ပရိသတ် အကြိုက်တွေ့ခဲ့တဲ့ ၀ိညာဉ်ကားများ

ပရင့်ထုတ်ရန်

တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေအမြောက်အမြားထဲမှာ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ဇာတ်ကားတွေရှိသလို နာမည်မကြီးခဲ့တဲ့ ဇာတ်လမ်းတွေလည်း အများအပြားပါ။ ခေတ်သစ်သိပ္ပံပညာနဲ့ ဆန်းစစ်ရှာဖွေလို့မရတဲ့ ၀ိညာဉ်လောက၊ ပရလောကဆိုတာ တကယ်ရှိတယ်ဆိုတာ ရုပ်ရှင်ဒါရိုက်တာတွေက ရုပ်ရှင်တွေအဖြစ် ကူးပြောင်းဖော်ပြခဲ့ကြပါတယ်။

ဒီနှစ်ပိုင်းမှာ ဒါရိုက်တာ ဂျိမ်းစ်ဝန်ရဲ့ "The Conjuring" ရုပ်ရှင်ကားဟာ ကျော်ကြားလာခဲ့သလို ဒီဇာတ်ကားလိုပဲ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားငါးကားကို Yahoo Entertainment က ရွေးချယ်ဖော်ပြခဲ့ပါတယ်။ အဲဒါတွေ
ကတော့- (1) The Amityville Horror (2005), (2) The Exorcism of Emily Rose (2005), (3) The Haunting in Connecticut (2009), (4) The Entity (1982), (5) The Exorcist (1973) ဖြစ်ကြပြီး အဲဒီထဲကအချို့ကို ပြန်လည်
ခံစားနိုင်ဖို့ တင်ပြထားပါတယ်။

(1) The Amityville Horror (2005)

ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို အခြေတည်ရိုက်ကူးထားပြီး အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ "The Amityville Horror" ရုပ်ရှင်ဟာ ဂျော့ခ်ျနဲ့ ကေသီလုဇ်တို့ စုံတွဲရဲ့ အမှန်တကယ်ဘ၀အကြောင်း ရေးသားထားတဲ့ စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ဂျော့ခ်ျနဲ့ ကေသီတို့ဟာ လောင်းအိုင်လန်မှာရှိတဲ့ အိမ်ကြီးတစ်အိမ်ဆီ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ဒီအိမ်ရဲ့ အိမ်ရှင်အမျိုးသားဟာ ၁၉၇၄ ခုနှစ်မှာ သူ့ရဲ့အိမ်သား
ခြောက်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီး ရှိပါတယ်။ အမှန်တကယ်မှာတော့ ဒီအိမ်ကြီးမှာ သူရဲခြောက်
တဲ့အဖြစ်ဟာ လုဇ်တို့လင်မယား ပြောင်းရွှေ့ လာပြီးမှ စတင်တာဖြစ်ပါတယ်။ နေ့ခင်းဘက်မှာဆိုရင် သူတို့ဟာ အိမ်ကြီး
ထဲမှာ ခန္ဓာကိုယ်ကို ခုတ်ထစ်ပိုင်းဖြတ်သံတွေကြားနေရပြီး အိမ်ပတ်ဝန်းကျင်မှာလည်း အေးစက်မှုန်မှိုင်းနေတဲ့ အစက်
ပျောက်လေးတွေ ရှိနေတတ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ အိမ်ကြီးထဲမှာ နတ်မိစ္ဆာတွေရဲ့အရိပ်တွေနဲ့ နံရံတွေမှာလည်း
သွေးစွန်းနေတဲ့ ကြောက်မက်ဖွယ်ရာအရည်တွေ ပြည့်နှက်နေတာတွေ့ခဲ့ကြရပါတယ်။ ဒါကြောင့် လုဇ်တို့ လင်မယားဟာ အက်ဒ်နဲ့လော်ရိန်းဝါရင်ဆိုတဲ့ ပုဂ်္ဂိုလ်နှစ်ယောက်ကို အိမ်ကြီးကို လေ့လာဆန်းစစ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီအခါမှာ
တော့ ၀ါရင်က အိမ်ကြီးမှာ ခြောက်လှန့်နေတာတွေဟာ တစ်စုံတစ်ယောက်က ပြုလုပ်နေတာ မဟုတ်ကြောင်း
ပြောဆိုခဲ့ပြီးနောက်ပိုင်းမှာ အိမ်ကြီးဟာ ပိုမိုကြောက်လန့်စရာကောင်းလာခဲ့ပြီး နတ်မိစ္ဆာတွေ အထင်အရှားရှိနေတယ်လို့ ယုံကြည်လာခဲ့ကြတာကြောင့် လုဇ်တို့လင်မယားဟာ အိမ်ကြီးမှာ ၂၈ ရက်အကြာမှာတော့ ပြန်လည်ပြောင်းရွှေ့သွား
ခဲ့ကြပါတယ်။

(2) The Exorcism of Emily Rose (2005)

အမှန်အတိုင်းဆိုရရင် "The Exorcism of Emily Rose" ရုပ်ရှင်ဇာတ်ကားဟာ လှပတဲ့ ထိတ်လန့်စရာ ရုပ်ရှင်တစ်ခုလို့ပဲ ဆိုရမှာပါ။ အန်နီလိစ်မီချယ်လ်လို့ ခေါ်တဲ့ အသက် ၁၆ နှစ် အရွယ် ဂျာမန်မလေးတစ်ယောက်အကြောင်း ရိုက်ကူးထား
တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ၁၉၈၆ ခုနှစ်မှာ စိတ်ကူးဆန်းပြားတဲ့ ဒီမိန်းကလေးငယ်ဟာ နတ်မိစ္ဆာတွေ ပိုင်ဆိုင်ထားတဲ့ ပုံသဏ္ဌာန်တွေ စတင်ပြသလာပါတယ်။ နှစ်တွေကြာလာတဲ့အခါမှာတော့ ဒီမိန်းကလေးငယ်က သူမဟာ စီရင်ချက်ချခံ
ထားရပြီး ငရဲမှာပုပ်သိုး ဆွေးမြေ့သွားမယ်လို့ သူမဆီလာပြောခံနေရတယ်ဆိုတာ အခိုင်အမာဆိုလာခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်ရောက်တဲ့အခါမှာ သူမဟာ အစာငတ်ခံ၊ အအေးခံပြီး သေကြောင်းကြံစည်လာသလို သူမကိုယ်သူမ ဆဲရေးတိုင်း
တွာလာတာကြောင့် မိဘနှစ်ပါးဟာ ကြံရာမရဖြစ်လာပြီး နတ်ဆိုးတွေရဲ့ ဖမ်းစားမှုခံထားရတယ်ဆိုတာ ယုံကြည်လာခဲ့
ကြပါတယ်။ ဒါကြောင့် မိဘတွေဟာ ဘုန်းတော်ကြီးနှစ်ပါးကို ပင့်ဖိတ်ပြီး သူတို့သမီးလေးကို ကယ်တင်နိုင်ဖို့ ဆယ်လ
ကျော်ကြာ ဂါထာ၊ မန္တရားတွေရွတ်ဆိုကာ ကြိုးစားခဲ့ကြပါတယ်။ အဲဒီအချိန်တွေအတွင်းမှာ မိန်းကလေးငယ်ဟာ အလွန်အကျွံစားသောက်နေခဲ့ပြီး ၁၉၇၆ ဇူလိုင်လအရောက်မှာ သေဆုံးသွားခဲ့ပါတယ်။ ဘုန်းတော်ကြီး နှစ်ပါးနဲ့ သူမရဲ့
မိဘတွေဟာ သူမသေဆုံးမှုအတွက် အပြစ်ရှိတဲ့တရားခံတွေအဖြစ် စွပ်စွဲခံရပြီးနောက်ဆုံးမှာ ထောင်ဒဏ်ခြောက်လစီ
ပြစ်ဒဏ်ချမှတ်ခံကြရပါတယ်။

(3) The Haunting in Connecticut (2009)

၁၉၈၆ ခုနှစ်မှာ ကာမန်စနက်ဒီကာနဲ့ သူမရဲ့ယောက်ျားတို့ဟာ သူတို့ရဲ့ ၁၄ နှစ်အရွယ် ကင်ဆာရောဂါ ခံစားနေရတဲ့ သားငယ်လေးကို ကုသဖို့ အထူးကုနဲ့နီးကပ်တဲ့ ကော်နက်တီကပ်ပြည်နယ်ကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ သူတို့
နောက်ပိုင်းကျမှ သိရှိခဲ့ရတာက သူတို့ပြောင်းရွှေ့လာတဲ့အိမ်ဟာ အသုဘကိစ္စတွေအတွက် အသုံးပြုတဲ့ အိမ်တစ်အိမ်
ဖြစ်နေခဲ့ပြီး သားဖြစ်သူ ပေါလ်ဟာ သိပ်မကြာခင်မှာဘဲ နတ်ဆိုးတွေရဲ့ဖမ်းစားမှုခံခဲ့ရကာ ၀ိညာဉ်တွေကို မြင်တွေ့လာရ
ပါတော့တယ်။

စနက်ဒီကာလင်မယားဟာလည်း ခန္ဓာကိုယ်ကို ဖြတ်ပိုင်းတဲ့ အသံတွေ၊ အရိပ်မည်းကြီးတွေကို မြင်တွေ့လာခဲ့ရပြီး ကာမန်က မိစ္ဆာတစ် ကောင်ဟာဆိုရင် အလွန်ပိန်ပါးပြီး ကြီးမားရှည်လျားတဲ့ အရိုးတွေနဲ့ ဆံပင်ရှည်ရှည်၊ မျက်လုံးမဲမဲ
တွေနဲ့ ထိတ်လန့်စရာကောင်းလှကြောင်း ပုံဖော်ပြောဆိုခဲ့ပါတယ်။ ပေါလ်ဟာ နတ်ဆိုးတွေရဲ့ ဖမ်းစားမှုကို လုံးလုံး
လျားလျားခံရပြီးနောက်မှာ မိသားစုဝင်တွေကို တိုက်ခိုက်ရန်ပြုလာပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း အက်ဒ်နဲ့ လော်ရိန်း ၀ါရင်တို့ကိုပဲ အိမ်မှာဖြစ်ပျက်နေတာတွေကို ဖြေရှင်းဖို့ဖိတ်ခေါ်ခဲ့ပြီး သူတို့နှစ်ယောက် ဟာဂါထာမန္တရားတွေရွတ်ဖတ်ပြီး အိမ်မှာအန္တရာယ် တွေကင်းရှင်းအောင် လုပ်ဆောင်ကြပါတယ်။ ဒါပေမဲ့ ၀ါရင်ကတော့ ဒီအိမ်မှာရှိတဲ့ နတ်ဆိုး မိစ္ဆာတွေ
ဟာ အရမ်းကြောက်စရာကောင်းတယ်လို့ ဆိုခဲ့ပါတယ်။