www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၁၈ နိုဝင်ဘာ ၂၀၁၇

Mizzima Burmese

Home > ရသဘဏ်တိုက် > ကဗျာ > ဒိုင်နိုဆောနှင့် ပန်းလိပ်ပြာ

ဒိုင်နိုဆောနှင့် ပန်းလိပ်ပြာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အိပ်မပျော်သော ည
တစ်ခါတလေ၊ လှုပ်ဆွနိုးရှ
ငါ့အားမှန်ရိပ်၊ အတိတ်ကွဲစ
ဖန်စပြိုးပြက်၊ ဖိတ်လက်ရုပ်ပုံ
လွဲမှားစိတ်ထင်၊ အမြင်မတူ
နားမလည်တသူ၊ နားလည်တသူ
မတူကွဲပြား၊ အငြင်းပွားခဲ့ကြ
ဘာမျှမဆန်း၊ လောကကြီးမှာ
မာယာပါ တကား။

နှစ်သန်းပေါင်းများစွာ
ကြာသောကာလ၊ ကမ္ဘာဦးအစ
ပေါ်လာခဲ့သော၊ ကြီးမားလှသော
ဒိုင်နိုဆောတဲ့၊ ရှေးဟောင်းကျသော
သက်ရှိဇီဝ၊ အခု မရှိတော့
သုတေသန၊ ပညာရှင်တို့က
ရှာဖွေတွေ့လောက်၊ ကျောက်ဖြစ်ရုပ်ကြွင်း
ယနေ့ “မော်ဒန်” ခေတ်တွင်၊ ဒိုင်နိုဆောရုပ်ကလေး
စိတ်ကူးပုံသေး၊ ကလေးကစားစရာ
စားပွဲပေါ်မှာ၊ အလှထားကြပကော။

ဆယ်ကျော်သက်ရွယ်
လူငယ်တစ်ဦးက၊ ငါ့အား လှောင်ပြောင်
သူက ခေတ်မီ၊ ငါကရှေးဟောင်း
သူက မော်ဒန်၊ ငါက ဂန္ထ၀င် ဆိုလား
နိမိတ်ပုံလား၊ တင်စားလေသည်
သက်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းတဲ့လေ။

တစ်ခါတစ်ရံ
ရယ်ရမောရ၊ ဟာသများကြောင့်
အပြင်းလည်း ပြေ၊ တွေးစရာလည်း ရ
မျိုးဆက်ကွာဟ၊ ပညာမမျှ
မျိုးဆက်ဘာသာစကား၊ အသိခက်သား
ခံစားမှုပြင်း၊ ၀င်ရိုးစွန်းများ။

လူသားတို့၏
အာရုံခံစားမှု၊ မခြားနားကြ
ခြားနားသည်က၊ ပင်လယ်ဖြတ်ကူးသူ
ကမ်းစပ်ရောက်သူ၊ ရေနစ်ကြသူ
ငြိမ်းချမ်းဒေသ၊ စစ်ပွဲဒေသ
လွတ်လပ်ဒေသ၊ ချုပ်နှောင်ဒေသ
အခွင့်အရေးရှိသူ၊ အခွင့်အရေးမဲ့သူ
အသိများသူ၊ အသိနည်းသူ
ငြင်းခုန်ဝိ၀ါဒ ရန်မစဲ။

ငါတမူကား
နေရာမပျက်၊ ယုံကြည်ချက်မပျက်
ငြိမ်းချမ်းရေးဘက်တွင်၊ အစဉ်ရှိလျက်
သမိုင်းသက်သေ၊ ရှာဖွေနိုင်သည်
ငါသည် သစ္စာဖောက်သလော။

ငါ့ဘ၀ကား
အချစ်၊ ငြိမ်းချမ်းရေး၊ အလှတရား
အမုန်းမရှိ၊ စစ်ပွဲမရှိ
ရန်သူမရှိ၊ မိတ်ဆွေသာ ရှိ
ငါ၏ ဘ၀ဒဿန။

ဒိုင်နိုဆောကား
အားရှိသူက၊ အားမဲ့သူကို
ကိုက်ဖဲ့သတ်ဖြတ်၊ စားမျိုတတ်သော
တောရိုင်းဥပဒေ၊ စံပယ်နေခဲ့
ပညာသမားတို့က၊ သုတေသန
ခေတ်သစ်ကျရောက်၊ ရှေးဟောင်းပြတိုက်
ပိုးဖဲမှန်၌၊ လိုက်လံကြည့်သူ
လူငယ်တို့အား၊ ကျောက်ဖြစ်ရုပ်ကြွင်း
စာတန်းထိုးထား၊ ငါတစ်မူကား
ပန်းပွင့်များကြား၊ လူးလာပျံခတ်
စုတ်ဆန်ကူးကာ၊ ပန်းလိပ်ပြာတို့
ဝါပြာနီလဲ့၊ ကနွဲ့ကလျ
မွှေးမြ၀တ်မှုန်၊ ထုံယစ်ဘဝ
ငါ အားကျခဲ့။

စိတ်ကူးငှက်ငယ်
သွက်လက်ပေါ့ပါး၊ လွတ်လပ်သွားလာ
ဟိုနားသည်နား၊ အလှအပကြား
အမွှေးများကြား၊ နုဖတ်လွန့်သွား
လရောင်ပြောက်ကျား၊ နေရောင်ရွှန်းပ
အချစ်ငြိမ်းချမ်း၊ လှပနုပျို
ဒိုင်နိုဆောလေ၊ ကျောက်အိုရုပ်ကြွင်း
သတင်းဆန်းသစ်၊ မဖြစ်ချင်နေ
ရွှေရုပ်ပုံသေး၊ ဈေးမတင်ချင်နေ
သမိုင်းပြတိုက်ထဲ၊ မပြချင်နေ
ရွှေရောင်မြရောင်၊ တိမ်တောင်နီလာ
လိပ်ပြာဘ၀၊ ငါ နေလိုပါ၏ ။ ။

(၁၀၊ ၇၊ ၉၈)
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 23 guests online