www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၂၆ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

Home > ရသဘဏ်တိုက် > ကဗျာ > စက်ဆန်းရဲ့ ဒိယံညနေ

စက်ဆန်းရဲ့ ဒိယံညနေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မီးရထားသံလမ်း နံဘေး
မီးရထားသံလမ်းနှစ်ဖြာ ယှက်ဖြာလက်ထပ်ထားတဲ့
မီးရထားသံလမ်း နံဘေး
အရက်ဆိုင်တန်းကလေးမှာ
ယောက်ျားသားတွေ အရက်သောက်ကြလို့
နွေလေကလေး တဖြူးဖြူး သေရည်ကလေး တမူးမူးတဲ့
စကားပြောဆို ရယ်မောသောကဆိုတာ သေရည်ဝိုင်းပါပဲ
လောကီကြောင်းရဲ့ ညနေကောင်းကင်
သင်အရက်သောက်ချင် လာခဲ့ပါတော့။

ဇီးနှစ်ပင်မယား နှစ်ယောက်အောက်မှာ
ကလေးတစ်အုပ်ဟာ ဆော့ကစားပျော်မြူးလို့
ကလေးတွေရဲ့ ဆော့ကစားပျော်မြူးသံတွေဟာ
နွေလေကလေးပေါ့
သူတို့လည်း မူးနေကြတာပေါ့။

ဟိုတစ်ဖက်မှာ အမှောင်
ရှေ့မှာ မော်တော်ကားတွေ စီးဆင်းရာဖြစ်
မီးရထားဟာ ကုန်ရထားလမ်းကြောင်း
ကုန်ရထားဟာ သူ့သံလမ်းပေါ်
တစ်နေ့တစ်ခေါက် မရောက်ပေမယ့်
ကလေးတွေနဲ့ အရက်သမားတွေကတော့
ဒီသံလမ်းပေါ် ညတိုင်းရောက်ကြ
သောက်ကြ စားကြ ပျော်ကြ ပါးကြ
နွေလေပြေ ပိန်တာရိုးကလေး ရောက်လာ
ကလေးတွေနဲ့ အတူဆော့ကစား
ဟိုအရက်သမားတွေနဲ့ အတူသောက်စား
နွေလေပြေ ပိန်တာရိုးကလေးခမျာ
ပျော်ရှာလို့
နွေလေပြေရယ် ဆုတောင်းမမှား
ဆုတောင်း ကောင်းခဲ့ပါလား။

အဲဒီအချိန်
သူ လမ်းပေါ်မှာ သူဘုရင်
သူက ဒီလို စိတ်ကြီးဝင်ပြီး
အသံမပေး ဘာမပေးဘဲ
ကုန်ရထား
ရုတ်တရက်ကြီး မူးပြီး ၀င်ချလာ
သူဟာ ဇာတ်လိုက်ဖြစ်သွားခဲ့တယ်။

(မောင်ချောနွယ်ရဲ့ ကဖေးကဗျာစာအုပ်မှ)

၃-၉-၂၀၀၂ နေ့တွင် ကွယ်လွန်ခဲ့သူ မြန်မာကဗျာဆရာကျော် မောင်ချောနွယ် ကွယ်လွန်ခြင်း
(၁၁) နှစ်မြောက် အမှတ်တရအနေဖြင့် ဖော်ပြအပ်ပါတယ်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 63 guests online