www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > ကမ္ဘာ့ဖလား ၂၀၁၀ > စပိန်တိုက်စစ်မှူး ဒေးဗစ်ဗီလာ ဘာကြောင့်ကျော်ကြား၊ လူကြိုက်များလဲ

စပိန်တိုက်စစ်မှူး ဒေးဗစ်ဗီလာ ဘာကြောင့်ကျော်ကြား၊ လူကြိုက်များလဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

တောင်အာဖရိကနိုင်ငံ ထိပ်တန်းကလပ်အသင်း တသင်းဖြစ်တဲ့ ဆန်းဒေါင်း Sundown ရဲ့ နည်းပညာဆိုင်ရာ အကြံပေး တက်ဒ် ဒူမစ်တ်ထရူ Ted Dumitru က ဒေးဗစ်ဗီလာ David Villa ဘာ့ကြောင့် ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်နေရတာလဲ ?  ဘာ့ကြောင့် အများနဲ့မတူ သီးသန့်အစွမ်းတွေ ထက်နေရတာလဲ ? ဆိုတာတွေကို Cell C and Nike ပူးပေါင်းအစီအစဉ်မှာ အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။

ဘာတွေကြောင့် သူကစားတာတွေ ကောင်းနေရတာလဲ ?

သူဟာ စွယ်စုံ ဘောလုံးသမားပါ။ ဘယ်နေရာမဆို ကစားနိုင်တဲ့ သူပါ။ ကစားကွင်းရဲ့ ဘယ်ဘက်ခြမ်းကဖြစ်ဖြစ်၊ ညာဘက်ခြမ်းကဖြစ်ဖြစ် ကစားနိုင်တဲ့သူ ဖြစ်ပါတယ်။ အဲဒီလို ဘက်စုံကစားနိုင်တာကြောင့် တိုက်စစ်ကစားတဲ့အခါ အံဝင်ဂွင်ကျဖြစ်တဲ့သူတဦး ဖြစ်ပါတယ်။ ကျနော် ပြောချင်တာက သူ့ရဲ့ စွမ်းအားတွေက လျှပ်တပြက် လျင်မြန်မှု၊ လှည့်စားမှုပါတဲ့ လှုပ်ရှားမှု၊ လိုအပ်တဲ့အခါ လျင်မြန်စွာ ပြေးနိုင်စွမ်းတို့ ဖြစ်ပါတယ်။ သူ့ကို တားဆီးဖို့ အလွန်ခက်ခဲတာမို့ မရအရ တားဆီးဖို့ ကြိုးစားရင်တော့ အ၀ါကဒ်တွေ၊ အနီကဒ်တွေနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ပေါ်တူဂီနဲ့ ကစားတဲ့ပွဲမှာလို လူကျနေလျက်နဲ့ ပေါင်အောက်ရောက်နေတဲ့ ဘောလုံးကို ရအောင် အနီးကပ် ကန်နိုင်ခဲ့တာမျိုးလို ဂိုးဧရိယာထဲမှာ သူ့ရဲ့ လှုပ်ရှားမှုတွေဟာ အံ့မခန်းပါပဲ။ ဘာစီလိုနားအသင်းကတော့ ကြေးကြီးပေးပြီး သူ့ကို ထိန်းထားရလိမ့်မယ်။ နောက်တချက် ပြောချင်တာက သူဟာ ပျော်ရွှင်ကြည်လင်ပြီး တက်ကြွတဲ့ ကစားသမားတယောက် ဖြစ်နေတာက သူ့ရဲ့ ကစားချက်တွေကို အထူးအထောက်အပံ့ ဖြစ်စေတာပါပဲ။

သူများနဲ့ မတူတဲ့ သူ့ရဲ့ ထူးခြားချက်တွေက ဘာတွေလဲ ?

အခု ကျနော် ပြောခဲ့သလိုပါပဲ၊ သူဟာ လျင်မြန်ဖြတ်လတ်ပြီး ဂိုးဧရိယာအတွင်းမှာ လျှပ်စစ်ပြက်သလို လျင်မြန်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်တတ်သူပါ။ တဖက်အသင်း နောက်တန်းလူတွေဟာ သူ ဘာလုပ်တော့မယ်ဆိုတာ သိရခက်တာမို့ သူ့ကို တားဆီးရတာ မလွယ်လှပါဘူး။ အဲဒါဟာ သူ့ရဲ့ အဓိက အချက်ဖြစ်ပြီး အဲဒါကြောင့်လည်း အခုအချိန်အထိ ဂိုးအများဆုံး သွင်းထားသူတဦး ဖြစ်နေရတာပေါ့။ သူ့ရဲ့ ဒီအရည်အချင်းကြောင့် ဘာစီလိုနာမှာ ကစားတဲ့အခါ အသင်းတိုင်းလိုလိုက ဂိုးဧရိယာအတွင်းမှာ ပိတ်ဆို့ကာကွယ်တတ်ကြတဲ့ သဘောကို နားလည်ထားပြီး ကန်ကွင်းကန်ကွက်တွေကို ကြည့်တတ်၊ အသုံးချတတ်တာပဲ ဖြစ်ပါတယ်။ ကျနော် ပြောချင်တာက စပိန်အသင်းမှာ ကစားနေတဲ့ လက်ဝဲတိုက်စစ်မှူး နေရာဟာ သူ့ရဲ့ အကောင်းဆုံး အနေအထားမဟုတ်ဘဲ ဂိုးဧရိယာအတွင်းမှာ ရောက်အောင် ၀င်ပြီး အလှည့်အပတ် လျင်မြန်မှုနဲ့ ကန်ချက်သွက်လက်မှုတွေက တဖက်အသင်းကို အကြီးအကျယ် ဒုက္ခပေးမှာ ဖြစ်ပါတယ်။

ဘာကြောင့် ဂိုးဧရိယာထဲမှာ အန္တရာယ်အပေးနိုင်ဆုံး တိုက်စစ်မှူး ဖြစ်နေရတာလဲ ?

အဲဒီဟာကတော့ အကြောင်းတွေ အများကြီးကြောင့်ပါ။ ဒါပေမဲ့ ကြုံလာတဲ့ အခြေအနေကို အကောင်းဆုံး အသုံးချနိုင်တာက သူ့ရဲ့ ထူးခြားချက်ကြီး တခုပါပဲ။ သူဟာ သူ့အသင်း ကြားထဲမှာရော၊ အသင်းအုပ်စုထဲက ရုတ်တရက် ထွက်ပြီးတော့ရော လှုပ်ရှားနိုင်ပြီး အကွက်ကောင်းတွေကို ဖန်တီးနိုင်တဲ့ သူတဦးပါ။ ကျနော် ပြောချင်တာက ဗီလာလို လူစားမျိုးကို  နမူနာရုပ်ပြတဦးအဖြစ် အတုယူပြီး ကျနော်တို့ တောင်အာဖရိကအသင်းကို တက်သစ်စ လူငယ်တွေနဲ့ လေ့ကျင့်ပျိုးထောင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုခေတ် လူငယ်တွေဟာ လျင်မြန်ဖြတ်လတ်ပြီး အကောင်းဆုံး ခေတ်မီနည်းစနစ်တွေနဲ့ ရင်းနှီးနေကြပြီး ဖြစ်နေကြလို့ပါပဲ။

တဖက်အသင်း နောက်တန်းလူတွေက ဘယ်လိုအကောင်းဆုံးနည်းနဲ့ သူ့ကို တားဆီးနိုင်မယ် ထင်လဲ ?

ဟာ … ဟ ! မလွယ်ဘူး။ နောက်တန်းလူတွေဟာ အတော့်ကို လျင်မြန်နိုင်မှ ဖြစ်မှာ။ သူ့အတွက် တစက္ကန့်လောက် အခွင့်အရေးလေး ရသွားနဲ့ ဂိုးပေးလိုက်ရမှာ။ ခွန်အားသုံးပြီးတော့ တားဆီးမှသာ ဖြစ်နိုင်လိမ့်မယ်။ ဒါတောင်မှ သူ့ရဲ့ လျင်မြန်အဟုန်က အားလုံးကို ကျော်ဖြတ်နိုင်သေးတယ်။ ကျနော် သူ့ကို တားဆီးဖို့ကို ကျနော့်အသင်းတွေကို သင်ပေးဖို့ သေသေချာချာ၊ ကျကျနန သူ့ကစားပုံတွေကို ဆန်းစစ်ကြည့်ပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းကို ရှာမတွေ့ခဲ့ပါဘူး။ သူ့ဘောလုံးကို ဘယ်လိုလုပ်ပြီး ဖြတ်ယူနိုင်မလဲဆိုတာကို သတိထားကြည့်ဖို့လောက်ပဲ အကြံပေးနိုင်ပါတယ်။ အင်္ဂလိပ်တွေ ကစားသလို ၅၀ % ဖြစ်နိုင်ခြေနဲ့ စွတ်ရွတ်ပြီး ကန်သွင်းတာမျိုး မလုပ်ဘဲ သေချာတဲ့ အခွင့်အရေးကို စောင့်ပြီး ဂိုးစည်းထဲရောက်အောင် ကြံဆောင်တတ်သူတဦး ဖြစ်ပါတယ်။ အခုခေတ် ဘောလုံးလောကဟာ လှုပ်ရှားမှု ဂွင်တွေ များလှပါတယ်။ ဗီလာလို ကစားသမားတယောက်မျိုးမှသာ ဒီလိုဂွင်တွေနဲ့ လိုက်ဖက်သူတဦး ဖြစ်ပါတယ်။

သူ့ကို ခွန်အားသုံး ရင်ဆိုင်ရမှာလား ?

မဟုတ်ပါဘူး။ ကျနော်ကတော့ မထင်ဘူး။ သူ့မှာ အဲဒါတွေကို ကျော်လွှားနိုင်တဲ့၊ လျင်မြန်ဖြတ်လတ်တဲ့ အရည်အသွေးတွေ ရှိနေတယ်လေ။ အဲဒီလိုလုပ်ရင် တဖက်အသင်းက ပြစ်ဒဏ်တွေ၊ အနီကဒ်တွေနဲ့ ကြုံကြရမှာပါ။ အဲဒီလိုဆိုရင် စပိန်အသင်းအတွက် အခွင့်အရေးတွေ ပိုသာသလို ဖြစ်သွားမှာပေါ့။ သူ့ကို တားဆီးဖို့ကတော့ ခွန်အားတင်မကဘူး၊ ပညာသားပါတဲ့ ခံစစ်တွေလည်း ရှိသင့်ပါတယ်။ ကျနော်သာဆိုရင် အတွေ့အကြုံများတဲ့၊ ဗီလာလို လျင်မြန်ဖြတ်လတ်တဲ့ နောက်တန်းလူတယောက်ယောက်ကို ဗီလာကို စောင့်ကြည့်ဖို့ ရွေးရမှာပါပဲ။ စပိန်နောက်တန်းက ကစားသလိုမျိုး ၂ ယောက်၊ ၃ ယောက်လောက်ကို စုစည်းပြီး ဗီလာကို ထိန်းဖို့ လိုပါလိမ့်မယ်။ တယောက်က သူ့ကို ကပ်ထားရမယ်။ ဒုတိယတယောက်က သူ့နောက်မှာ ကစားကွက်မရှိအောင် နေရမယ်။ နောက်တယောက်က သူ့အတွက် ကန်ဖို့ အနေအထား မဖြစ်အောင် ရှိနေရမယ်။

ဗီလာလို တိုက်စစ်မှူးကို စောင့်ကြည့်ဖို့အတွက် တယောက်ယောက်ကို ပြနိုင်မလား ?

အာဂျင်တီးနားရဲ့ လီယိုနယ် မက်ဆီး Lionel Messi ကို တခြားအသင်းတွေ စောင့်ကပ်ထားခဲ့တာတွေ ကြည့်မိကြမှာပေါ့။ အဲဒီလို လုပ်တာ သိပ်တော့ အလုပ်မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသင်းတသင်းမှာ တခြား တိုက်စစ်မှူးကောင်းတွေလည်း ရှိနေသေးတာမို့ပါ။ သူတို့တတွေကို လှုပ်ရှားဖို့ အခွင့်အရေးတွေ ပေးလိုက်သလို ဖြစ်သွားမှာပေါ့။ စပိန်အသင်းမှာလည်း ကောင်းတဲ့ တခြားတိုက်စစ်မှူးတွေလည်း အများအပြားမို့ တယောက်ထဲကိုပဲ မဲပြီး ကပ်ထားလို့ကတော့ တခြားဘက်မှာ စပိန်အသင်းအတွက် အခွင့်အလမ်းတွေ ပေးလိုက်သလို ဖြစ်သွားမှာပါပဲ။

ဗီလာအနေနဲ့ ဘာတွေ ဘယ်လို ဆက်ပြီး ကောင်းနေဦးမှာလဲ ?

ဘာစီလိုနာလို ကမ္ဘာကျော်အသင်းတသင်းမှာ မျှော်လင့်ချက်တွေ အများကြီးနဲ့မို့ သူ ဘာစီလိုနာအသင်းမှာ ပြန်ပြီး ကစားတဲ့အခါမှာတော့ စောင့်ကြည့်ရမှာပေါ့လေ။ ချန်ပီယံလိဒ်လို ပွဲတွေမှာ ကစားပြီး ထင်ရှားတဲ့ တိုက်စစ်မှူး တယောက်အနေနဲ့ အများက အထူးအသိအမှတ်ပြုခံရမယ့် သူတဦး ဖြစ်လာမှာပါ။ အခုအနေအတိုင်းကတော့ သူ့မှာ အားနည်းချက် တစုံတရာကို ကျနော်တော့ မတွေ့မိသေးပါဘူး။ သူ့အနေနဲ့ ကမ္ဘာကျော် ဘာစီလိုနာအသင်းမှာ အကောင်းဆုံးဖြစ်အောင် ကစားပြသွားမယ်လို့ပဲ နောက်ဆုံးအနေနဲ့ ပြောချင်ပါတယ်။

၂၀၁၀ ဖီဖာကမ္ဘာ့ဖလားပွဲမှာ ဂိုးအများဆုံး သွင်းထားသူတွေ စာရင်းမှာ ၃ ဂိုးနဲ့ အထက် သွင်းထားသူတွေကတော့ …

၁ ။ ဒေးဗစ်ဗီလာ (စပိန်)                              ၅ ဂိုး

၂ ။ ၀က်စ်လေ စနိုင်ဒါ (နယ်သာလင်)             ၄ ဂိုး

၃ ။ သောမတ်စ် မူလာ (ဂျာမဏီ)                   ၄ ဂို

၎ ။ မီရရိုစလပ် ကလို့ (ဂျာမဏီ)                    ၄ ဂိုး

၅ ။ ဒီဂို ဖိုလဲန် (ဥရုဂွေး)                              ၄ ဂိုး

၆ ။ ဂွန်ဇာလို ဟီဂွီရဲန် (အာဂျင်တီးနား)            ၄ ဂိုး

၇ ။ ရောဘတ် ဗီတက်ခ် (စလိုဗေးကီးယား)      ၄ ဂိုး

၈ ။ လူဝီ ဆောရက်ဇ် (ဥရုဂွေး)                      ၃ ဂိုး

၉ ။ လူဝီ ဖက်ဘီယာနို (ဘရာဇီး)                   ၃ ဂိုး

၁၀ ။ လင်ဒေါန် ဒိုနိုဗင် (ယူအက်စ်အေ)           ၃ ဂိုး

၁၁ ။ အာဆာမို ဂိုင်ရဲင် (ဂါနာ)                       ၃ ဂိုး

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 45 guests online