ပြောင်လျှာရှည်တို့ ကတဲ့ဇာတ်

ပရင့်ထုတ်ရန်

ပြောင်ရှည် ။ ။ အခုအချိန်ကစပြီး သတင်းများကိုကြောငြာပါတော့မယ်ခင်ဗျာ။

"သတင်းခေါင်းစဉ် "

"သက်တမ်းအနှစ်(၄၀) ရှိပြီးဖြစ်သော (၁၃) ကြိမ်မြောက် အာစီယံ ထိပ်သီး ညီလာခံကြီးကို အာစီယံဒေသတွင်းရှိ ထိုင်းနိုင်ငံနဲ့ကပ်လျက် မလေးရှားနိုင်ငံကို ကျော်ပြီး စင်ကာပူနိုင်ငံတွင် ယမန်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးသွားပြီ ဖြစ်ရာ ယနေ့ နေ့လည်ပိုင်းတွင်.. မြန်မာဝန်ကြီးချုပ် သီလ၀ါဆိပ်ကမ်းသို့ အောင်မြင်စွာ ဆိုက်ရောက်လာခြင်း.."

လျှာရှည် ။ ။ "ဘယ်နှယ့်ကွာ .. နေပြည်တော်လေဆိပ် လုပ်စမ်းပါ.. "

ပြောင်ရှည် ။ ။ "မြန်မာ့လေကြောင်းလိုင်း အာမခံ မရလို့ သင်္ဘောနဲ့ အစည်းအဝေး သွားတက်တာ ..။
..... သတင်းအစုံအလင်မှာ မြန်မာနိုင်ငံတော် ၀န်ကြီးချုပ်သည် စက်တင်ဘာ အရေးအခင်းနှင့် ပတ်သက်၍ အာစီယံ နိုင်ငံများမှ ၀ိုင်းဝန်း ဖိအားပေးမှာကို စိုးသောကြောင့်၊ မသွားခင် တပ်ရင်းတပ်ဖွဲ့ အသီးသီးမှ ရဲဘော်များအား မိမိကိုယ်ပေါ်တက် ဖိစေခြင်း၊ မျက်နှာမပူစေရအောင် မီးကသိုင်းရှုခြင်း၊ စကားမှား မပါရအောင် ၀စီပိတ် အဓိဌာန်ဝင်ခြင်း၊ မိမိစကား ပေါက်ရောက်အောင် လိပ်စားသော ပေါက်ပေါက် ဆုပ်များအား အားရပါးရ စားသွားခြင်း ...။"

ဆက်ကြော်ငြာ..

"၀န်ကြီးချုပ်သည် အစည်းအဝေးအတွင်း မြန်မာနိုင်ငံရေးနဲ့ ပါတ်သက်သည်များကို အဖွဲ့ဝင် ခေါင်းဆောင်များ နားဝင်ချိုအောင် ထူးမခြားနား သီးချင်းကြီးကို ဆိုပြရာ စင်ကာပူ ၀န်ကြီးချုပ်က ပြန်၍ဘောလည်ပြီး ဂမ်ဘာရီကြီးကို ထွက်စေတိုင်းတော် လုပ်လိုက်သော် ဂမ်ကြီးခမျှာ ပတ်ပျိုးမဆိုနိုင် ဖြစ်သွားရ၏။ ယင်းအစည်းအဝေးသို့ ၊ နိုင်ငံအသီးသီးမှ ဟာသ လူရွှင်တော်များပါ တက်ရောက်ပြီး၊ ဧည့်ခံ ဖျော်ဖြေကြပုံလေးကို ဆက်လက် တင်ပြသွားပါ့မယ် ခင်ဗျား..။ ပထမဦးစွာ အိမ်ရှင် နိုင်ငံစင်ကာပူမှ နာမည်ကြီး လူရွှင်တော်မှ ဟောဒီလို စပြက်ပါတယ် ခင်ဗျား ...

စင်ကာပူ ။ ။ "အားလုံးမင်္ဂလာပါ ကျနော်တို့နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရတဲ့အတွက် အထူး ဂုဏ်ယူပါတယ် ခင်ဗျား ..၊။ ကျနော်တို့ရဲ့ နိုင်ငံတော် ၀န်ကြီးချုပ်ဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန် ပြည်ထောင်စုကို သွားရောက် လည်ပတ်ပါတယ် ခင်ဗျား ... ။ ကျနော်များ သတင်းစာမှာ အမေရိကန် သမတကြီး မစ္စတာဘွတ်(ရှ်) နဲ့ ကျနော်တို့ရဲ့ ၀န်ကြီးချုပ် ပြုံးရွှင်စွာ နှစ်ယောက်သား .. နှုတ်ဆက်နေတာကို တခမ်းတနား ဖော်ပြခဲ့ပါတယ် ခင်ဗျား..။ သေချာကြည့်ရင် အရမ်းဂုဏ်ယူဖို့ ကောင်းပါတယ် ခင်ဗျ။ သူတို့နှစ်ယောက် မှာ လူမျိုးကွဲပြားသော်လည်း အမွှာပူးဆို ယုံပါတယ်ခင်ဗျား..။ နှစ်ယောက်စလုံး အဖေတူကြလို့ပါ ခင်ဗျ..။ ကျေးဇူးတင်ပါတယ် ခင်ဗျား ...။ "

(ပရိသတ်ကြီးကလည်း တွေးရင်း .. "အော်.. အော်.. အော်.. အော်.. အော်.. အော်.. အော်" )

နောက်မလေးရှားနိုင်ငံအလှည့် ..၊ နာမည်ကြီး လူရွှင်တော်တယောက် တက်လာပြီး ..

"အားလုံး မင်္ဂလာပါ..။ ကျနော်တို့ နိုင်ငံမှာ မကြာမှီ ရွေးကောက်ပွဲ ကျင်းပပါတော့မယ် ခင်ဗျာ..။ အများနဲ့မတူ တမူထူးပြီး ဟန်းဖုန်းကနေ လွယ်လင့်တကူ မဲပေးနိုင်အောင် စီစဉ်ထားပါတယ် ခင်ဗျား ..။ ဟန်းဖုံး Key လေးတွေကို နှိပ်ပြီး ပေးရုံပါပဲ ခင်ဗျာ။ လက်ရှိအာဏာရ ပါတီကို မဲပေးချင်ရင်တော့ .. ဖြင့် .. BP ဆိုပြီး နှိပ်လိုက်ပြီး Send လုပ်လိုက်ပါ ခင်ဗျား။ အတိုက်အခံ ပါတီအတွက် ဆိုရင်တော့ ဟန်းဖုန်း Key ### 256789945678 **** ကိုလွယ်လင့်တကူ အလွတ်ကျက်ပြီး Send အစား Delete ကီးကို နှိပ်လိုက်ရုံပါပဲ ခင်ဗျာ ...။ ကျေးဇူး တင်ပါတယ် ခင်ဗျား.. ။ "

မြန်မာပြည်က ၀န်ကြီးချုပ်ကြီးက သဘောကျပြီး .. " ငါတို့ဆီမှာလည်း ပြည်သူတွေ သက်သာအောင် ဒီလိုလုပ်ပြီးပဲ မဲပေးခိုင်းမယ်" ဆိုကာ သဘောတွေ့နေလေရဲ့ ..။ နိုင်ငံခြားရေး ဌာနက လူကြီးတွေကလည်း ..၊ အသဲအသန် လိုက်မှတ်နေလေရဲ့ဗျာ..။

ဟောဒီတခါ အလှည့်ကျတာကတော့ ဖိလစ်ပိုင် နိုင်ငံက နာမည်ကြီး လူရွှင်တော် ဖြစ်ပါတယ် ခင်ဗျား ..။

"အားလုံး ရွှင်လန်းကြပါစေ..။ ကျနော်တို့ နိုင်ငံမှာ ကျွန်းတွေ အရမ်းပေါများပါတယ် ခင်ဗျာ ..။ အရင်သမ္မတ ရုပ်ရှင်မင်းသားကြီးကို လက်ရှိ သမ္မတက အေးအေးဆေးဆေး ရုပ်ရှင် ရိုက်နိုင်ရန်အတွက် ဘယ်ကျွန်းပို့ပြီး ရိုက်ခိုင်းရင် ကောင်းမလဲလို့ အထူးတလည်၊ အရေးယူ စဉ်းစားနေကြပါတယ် ခင်ဗျ။ ကျေးဇူးတင်ပါတယ် ခင်ဗျား ...။"

မြန်မာပြည်က ၀န်ကြီးချုပ်ကလည်း ကောင်းလိုက်တဲ့ အစီအစဉ် ဒါမျိုးလုပ်ပြီး ရုပ်ရှင် ရိုက်ခိုင်းရင် ကောင်းမယ်တဲ့ဗျာ..။

ဒီတခါအလှည့် ကျတာကတော့ အင်ဒိုးနီးရှားနိုင်ငံ အလှည့်ပါ ခင်ဗျား။ နာမည်ကြီး ဟာသလူရွှင်တော် တက်လာပြီး ..

"ဒီလို စကားလက်ဆောင် ပါးလိုက်ပါတယ် ခင်ဗျား..။ အာဏာရှင် ဆူဟာတို ထောင်နန်းစံရပြီလို့ လာမဲ့ သက္ကရာဇ် (၂၁၀၀) တွင် အင်ဒိုနီးရှား ရုပ်မြင်သံကြားကနေ ကြေညာပေးပါ့မယ် ခင်ဗျား ..။ ကျေးဇူးတင်ပါတယ် ခင်ဗျား..။ "

မြန်မာဝန်ကြီးချုပ်ကလည်း သဘောကျပြီး ..၊ ဒို့လည်း မြန်မာ့အသံကို ဒီလို ကြော်ငြာခိုင်းမယ်ဟေ့ .. ။

နောက်တဖန် အလှည့်ကျတာ ကတော့ ထိုင်းနိုင်ငံက နာမည်ကြီးလူရွှင်တော် အလှည့်ဖြစ်ပါတယ် ခင်ဗျား...။

လူရွှင်တော် တက်လာပြီး လူကြီးမင်းများ ခင်ဗျာ..၊ ကျနော်တို့ နိုင်ငံမှာ အာဏာသိမ်းတာဟာ စစ်တပ်က သိမ်းတာ မဟုတ်ပါဘူး ခင်ဗျ..။ ၀န်ကြီးချုပ်သက်ဆင် လန်ဒန်ကပြန်ပြီး ဘောလုံးပွဲသွင်းရင် အဆင်ပြေအောင် ကွင်းလုံခြုံရေး ယူပေးတာပါ ခင်ဗျာ ..၊ ကျေးဇူးတင်ပါတယ် ခင်ဗျား... ။ "

မြန်မာပြည်က ၀န်ကြီးချုပ်ကလည်း သဘောကျပြီး .. " အင်း .. ဟုတ်သားပဲ ဒို့လည်း ပြည်သူတွေ ဘောကန်လို့ရအောင် ကွင်းကို လုံခြုံရေးများများ ယူပေးရမယ်..။ "

"ဒီတခါတော့ ဘရူနိုင်းနိုင်ငံက နာမည်ကြီး လူရွှင်တော် တက်လာပြီး ..

"ကျနော်တို့ နိုင်ငံ ထွက်သမျှရေနံ နောင်ကုန်သွားရင် ဒုက္ခမရောက်ရအောင် .. ဘုရင်မင်းမြတ်က ပြည်သူတွေကို အခုကတည်းက ဘဲဥများများ စားခိုင်းနေပါတယ် ခင်ဗျား..။ ရေပုံးထဲကို အီးပန်းထည့်ပြီး ရေနံလုပ်တဲ့ နည်းကို အခု စမ်းသပ်တာ အောင်မြင်နေပါပြီ ခင်ဗျာ.."

မြန်မာဝန်ကြီးချုပ်ကလည်း .. " ဟ..၊ ကောင်းလိုက်တဲ့နည်းကွာ ဘဲဥ အထွက်တိုးရေး .. ဒို့အရေးဟေ့.. "

နောက်ထပ် အလှည့်ကျတဲ့ လူရွှင်တော်ကတော့ လာအိုနိုင်ငံက နာမည်ကြီး လူရွှင်တော်ပါ။

"မင်္ဂလာပါ လူကြီးမင်းတို့ ခင်ဗျာ..၊ ကျနော်တို့နိုင်ငံမှာ ဆင်ဖြူတော်တွေ အရမ်းပေါပါတယ် ခင်ဗျ။ ဒါပေမဲ့ တိုင်းပြည်က မချမ်းသာပါဘူး ခင်ဗျာ။ အခု ရွှေတြိဂံဒေသကို ဆင်စောင့်ထိမ်းရေး အထူးတပ်ဖွဲ့တွေ စေလွှတ်ထားပါတယ် ခင်ဗျား..။ ဘာကြောင့်လဲဆိုတော့ ဆင်ဖြူတော်တွေ မင်းဓမ္မကုန်းကို ချောဆွဲခံရမှာ စိုးလို့ပါခင်ဗျား... ကျေးဇူးတင်ပါတယ်.. "

မြန်မာဝန်ကြီးချုပ်က ဘောကျပြီး " .. သြော်.. သူတို့မှာလည်း မင်းဓမ္မကုန်းဆိုတာ ရှိတာကိုး..၊ ငါသွားလည်ဦးမယ် .. "

ဟော.. ဒီတခါ အလှည့်ကျတာကတော့ ကမ္ဘောဒီးယားနိုင်ငံက ဖြစ်ပါတယ် ခင်ဗျား ..။
လူရွှင်တော်ကြီးက ခန့်ငြားစွာနဲ့ တက်လာပြီး..

"ခမာနီ လူသတ်ခေါင်းဆောင် ပိုပေါ့ရဲ့ ၀ိညဉ် အချုပ်ခန်းကို ဖောက်ပြေးသွားရာ အခုမြန်မာပြည် နေပြည်တော် စစ်ရုံးချုပ် အစည်းအဝေး ခန်းမဆောင်ကို ရောက်နေတယ်လို့ ခိုင်လုံတဲ့ နတ်သတင်းဌာနကနေ သတင်းရရှိပါတယ် ခင်ဗျား..။ ကျေးဇူးတင်ပါတယ် ခင်ဗျာ ..။"

မြန်မာပြည်ဝန်ကြီးချုပ်က .. "သြော် .. ဒင်းကြောင့်ကိုး.. လူဆိုး"

ဟော.. တဖန် အလှည့်ကျတာကတော့ ဗီယက်နမ်နိုင်ငံမှ နာမည်ကြီး လူရွှင်တော်က တက်လာပြီး သကာလ

"အားလုံး လေးစားပါတယ် ခင်ဗျား .... ကျနော်များ ဗီယက်နမ်ခမောက် မြန်မာပြည် အိတ်စပို့ လုပ်မယ့် အစီစဉ် ဖျက်သိမ်းလိုက်ပါတယ် ခင်ဗျာ ..။ အင်စိန်ထောင် အပို့ခံရမှာ စိုးလို့ပါ...။ "

မြန်မာဝန်ကြီးချုပ်က " ဒါလေးများ.. ဇီးကုန်း မှာတောင် ရတာပဲလေ..၊ "

အခုတဖန် အလှည့်ကျတာကတော့ မိတ်ဖက်နိုင်ငံ ဂျပန်က ဖြစ်ပါတယ် ခင်ဗျား နာမည်ကြီး ဂျပန်လူရွှင်တော် တက်လာပြီး ...

"အားလုံးကျန်းမာပါစေ ..၊ အမှန်တော့ ကျနော်တို့ ဂျပန်သတင်းထောက် နာဂါအိဟာ ဂျပန်နိုင်ငံက နာမည်ကြီး နင်ဂျာ ကျောင်းဆင်းပါ။ ပြီးခဲ့တဲ့ စက်တင်ဘာက မြန်မာပြည်မှာ ကိုယ်ပျောက်သင်တန်း သွားတက်တာ အခုမှ အမှန် ကိုယ်ပျောက်သွားကြောင်းပါ ခင်ဗျား ..၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ... ။"

ဒီတခါ ဧည့်သည်တော် တောင်ကိုးရီးယား နိုင်ငံအလှည့် ဖြစ်ပါတယ် ခင်ဗျာ..။ နာမည်ကြီး လူရွှင်တော် တက်လာပြီး ...

ကျနော်တို့ ကိုးရီးယားလူမျိုးတွေဟာ ချဉ်ဖတ်ကို အရမ်းကြိုက်တဲ့အတွက် ဒေ၀ူးကုမ္ပဏီကနေပြီး မြန်မာပြည်နဲ့ ဖက်စပ်ချဉ်ဖတ် ထုတ်လုပ်မှာ ဖြစ်ပါတယ်ခင်ဗျား..။ အဲဒီ ချဉ်ဖတ်ကိုတော့ မြန်မာပြည်က ခေါင်းဆောင်ကြီးများ သဘောတူညီချက်အရ (နအဖ) ချဉ်ဖတ် Made in Myanmar ဆိုပြီး မကြာမှီ ဖြန့်ချီတော့မှာ ဖြစ်ပါတယ်ခင်ဗျာ..၊ ကျေးဇူးတင်ပါတယ် ခင်ဗျား.. "

မြန်မာဝန်ကြီးချုပ် " အတော် စားကောင်းမှာပဲဟေ့ ..၊ ကြိုမှာထားကြ ကြားလား .. "

ဟော .. မိတ်ဆွေကြီး တရုတ် တက်လာပါပြီ..။ နာမည်ကြီးလူရွှင်တော်က ဒီလို ပြောသွားပါတယ် ခင်ဗျာ..။

"၂၀၀၈-ခုနှစ် တရုတ် အိုလံပစ်မှာ မြန်မာသေနတ်ပစ် အဖွဲ့ကို ပယ်လိုက်ပါတယ်။ ညှပ်ဖိနပ်စီး ပစ်လို့ပါခင်ဗျား...။ "

မြန်မာဝန်ကြီးချုပ်..။ ။ " ဘယ်လို ပစ်ပစ်လေ..၊ မှန်ဖို့ အဓိက မဟုတ်လားကွဲ့.. ခက်ပါပေ့တော့..။ "

အခု အလှည့်ကျတာကတော့ ...၊ အိန္ဒိယပါခင်ဗျား...။

"ကျနော်တို့ လူမျိုးတွေနော်.. စကားပြောရင် ခေါင်းလေး ခါ ခါ ပြီးတော့ ပြောတတ်တယ် မှတ်တာ..၊ န-အ-ဖ လည်း ပြောတာပါပဲ ခင်ဗျား..... ။

မြန်မာဝန်ကြီးချုပ် ။ ။ "အဲ .. ဟုတ်သားပဲ..၊ ဘာမေးမေး.. ခေါင်းခါ ပြောရမယ်လို့ မှာလိုက်တာပဲ... ။"

ဒီတခါတော့ ရွှေနိုင်ငံ မြန်မာအလှည့်ပါ ခင်ဗျား..၊

ဘာမှ နာမည်မရှိ၊ အာခပ်ချောင်ချောင် ပြောင်လျှာရှည်ဇာတ်က လျှာရှည်နဲ့ ပြောင်ရှည် အလှည့်ပေါ့ခင်ဗျာ..၊ စင်ပေါ် မတက်ခင်ကတည်းက မြန်မာ ၀န်ကြီးချုပ်ဆိုသူကို ဖင်ဘူးတောင်း ထောင်ပြီး ကန်တော့လိုက်၊ တွေ့သမျှ အရာရှိ သံအမတ်ကြီးတွေကို ကန်တော့လိုက်၊ အာစီယံနိုင်ငံခေါင်းဆောင်တွေကို ကန်တော့လိုက်နဲ့ ပရိသတ်ကြီးကလဲ တအံ့တသြပေါ့ဗျာ ...။

မြန်မာလူမျိုး တယ်ယဉ်ကျေး သိမ်မွေ့တာပဲ ကြည့်စမ်းဘာညာပေါ့..၊ တွတ်တီးတွတ်တာ ပြောနေကြလေရဲ့ ..။ လူရွှင်တော် နှစ်ယောက် ကန်တော့ပြီးမှ စင်ပေါ်ကို လက်အုပ်ကလေး ချီပြီးတက်သွား..။ ဇာတ်စင်ကို ကန်တော့ ..၊ သြော်..ကန်တော့နည်း အတော် စုံသွားတယ်ဗျာ..၊ မိုက်ကရိုဖုန်းကိုလည်း ကန်တော့ လိုက်သေးတယ်..၊ ပြီးမှ..

"အရမ်း.. အရမ်း.. လေးစားရပါသော လူကြီးမင်းများ ခင်ဗျား..၊ ကျနော်တို့ ခေါင်းဆောင်တွေဟာ အရမ်း ယဉ်ကျေးပါတယ်..။ သူတို့ရဲ့ ယဉ်ကျေးမှုကို ကျနော်တို့ လူထုတရပ်လုံးက အသိအမှတ်ပြု၊ ကျေးဇူး တုံ့ပြန်သောအားဖြင့် ဒီနှစ် စက်တင်ဘာ (၂၆) ရက်ကို မြန်မာနိုင်ငံ သွေးလှူရှင်များနေ့ အဖြစ် သတ်မှတ်လိုက်ကြောင်းပါ ခင်ဗျား... "

နိုင်ငံတကာ သမတများ အကုန် ပြန်ကြွသွားလေတော့သတည်း။

အဲဒီမှာ မင်းသားလေးက ပရိသတ်ကြီးကို...
" Hay everyone.. !, I want to sing a song ... yo !!... yo !!.. "

သူက ဘိုမတွေနဲ့ပဲ ပလူးနေကျဆိုတော့ ဗမာသီချင်း မဆိုဘူးဗျ..။ ဘိုသီချင်းပဲ ဆိုတာလေ..၊
ဘယ်ကမှန်း မသိတဲ့ ဘိုမတစ်ယောက်နဲ့ ... ဟောသလို တွဲဆိုပါလေရော .. ဗျာ..။

မင်းသားဖြိုးတေဇ ။ ။ " Woohoo, yeehoo
Woohoo, yeehoo
Woohoo, yeehoo
Woohoo, yeehoo "

ဧည့်သည်တော်ဘိုမ ။ ။ " If I could escape
I would, but first of all let me say
I must apologize for acting, stank and treating you this way
Cause I've been acting like sour milk all on the floor
It's your fault you didn't shut the refrigerator
Maybe that's the reason I've been acting so cold
If I could escape (escape)
And re-create a place that's my own world(own world)
And I could be your favorite girl
Forever, perfectly together
And tell me boy, now wouldn't that be sweet?
(sweet escape)

If I could be sweet (be sweet)
I know I've been a real bad girl(bad girl)
I didn't mean for you to get hurt
What'so-ever, we can make it better
And tell me boy, Now wouldn't that be sweet?
Sweet escape "

မင်းသားဖြိုးတေဇ ။ ။ " Woohoo, yeehoo .... " (ဆိုင်းဆရာပြောင်ရှည်က မင်းသားလေးကို အဲဒါပဲ ဆိုတတ်အောင် .. သင်ပေးထားလားတော့ မသိ)

ဧည့်သည်တော်ဘိုမ ။ ။ "I wanna get away

မင်းသားဖြိုးတေဇ ။ ။ " Woohoo, yeehoo ... "
ဧည့်သည်တော်ဘိုမ ။ ။ " I wanna get away .... I wanna get away ... "
Woohoo, yeehoo
I wanna get away
Woohoo, yeehoo
(I wanna get away, to our sweet escape)

ဧည့်သည်တော်ဘိုမ ။ ။ " I wanna get away
You melt me down
I'm at my lowest boiling point
Come help me out
I need to get me out of this joint
Come on, let's bounce
Counting on you to turn me around
Instead of clowning around let's look for some common ground

So baby, times get a little crazy
I've been getting a little lazy
Waiting for you to come save me
I can see that you're angry

By the way that you treat me
Hopefully you don't leave me
Want to take you with me

If I could escape (escape)
And re-create a place that's my own world(own world)
And I could be your favorite girl
Forever, perfectly together
Tell me boy, now wouldn't that be sweet?
Sweet escape
If I could be sweet (be sweet)
I know I've been a real bad girl (bad girl)
I didn't mean for you to get hurt
What'so ever, we can make it better
Tell me boy, now wouldn't that be sweet?
Sweet escape .... "

တခါတစ်ခါတော့ အဖေ မင်းသားကြီး ကိုတေဇကလည်း တချက်တချက် ၀င်ဖေါက်လိုက်သေးသဗျ...။
မင်းသားကြီးတေဇ ။ ။ " Woohoo, yeehoo
Woohoo, yeehoo
Woohoo, yeehoo
If I could escape
Woohoo, yeehoo ... "

ဧည့်သည်တော်ဘိုမ ။ ။ " If I could escape

Cause I've been acting like sour milk all on the floor
It's your fault you didn't shut the refrigerator
Maybe that's the reason I've been acting so cold

If I could escape (escape)
And re-create a place that's my own world(own world)
And I could be your favorite girl
Forever, perfectly together
Tell me boy, now wouldn't that be sweet?

If I could be sweet (be sweet)
I know I've been a real bad girl (bad girl)
I didn't mean for you to get hurt
What'so ever, we can make it better
Tell me boy, now wouldn't that be sweet?
Sweet escape .... "

မင်းသားဖြိုးတေဇ ။ ။ "Woohoo, yeehoo
Woohoo, yeehoo
Woohoo, yeehoo
Woohoo, yeehoo .... "

အဖေ့ဟာမှန်းမသိ သားဟာမှန်းမသိတော့ပါဘူး ပရိသတ်ကြီးရယ်..။ မင်းသမီးတွေနဲ့ တွဲကနေလိုက်တာ ဘာတွေ ဖြစ်ကုန်ပြီလဲ မသိတော့ဘူးခင်ဗျ..။ အောက်ကဆင်သရေရှိ ပုဂ္ဂိုလ်ကြီးများကလည်း အားကျတယ်ထင်ပ..၊ ဖင်တရွရွပေါ့ဗျာ..။

ပရိတ်သတ်များ စိတ်ဝင်စားရင်တော့ သီချင်းအလိုက်ကလေး ဒီမှာ ရယူနိုင်ပါတယ်ခင်ဗျာ။ ။

ကိုပြောင်ရှည်ရေးသားတင်ဆက်သည်။