www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > ရသဘဏ်တိုက် > ရုပ်ရှင် > ခေတ်လမ်းပေါ်က ဆက်သွယ်ရေးစနစ်

ခေတ်လမ်းပေါ်က ဆက်သွယ်ရေးစနစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရုပ်ရှင်ကောင်းကိုမှ နှစ်သက်သူတို့အဖို့ ဒီကနေ့မှာ အဘယ်သို့သော ဇာတ်ကားကောင်းများ ပရိသတ်မြင်ကွင်းပေါ် ရောက်နေပြီလဲဆိုတာ သိလိုတတ်ကြစမြဲပါ။ ဒီနေ့ခေတ် ဒီနေ့ကာလမှာ ရုပ်ရှင်နဲ့ ဗီဒီယိုတွေဟာ လူ့အသိုင်းအဝိုင်းမှာ အရေးကြီးတဲ့ ဆက်သွယ်ရေး နည်းစနစ်တခု ဖြစ်လာတဲ့အပြင် လူတို့ရဲ့ ပင်ပန်းနွမ်းနယ်နေမှု၊ စိတ်ဖိစီးနေမှုတွေကိုလည်း ဖြေဖျောက်ပေးနိုင်စွမ်း ရှိပါတယ်။

ဒီကနေ့ ခေတ်ကာလမှတော့ ဒီရုပ်ရှင်ဇာတ်ကားတွေဟာ လူ့အဝန်းအဝိုင်းကြားမှာ အရေးပါ အရာရောက်တဲ့ နေရာတခုကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနိုင်နေပါပြီ။

ရုပ်ရှင်ဇာတ်လမ်းကောင်းတွေ ကြိုက်နှစ်သက်တတ်သူတွေအဖို့ ယနေ့ ကမ္ဘာ့မြို့ကြီးတွေမှာ ပြသနေဆဲနဲ့ ပြသလာမယ့် ဇာတ်ကားတွေထဲ ကောင်းမွန်နိုင်မယ်လို့ မျှော်လင့်ရတဲ့ ဇာတ်ကား ၂ ကားကို ညွှန်းဆိုချင်ပါတယ်။

The Killer Inside me

44


ဇာတ်ကားအမည် The Killer inside me (2010)
ဒါရိုက်တာ Michael Winterbottom
စာရေးဆရာ John Curran (Screenplay)
Jim Thompson (Novel)
အဓိကဇာတ်ဆောင် Casey Affleck, Kate Hudson, Jessica Alba
တရားဝင် ထုတ်ပြန်သည့်ရက်စွဲ 8 June 2010 (UK)
အမျိုးအစား crime, Drama, Thriller



၁၉ ရာစု အနောက်နိုင်ငံတွေရဲ့ လူနေမှုဓလေ့စရိုက်တွေပေါ်မှာ အခြေခံထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ တက္ကဆပ်အနောက်ပိုင်းရှိ မြို့ငယ်ကလေးက နယ်မြေအေးချမ်းသာယာရေးအဖွဲ့မှ စမတ်ကျကျ လက်ထောက်အရာရှိလေးတယောက်နဲ့ အချောအလှ ပြည့်တန်ဆာ မိန်းကလေးတယောက်။ သူတို့ကြားက လူမှုဆက်ဆံရေးတွေနဲ့ ရင်တဖိုဖို ခြောက်ခြားဖွယ်ရာ စိတ္တဇ လူသတ်သမားတို့ရဲ့ စိတ်လှုပ်ရှားဖွယ်၊ ဇာတ်ကွက်တွေနဲ့ တင်ဆက်ပြသထားတဲ့ ဇာတ်ကား တကားဖြစ်ပါတယ်။
အဓိကဇာတ်ဆောင်ဖြစ်သူ လော့ဒ်ဖို့က …
တချို့ကို အချစ်အတွက်
တချို့ကို ငွေအတွက်
တချို့ကိုကျတော့လည်း အကြောင်းရင်းခံမရှိ။

The Killer inside me ကို အမေရိကန်စာရေးဆရာ Jim Thompson က ၁၉၅၂ ခုနှစ်မှာ ရေးသားခဲ့တဲ့ ဝတ္တုတပုဒ်ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ အမေရိကန် ဒါရိုက်တာတဦးဖြစ်တဲ့ Burt Kennedy က ရုပ်ရှင်အဖြစ် အမေရိကန်သရုပ်ဆောင်၊ ဇာတ်ကြောင်းပြောသူတဦးဖြစ်တဲ့ Stacy Keach တို့နဲ့ အသက်သွင်းခဲ့ပြီး၊ အခု ၂ဝ၁ဝ ခုနှစ်မှာ အမေရိကန် ဖလင်ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးသူ John Curran က ဇာတ်ညွှန်း ပြန်လည်ရေးဆွဲခဲ့ပြီး၊ ဒါရိုက်တာ Michale Winterbottom က သရုပ်ဆောင် Casey Affleck၊ Jessica Alba၊ Kate Hudson တို့နဲ့ ပြန်လည်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

လော့ဒ်ဖို့အဖြစ် သရုပ်ဆောင်တဲ့ ၁၉၇၅ ခုနှစ်ဖွား အမေရိကန် သရုပ်ဆောင် Casey Affleck အနေနဲ့ Gone Baby Gone နဲ့ The Assassination of the Jesse James by the Coward Robert Ford တို့မှာ ပရိသတ်တို့ရဲ့ အသိအမှတ်ပြုမှုကို ခံခဲ့ရပါတယ်။ အကောင်းဆုံး ဇာတ်ပို့ဆုကိုလည်း လျာထားခံခဲ့ရသူပါ။ The Killer inside me မှာ Casey က serial Killer တဦးအဖြစ် ပီပြင်ကျနတဲ့ ဇာတ်ရုပ်ကို ပရိသတ်ကြား ကျန်ရစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဇာတ်ရုပ်နဲ့ အံဝင်လှတဲ့ သူ့အသံဟာလည်း စွဲဆောင်မှုတခုလို့ ဆိုနိုင်ပါတယ်။

Jessica Marie Alba လို့ ဆိုလိုက်တာနဲ့ မြန်မာပရိသတ်နဲ့ မစိမ်းလှတဲ့ Fantastic Four ဇာတ်ကားထဲက သွယ်လျလျ မင်းသမီးလေးကို မြင်ယောင်မိကြမှာပါ။ ပြည့်တန်ဆာတဦးအဖြစ် သရုပ်ဆောင်တဲ့ ၁၉၈၁ ခုနှစ်ဖွား အမေရိကန်မင်းသမီးဟာ ဘွဲ့ထူးဂုဏ်ထူးတွေ များလှတဲ့အပြင် ပုရိသတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူလို့တောင် ဆိုကြပါတယ်။ 

လော့ဒ်ဖို့ရဲ့ ချစ်သူ၊ မြို့ငယ်လေးရဲ့ အလှအပ ပဂေးအဖြစ် သရုပ်ဆောင်ရတဲ့ အမေရိကန် မင်းသမီးချောလေး Kate Hudson ဟာ သူသရုပ်ဆောင်ရတဲ့ Amy Stanton နေရာနဲ့ ပြည့်စုံမှု ရှိလှပါတယ်။ Steph anine Necrophuros အမည်နဲ့ Nine မှာ တွင်ကျယ်လှသလို လာမယ့် Earthbound မှာလည်း Marley Corbett အဖြစ် ရှုစားကြရဦးမှာ ဖြစ်ပါတယ်။

The Killer inside me ဟာ Crime, Thriller ဇာတ်ကားအမျိုးအစားတခုဖြစ်ပြီး Berlin International Film Festival က Goden Berlin Bear ဆုအတွက် အဆိုပြုထားခံရတဲ့ ဇာတ်ကားတခုလည်း ဖြစ်ပါတယ်။

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 43 guests online