www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > ကမ္ဘာ့ဖလား ၂၀၁၀ > နိုင်ငံတကာပွဲများမှ နိုင်ဂျီးရီးယား ရပ်နားမလား

နိုင်ငံတကာပွဲများမှ နိုင်ဂျီးရီးယား ရပ်နားမလား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(တနင်္ဂနွေနေ့ထုတ် Sunday Times သတင်းစာပါ အပိုအချပ်ရေ Let’s Go 2010 တွင် ဆောင်းပါးရှင် Mark Gleeson နှင့် Bate Felix ရေးသားသော “Goodluck is bad news for Fifa” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)

အကယ်၍ နိုင်ဂျီးယားအစိုးရသည် ဖီဖာအဖွဲ့၏ မေတ္တာရပ်ခံချက်ကို မစဉ်းစားဘဲ လျစ်လျူရှုမည်ဆိုလျှင် တောင်အာဖရိကတွင် ကျင်းပဦးမည့် အာဖရိကနိုင်ငံများ၏ အမျိုးသမီးဘောလုံးပွဲတွင် နိုင်ဂျီးရီးယား အမျိုးသမီး ဘောလုံးအသင်း ပါဝင်နိုင်မှုအပေါ် ထိခိုက်နိုင်စရာအကြောင်း ရှိနေသည်။

နိုင်ဂျီးရီးယားအစိုးရက သူ့ဘောလုံးအသင်းကို အပြည်ပြည်ဆိုင်ရာ ဘောလုံးပွဲများတွင် ပါဝင်ကစားခွင့်ကို ၂ နှစ် ပိတ်ပင်မည်ဟု ကြေညာခဲ့သည်။ ဤသည်မှာ ၂၀၁၀ ဖီဖာ ကမ္ဘာ့ဖလားပွဲမှာ အုပ်စုပွဲအပြီး လှည့်ပြန်ခဲ့ရသောကြောင့်ဟု ဆိုသည်။ ဖီဖာက နိုင်ဂျီးရီးယား အစိုးရကို ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြန်လည်ရုတ်သိမ်းစေလိုကြောင်း မေတ္တာရပ်ခံခဲ့ပြီး၊ တနင်္လာနေ့ နောက်ဆုံးထားကာ အကြောင်းပြန်စေရန် ပြောကြားထားသည်။

ထိုဆုံးဖြတ်ချက်သည် နိုင်ဂျီးရီးယားနိုင်ငံ လူငယ်ဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံးအသင်းတို့ကိုပါ ထိခိုက်စေမည် ဖြစ်သည်။ နိုင်ဂျီးရီးယား သမ္မတ ဂွတ်လတ် ယောနသန် Goodluck Jonathan က ထိုသို့ ကြေညာအပြီး နာရီအနည်းငယ် အတွင်းမှာပင် ဖီဖာအဖွဲ့ကလည်း ဤသို့ ပြုမူပါက နိုင်ဂျီးရီးယားနိုင်ငံ ဘောလုံးအသင်း အားလုံးကို နိုင်ငံတကာ ဘောလုံးပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်နိုင်စရာ အကြောင်းရှိကြောင်း သတိပေးခဲ့ခြင်း ဖြစ်သည်။

“ဖီဖာအဖွဲ့၏ အားကစားခံယူချက်မှာ နိုင်ငံတော်အစိုးရ၏ သြဇာအာဏာမှ လွတ်ကင်းသော အားကစားအဖွဲ့အစည်း ဖြစ်ရေး တနည်းအားဖြင့် လွတ်လပ်သော အားကစား အဖွဲ့အစည်းတခု ဖြစ်ရေး” ဟု ဖီဖာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နစ်ကိုးလပ် မိန်းဂေါ့တ် Nocholas Maingot က ရှင်းပြသည်။ မည်သို့ဆိုစေကာမူ စနေနေ့အထိ အခြေအနေများအရ နိုင်ဂျီးရီးယားနိုင်ငံအနေနှင့် နောက်ဆုတ်မည့် အရိပ်အယောင် မတွေ့ရပါ။

ယူ-၂၀ နှင့် ယူ-၁၇ နိုင်ဂျီးရီးယား အမျိုးသမီးအသင်း ၂ သင်းသည် ကမ္ဘာ့အမျိုးသမီး ဘောလုံးပြိုင်ပွဲများအတွက် ခြေစစ်ပွဲအောင်ပြီးသား အသင်းများ ဖြစ်သည်။ နိုင်ဂျီးရီးယား ထိပ်တန်းကလပ်အသင်း Heartland မှာလည်း မကြာမီ ကျင်းပတော့မည့် African Champions League အုပ်စုပွဲစဉ်များမှာ ပါဝင်ကစားမှာလည်း ဖြစ်သည်။

ဖီဖာ၏ ကန့်သတ်တားမြစ်ချက်များတွင် ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပါဝင်ဆက်သွယ်မှုများကို ဖြတ်တောက်ခံရခြင်း၊ နှစ်စဉ် ထောက်ပံ့ကြေးပေးငွေ ဒေါ်လာ ၂ သိန်းခွဲကိုလည်း ရပ်ဆိုင်းခံရခြင်းတို့ ပါဝင်သည်။ ဘောလုံးသုတေသီများက နိုင်ဂျီးရီးယားသမ္မတ၏ ဆုံးဖြတ်ချက်သည် ကမ္ဘာ့ဖလားပွဲရလဒ်၏ တုံ့ပြန်မှုဖြစ်ကြောင်း ပြောဆိုကြသည်။

“ဒီနည်းဟာ အကောင်းထက် အဆိုးကို ပိုပြီး ဖြစ်စေနိုင်တဲ့ မီးသတ် နည်းတနည်းပဲ ဖြစ်ပါတယ်။ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး တုန်လှုပ်ခြောက်ခြားနေကြတဲ့ နိုင်ငံတော် ဘောလုံးအသင်းကို အခုလို နိုင်ငံတကာ ဘောလုံးပွဲတွေမှာ မပါဖို့ ကန့်သတ်ချုပ်ချယ်တာမျိုး လုပ်စရာ မလိုပါဘူး။ အသေအချာ လေ့လာပြီး ဆက်ကြိုးစားဖို့နဲ့ အမှားတွေ ပြင်နိုင်ဖို့၊ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပိုပြီး လုပ်ဖို့ပဲ ဖြစ်တယ်” ဟု Times of Nigeria သတင်းစာတွင် ပင်တိုင်ဆောင်းပါးရှင် မိုက်ကယ် အက်ဖလောင် Miahael Efflong က ဝေဖန်ရေးသားထားသည်။

နိုင်ဂျီးယားနိုင်ငံ သြဇာအာဏာသက်ရောက်မှုရှိသော KickOffNigeria.com Website တွင် “ဒါဟာ အစိုးရအနေနဲ့ တရားမ၀င် လာဘ်စားမှုတွေကို ရှင်းလင်းသုတ်သင်ချင်တဲ့ သဘောလည်း ပါဝင်ပါတယ်” ဟု သုံးသပ်ထားသည်။

“ဒီကိစ္စမှာ နိုင်ဂျီးရီးယားအစိုးရရဲ့ သဘောထားက ရှင်းရှင်းလင်းလင်းပါ။ ဖီဖာအနေနဲ့ လက်ရှိ နိုင်ဂျီးရီးယား ဘောလုံး အဖွဲ့ချုပ် (Nigeria Football Federation = NFF) ကို ဖျက်သိမ်းတာကို လက်ခံဖို့ သင့်ပါတယ်’’ ဟု ဘောလုံးပွဲ ကြေညာသူ ကောလင်း အူဒို Colin Udoh က ရှင်းလင်းပြောပြသည်။

နိုင်ဂျီးရီးယား သမ္မတကလည်း NFF ၏ ငွေကြေးရန်ပုံငွေ အရပ်ရပ်ကို စာရင်းစစ်ရန် ညွှန်ကြားထားသည်။ “အကယ်၍ ဘဏ္ဍာရေး မကိုက်ညီမှုများ စစ်ဆေးတွေ့ရှိပါက အမှုဆောင်များအားလုံး အရေးယူခံရမည်” ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အင်မို နီဘိုရို (Imo Niboro) က ပြောသည်။

“နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ရဲ့ ပြဿနာက ဖွဲ့စည်းပုံ ပျက်နေတာပါ။ ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာ ပွဲတွေကနေ နားထားပြီး အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြုပြင်တည်ဆောက်ရဦးမှာ” ဟုလည်း အင်မိုက ထပ်လောင်းပြောဆိုသည်။

ဘောလုံးအဖွဲ့ချုပ်ကလည်း “ကမ္ဘာ့ဖလားပွဲက နိုင်ဂျီးရီးယား စောစီးစွာ ထွက်ခဲ့ရသည့်အပေါ် အစိုးရနှင့် ဘောလုံး ၀ါသနာရှင် ပြည်သူများကို တောင်းပန်ခဲ့ပါသည်။ သို့သော် ယခင် အဖွဲ့ချုပ်များနှင့် နှိုင်းယှဉ်ကြည့်ကြစတမ်းဆိုလျှင် ကျွန်ုပ်တို့ အဖွဲ့သည် ဖီဖာကမ္ဘာ့ဖလားပွဲများမှာ အောင်မြင်မှု အများကြီး ရရှိခဲ့သည်” ဟု ပြောသည်။

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 36 guests online