့်ရှုနေချိန်တွင် ပန်းးနှင့် သရက်သီးများကိုရောင်းသော ဈေးသည်အမျိုးသမီးကြီး တစ်ဦးကိုတွေ့ပါသည်။ ထူဆန်းစွာပင် သူမကသူမ၏ နက်ရှိုင်းသော မျက်လုံးအစုံတို့ဖြင့် ကျွန်တော့်အား စေ့စေ့စပ်စပ်ကြည့်သည်။ ကျွန်တော်၏ အတွေးထဲဝယ် ကျွန်တော် ကိုယ်တိုင် အဖြေမသိသော မေးခွန်းတို့ ဖြစ်ပေါ်လာခဲ့သည်။ ဘာကြောင့်များပါလဲ။ ရိပ်သာအတွင်းမှာ ကျွန်တော်ကဲ့သို့သော သတင်းထောက်များ စွာရှိပါလျှက် ဘာကြောင့်များပါလဲ။ ရိပ်သာအတွင်းမှာ ကျွန်တော် ကဲ့သို့သော သတင်းထောက်များစွာ ရှိပါ လျှက် ဘာကြောင့်များ ကျွန်တော့်ကိုမှ သေချာစိုက်ကြည့်သွားပါသလဲ။ ဘာလဲကွာ။ ကျွန်တော် သတိပြန် ၀င်လာသောအခါ သူမမရှိတော့ပါ။ သူမသည် ကျွန်တော့်အား ကျောခိုင်းပြီး မလှမ်းမကမ်းဆီသို့ထွက်သွား လေပြီ။ တခြားသော သင်တန်းသားများက လိုအပ်ရာအချက်အလက်များ ရယူနေချိန်တွင် ကျွန်တော် လည်းအလုပ်တစ်ခုအနေနဲ့ အချက်အလက်များကို လိုက်မှတ်မိပါသည်။ ပြန်ရောက်လျှင် သတင်းရေးရမည်ကိုး။

ပထမဆုံးမှတ်မိသည်က ဖွားဦးဇွန်းအဆောင်။ အဟောင်းကိုဖြိုပြီး အသစ်ပြုပြင်ထားသည်။ အသေးစိတ် သိလိုသဖြင့် အဆောင်ထဲရှိ ခုံတန်းလျားတွင် ထိုင်နေသော အဘွားအိုထံသို့ချဉ်းကပ်ပြီး ယဉ်ကျေးစွာမေးမိသည်။ အဘွားကလည်း စိတ်ရှည်စွာပြောပါသည်။ ဖွားဦးဇွန်းအဆောင်မှာ နှစ်ကာလကြာမြင့်လာသော အခါ ယိုယွင်းပျက်စီးသွားသဖြင့် ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်ထားသည်။ ၀ိန်စိန် (စိန်ရတနာရွှေဆိုင်) မှ သိန်းပေါင်း (၃၀၀) အကုန်အကျခံကာ
ပြန်လည်တည်ဆောက်ပေးခဲ့သည်။

ဖွားဦးဇွန်းအဆောင်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ဖွားသုမာလာအဆောင်သည်လည်း ဖွားဦးဇွန်းပင် ဆောက်လုပ် လှူ ဒါန်းခဲ့ကြောင်း၊ ဖွားသုမာလာသည် ဖွားဦးဇွန်း၏ သီလရှင်ဘွဲ့ဖြစ်ကြောင်းသိရသည်။ ဖွား ဦးဖွန်းအဆောင်သည် လူဝတ်နှင့်ဆောက်ခဲ့ပြီး ဖွားသုမလာအဆောင်သည် သီလရှင်ဝတ်နှင့် ဆောက်လုပ်ခဲ့ကြောင်း၊ ဖွားသုမလာ အဆောင် သည်လည်း ဖွားဦးဇွန်းအဆောင်နည်းတူ ယိုယွင်းပျက်စီးလာသောကြောင့် မြင့်မြင့်ခင် (ထိုးမုန့်) မှ
ပြန်လည်တည်ဆောက်ခဲ့ကြောင်း၊ ရိပ်သာတွင် ငါးနှစ်ကျော်မျှ နေထိုင်ခဲ့ သောအဘွားက ပြောပြသဖြင့်သိရသည်။ ထို့နောက် ဖွားဦးဇွန်းအဆောင်နှင့် ဘေးဘက်ကပ်လျှက်တွင်ရှိ သော ခန်းမအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။ ခန်းမ၏အမည်ကထူးဆန်းပြီး အကြောင်းတစ်ခုရှိမည် ထင်ကာ စိတ်ဝင်စားပြီးမေးမြန်းဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ခန်းမရှေ့တွင် ထိုင်နေသောအဘိုးကို မေးမြန်းခဲ့ပါ သည်။ ခန်းမအမည်မှာ “အော်ဘွန်ဟောနှင့် အော်ဘွန်ပါ
အောက်မေ့ဖွယ်ခန်းမ” ဖြစ်ပါသည်။ အော်ဘွန် ဟောနှင့် အော်ဘွန်ပါသည် လူနာမည်များဖြစ်ပြီး စစ်အတွင်းက ရိပ်သာတွင် လာရောက်နေထိုင်သွားပြီး ယခုဆုံးပါးသွားပြီဖြစ်သော “ကျား” ပရုတ်ဆီပိုင်ရှင် ညီအစ်ကိုနှစ်ယောက်
ဖြစ်ပါသည်။ စင်ကာပူရှိသား၊ သမီးများက အော်ဘွန်ဟောနှင့် အော်ဘွန်ပါအားရည်စူး၍ လာရောက်လှူဒါန်း သွားကြောင်း သိရပါသည်။ ထို့နောက် ရိပ်သာအတွင်းတွေ့ရသော ၊ စိန်ရတုမင်္ဂလာအဆောက်အဦးအကြောင်း
မေးရာ ရိပ်သာ (၇၅) နှစ်မြောက်အထိမ်းအမှတ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

ထို့နောက် ဂေဟာမှူးဦးအောင်ခင်နှင့်တွေ့ကာ ကျွန်တော်သိလိုသည်များကို မေးမြန်းခဲ့ပါသည်။ ဂေဟာမှူး ဦးအောင်ခင်က ကျွန်တော်သိလိုသည်များကို ပြန်လည်ဖြေကြားရင်း ရိပ်သာ၏ နောက်ခံသမိုင်း အကျဉ်းချုပ်ကို
ပြောပြပါသည်။ ရိပ်သာ၏အမည်မှာ “မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာဖြစ်ပြီး အမျိုးအစားမှာ ဒုတိယ အဆင့် ဖြစ်ပါသည်။ ၁၂၇၆ ခု၊ ပြာသိုလပြည့်ကျော် ၁၂ ရက် (၁ -၁-၁၉၁၅) တွင် စတင်တည်ထောင်ပြီး အသိအမှတ်ပြုသည့် နေ့စွဲမှာ (၆-၃-၁၉၉၁) ဖြစ်ပါသည်။ ရိပ်သာအတွက် လိုအပ်သောငွေကြေးကို မန္တလေးမြို့ရှိ ရိပ်သာပိုင် အဆောက်အဦးတိုက်ခန်းများ ငှားရမ်းခြင်းမှရရှိပါသည်။ ကျွန်တော်၏ သတင်းအတွက် လိုအပ်သော သတင်းဓါတ်ပုံများလည်း ရိုက်ခဲ့ပါသည်။

ကျွန်တော့်အတွက် အချက်အလက်နှင့် သတင်းဓါတ်ပုံများရပြီဖြစ်သဖြင့် စိတ်အေးကာ အနီးတွင်လှည့်ပတ်သွားလာ
နေချိန်တွင် စောစောကတွေ့ခဲ့သော ဈေးသည်အမျိုးသမီးကြီးနှင့် ပြန်တွေ့ပါသည်။ ဒီတစ်ကြိမ်မှာတော့ မင်းကွန်းနှင့် ပတ်သက်သော အချက်အလက်များကို သူမဆီမှရယူရန်နှင့် သူမနှင့် စကားပြောဖြစ်ရန် ကြိုးစားဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုအမျိုးသမီးကြီး၏ ခြေလှမ်းများလည်း ကျွန်တော့်ထံသို့ ဦးတည်လာ သည်။ မထင်ထားပါ။ အနား
ရောက်လာသောအခါ သူမကသူမလက်ထဲမှာ ကိုင်ထားသော ပန်းကုံးများကို ကျွန်တော့်အားပေးပြီး ဘုရားမှာ သွားလှူရန်ပြောသည်။ ကျွန်တော်လည်း သူမစကားအတိုင်း ပန်းကုံးများ ကိုယူကာ အနီးအနားရှိ စေတီအတွင်းသို့ သွားပြီး ပန်းများလှူလိုက်သည်။ ဘုရားကန်တော့ပြီး ထွက်လာ ချိန်တွင် သူမကစေတီ၏အပြင်ဘက်တွင် ကျွန်တော့်ကို စောင့်နေသည်။ ထို့နောက် အရိပ်ကောင်းသော သစ်ပင်ကြီးအောက်ရှိ ခုံတန်းလေးများဆီသို့ ကျွန်တော်တို့ သွားခဲ့ကြသည်။ သူမကကျွန်တော့်ကိုစိုက် ကြည့်နေပြန်သည်။ အခိုက်အတန့်တစ်ခု တိတ်ဆိတ်သွား သည်။ သူမကဆိုသည်။ ကျွန်တော့်အား သူမ၏ သရက်သီးများ ခွဲကျွေးလိုကြောင်း၊ မင်းကွန်းပုထိုးတော်ကြီးအနီးတွင် သူမ၏အအေးဆိုင်ရှိကြောင်း၊ သူမ ကြော်ရောင်းသော ပုဇွန်ကြော်နှင့် ငါးကြော်များကို လာ၍စားစေလိုကြောင်း
ပြောသည်။ ကျွန်တော်က သူ မအပြုအမူများ၏ အကြောင်းရင်းကိုမေးရာ ကျွန်တော်က သူမသိပ်ချစ်ရသော သူမ သမီးကလေးနှင့်တူကြောင်း၊ ယခုအခါ သူမ၏သမီးလေးမှာ အိမ်ထောင်ကျသွားပြီဖြစ်ကြောင်း သူမနှင့်ခွဲနေ ရကြောင်း ပြောပြသည်။ ကျွန်တော် သဘောပေါက်သွားသည်။ ထို့နောက် ကျွန်တော်၏ အစီအစဉ်အတိုင်းသူမအား သည် ဒေသနှင့်ပတ်သက်သော သတင်းအချက်အလက်များကို မေးလိုကြောင်း ဖြေပေးစေလိုကြောင်း
ပြောသောအခါ သူမကလိုက်လိုက်လျောလျောပင် ဖြေကြားကူညီပေးပါသည်။ ထို့သို့ဖြင့် ကျွန်တော်သိချင်သော မင်းကွန်းနှင့်ပတ်သက်သည့် မေးခွန်းများမေးမြန်းဖြစ်ခဲ့ပါသေးသည်။ မေးခွန်းများပြီးဆုံးချိန်တွင် တခြားသော ဂျာနယ်လစ်များ ရောက်လာကာ ထိုအမျိုးသမီးကြီးကို မေးမြန်းရန် ပြင်ဆင်လာကြသည်။ သို့သော် သူမက သည်ဒေသနှင့်ပတ်သက်သော သူမသိထားသမျှ ကျွန်တော့်အားပြောပြပြီးဖြစ်ကြောင်း ပြောသည်။ ကျွန်တော်လည်း သူမကို ကျေးဇူးတင်စကားပြောကာ နှုတ်ဆက်လိုက်သည်။ ကျွန်တော် ထွက်လာရန်ပြင်တော့ သူမက သမီး၊ အမေ့နာမည် မှတ်သွားနော် “ဒေါ်နွားမေတဲ့” ဟုဆိုကာ ကျွန်တော့် ၏ မှတ်စုစာအုပ်လေးကို ညွှန်ပြသည်။ ကျွန်တော့်စာအုပ်ထဲမှာ ရေးမှတ်လိုက်သည်။ ကျွန်တော်၏အလုပ် တွေပြီးလျှင် သူမဆိုင်သို့ဝင်ခဲ့ရန်လည်း မှာသေးသည်။ ကျွန်တော်က “ဟုတ်ကဲ့၊ လာခဲ့ပါမယ်အမေ” ဟု ပြောဆိုမှ သူမထိုနေရာမှ ထွက်သွားသည်။

ဆရာကျော်ရင်မြင့်က ကျွန်တော့်အား မင်းကွန်းမှပန်းချီဆရာများနှင့် မိတ်ဆက်ပေးပါသည်။ ထိုအထဲတွင် ဆရာကိုဇော်မင်းအား အင်တာဗျုးသင့်ကြောင်း ဆရာစိုးဝင်းငြိမ်းက အကြံပေးသဖြင့် သွားရောက် အင်တာဗျူး ခဲ့ပါသည်။ ဆရာကိုဇော်မင်းသည် သူ၏ပန်းချီကားများကို ပြင်သစ်တွင်တစ်လခွဲကြာမျှ ပန်းချီပြပွဲ သွားရောက်
ပြုလုပ်ခဲ့သူ ဖြစ်ပါသည်။ ပန်းချီးကား ၁၆ ကားရောင်းရကြောင်း၊ နိုင်ငံခြားသားများက ဈေး ပေါ့ပေါ့ပါးပါးနှင့် အမှတ်တရချိတ်လို့ရမည့်ပုံများ အ၀ယ်များကြောင်းသိရသည်။ ဆရာကိုဇော်မင်း၏ ပန်း ချီကားများတွင် အပြာရောင် အသုံးများနေသဖြင့် မေးကြည့်ရာ အပြာရောင်၏ငြိမ်းချမ်းမှုကိုကြိုက်ကြောင်း၊ ပြီးနောက် ဧရာဝတီလှိုင်းနှင့် အပြာရောင်က လိုက်ဖက်ကြောင်း ပြောပါသည်။ ပန်းချီကား အပေါ်မှာစေတ နာထားဖို့ အရေးကြီးကြောင်း ဆရာကိုဇော်မင်း ထံမှ သိရပါသည်။ ဆရာကိုဇော်မင်းကို အင်တာဗျုးခဲ့ရခြင်း မှာ ကျွန်တော့်အတွက် အကျိုးထူးပါသည်။ နောက်နေ့သတင်းတင်ရာတွင် ရေးစရာအကြောင်း အရာရ သွားပြီမို့ တော်ပါသေးသည်။ မဟုတ်ရင်တော့ လွယ်မည်မထင်။

မင်းကွန်းကို သွားရောက်ခဲ့ရခြင်းကြောင့် ဗဟုသုတများရရှိခဲ့သလို အမှတ်တရများလည်း ဖြစ်ခဲ့ပါသည်။ မင်းကွန်းမှ မပြန်မီ အချက်အလက်များကို လိုက်မှတ်ရင်း ကျွန်တော်နှင့်တွေ့ဆုံခဲ့သော အမျိုးသမီးကြီး၏ ဆိုင်သို့ဝင်ရန်
မေ့သွားသည်။ သူမကျွေးမည်ပြောသော မုန့်များကိုလည်းမစားဖြစ်ခဲ့ပါ။ ထို့အတွက် စိတ်မကောင်းပါ။ အမှန်မှာ ကျွန်တော်၏မိခင်သည် ကျွန်တော်ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ပြီးဖြစ်သည်။ ယခုကျွန်တော်၏အသက်မှာ (၁၇) နှစ်မျှသာရှိပါသေးသည်။ အမိမဲ့ဘ၀ဖြင့် ကြီးပြင်းခဲ့ရသော ကျွန် တော့်အဖို့ ထိုအမျိုးသမီးကြီးနှင့် တွေ့ဆုံခြင်း က အမှတ်တရရှိစေပါသည်။ အစဉ်အမြဲ အမှတ်ရနေမည် ဖြစ်ပါသည်။ ။
(၂၀၀၉ ခုနှစ် ဂျာနယ်လစ်သင်တန်းသားများ မင်းကွန်းလေ့လာရေးခရီးစဉ် အမှတ်တရ)