www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > ကမ္ဘာ့ဖလား ၂၀၁၀ > အမေ့ခံကြီးကိုပဲ အားပေးချင်မိ

အမေ့ခံကြီးကိုပဲ အားပေးချင်မိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အခုဆို ဘာလိုလိုနဲ့ ၂ဝ၁ဝ ကမ္ဘာ့ဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်လာပါပြီ။

ကွာတားဖိုင်နယ်အဆင့်ကို တောင်အမေရိက အသင်း ၄ သင်းတက်နိုင်ခဲ့ပေမယ့် အခုဆီမီးဖိုင်နယ် အဆင့်မှာတော့ ဥရုဂွေးတသင်းပဲ ကျန်ပါတော့တယ်။

ဒီညမှာလည်း တောင်အမေရိကရဲ့ တသင်းထဲသော ဥရုဂွေးနဲ့ ဥရောပက နယ်သာလန်အသင်းတို့ ဆီမီးဖိုင်နယ် ပထမပွဲအဖြစ် ကစားကြတော့မှာပါ။

ဥရုဂွေး

တောင်အမေရိကရဲ့ ဥရုဂွေးဟာ ၁၉၇ဝ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၄ဝ ကြာမှ အခုလို ဆီမီးဖိုင်နယ်ကို ပြန်ပြီး တက်နိုင်ခဲ့တာပါ။
URU
အစဉ်အလာအရ ကြည့်ရင်တော့ ဥရုဂွေးက ကမ္ဘာ့ဖလား ၂ ကြိမ် ရထားပြီး၊ ဆီမီးဖိုင်နယ်ကို ၃ ကြိမ် တက်ရောက်ထားနိုင်တာမို့ ဥရုဂွေးက သာပါတယ်။

ဒီ ၂ဝ၁ဝ မှာ ဥရုဂွေးကစားခဲ့သမျှ ပြန်ကြည့်ရင်တော့ ကွာတားအထိ (ပင်နယ်တီမပါ) သွင်းဂိုးက ၇ ဂိုး၊ ပေးဂိုးကျ (ပယ်နယ်တီမပါ) ၃ ဂိုး ရှိပါတယ်။ ဂိုးအများဆုံး သွင်းခဲ့တာက တောင်အာဖရိကကို ၃ ဂိုး သွင်းယူခဲ့တာပါ။

ကစားဟန်ကတော့ ခံစစ်ဦးစားပေးပြီး၊ တန်ပြန်တိုက်စစ်တွေကနေ ဂိုးသွင်းယူလေ့ ရှိပါတယ်။ ဒီပွဲမှာ အားထားရတဲ့ တိုက်စစ်မှူး ဆွာရက် ပွဲပယ်ခံထားရတာကြောင့် မပါနိုင်တာက ဥရုဂွေးတိုက်စစ်ကို အားနည်းစေပါတယ်။

ဥရုဂွေးတို့ ၄ - ၃ - ၃ နဲ့ပဲ ပွဲထွက်လာပြီး ခံစစ်ကိုပဲ ဦးစားပေးကစားမှာပါ။ တဖက်က တိုက်စစ်မှူးတွေ အလွန်အကျွံ တိုက်စစ်ဆင်ကစားမှာကို အခွင့်ကောင်းယူပြီး တန်ပြန်တိုက်စစ်တွေကနေ ဂိုးရဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ကစားမှာပါ။

နယ်သာလန်

နယ်သာလန်ကို ကြည့်ရင် ဒီနှစ်ကမ္ဘာ့ဖလား ရေပန်းစားမှုမှာ ဥရုဂွေးထက် သာပါတယ်။ ဘရာဇီးကို အနိုင်ရပြီးနောက်ပိုင်း ဗိုလ်လုပွဲတက်မယ့် အသင်းအဖြစ် ပိုပြီး ရေပန်းစားလာတာ တွေ့ရပါတယ်။
NED
ကွာတားအထိ သွင်းဂိုး ၉ ဂိုး၊ ပေးဂိုး ၄ ဂိုး ရှိပါတယ်။ တခုရှိတာက နယ်သာလန်အသင်း ကစားခဲ့သမျှ ဘယ်အသင်းကိုမှ ဂိုးပြတ်သွင်းပြီး အနိုင်မရခဲ့ပါဘူး။

နယ်သာလန်မှာ ပွဲအဖြေပြောင်းနိုင်တဲ့ ကစားသမားစုဖွဲ့မှု ကောင်းပါတယ်။ ဗန်ပါစီ ခြေမပေါ်သေးပေမယ့် ဆနိုက်ဒါတို့၊ ရော်ဘင်တို့ အစွမ်းအစတွေနဲ့ တဖက်အသင်းကို တိုးတိုက်အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ ၄ - ၂ - ၃ - ၁ နဲ့ ပွဲထွက်လာပါလိမ့်မယ်။ ဘရာဇီးကို အနိုင်ရထားလို့ နယ်သာလန်တို့ တက်ကြွနေပါတယ်။

ဖြစ်နိုင်ခြေ ပွဲအဖြေ

စပိန်နဲ့ ပါရာဂွေးပွဲကို ပြန်မြင်ယောင်မိပါတယ်။ ဂျပန်ကို ကစားခဲ့တဲ့ ပါရာဂွေးခြေနဲ့တော့ စပိန်ကို မလွယ်လောက်ဘူး ထင်ထားကြပေမယ့် စပိန်တို့ အနိုင်တဂိုးရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ကစားခဲ့ရပါတယ်။

အခုလည်း ဥရောပ နယ်သာလန်ပဲ အများစုက ဗိုလ်လုပွဲတက်မယ်လို့ ထင်ကြေးပေးကြပေမယ့် ပွဲချိန်အတွင်း ဖြစ်လာမယ့် အလှည့်အပြောင်းတွေက ပွဲကို အဖြေပေးသွားပါလိမ့်မယ်။

ဥရောပပြင်ပမြေမှာ တောင်အမေရိက တလှည့်၊ ဥရောပတလှည့်ဆိုတဲ့ သီအိုရီကို မေ့ထားလို့လည်း မရပါဘူး။

ဒီအဆင့်ကို တက်လာတဲ့ အသင်းကြီးတွေမို့ ခံကစားမှာလည်း သေချာနေပါတယ်။

မိနစ် ၉ဝ အတွင်း ပွဲအဖြေမပေါ်လို့ အချိန်ပိုတွေရောက်၊ အချိန်ပိုမှာလည်း အဖြေမပေါ်သေးဘူးဆိုရင်တော့ ဥရုဂွေးတောင် ဗိုလ်လုပွဲ တက်သွားနိုင်ပါတယ်။

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 16 guests online