www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၃ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > မြစ်ဆုံ ရေကာတာ > မြစ်ဆုံစီမံကိန်း၊ ဒဂုန်တာရာ လေးနက်စွာ ကန့်ကွက်

မြစ်ဆုံစီမံကိန်း၊ ဒဂုန်တာရာ လေးနက်စွာ ကန့်ကွက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ဧရာဝတီ မြစ်ဖျားခံရာ အရပ်ရှိ မြစ်ဆုံဆည် စီမံကိန်းအား ‘လေးနက်စွာ ကန့်ကွက်ကြောင်း’ အသက် ၉၄ နှစ်ရှိပြီဖြစ်သည့် စာရေးဆရာကြီး ဒဂုန်တာရာက ငြိမ်းချမ်းရေး ပန်ကြားလွှာ အမှတ် ၃ ကို ထုတ်ပြန် လိုက်သည်။

တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် အဆိုပါ ပန်ကြားလွှာတွင် ဧရာဝတီမြစ်ကြီးမှာ လူ့ပယောဂများကြောင့် များစွာ ပျက်စီးနေပြီး မြစ်ဆုံဆည် စီမံကိန်းကြောင့် “မြန်မာ့ရဋ္ဌ မြန်မာ့သဘာဝ မြန်မာ့ဘဝကို ဖျက်ဆီးနိုင်သည် သာမက
မြန်မာနှင့် အာရှဒေသ ငြိမ်းချမ်းရေးကိုပါ ထိခိုက် ပျက်စီးစေနိုင်သည်” ဟု ဖော်ပြပါရှိသည်။

ရှေးဦးမြန်မာများ လက်ထက်ကတည်းက ဧရာဝတီမှာ ပထဝီသဘာဝအရ တည်ရှိနေခဲ့ခြင်း ဖြစ်ပြီး မြန်မာတပြည်
လုံးက ပိုင်ဆိုင်ကြောင်း “ဧရာဝတီမြစ်ဆိုတာ မြန်မာပြည်လို့ ပေါ်တဲ့အချိန်ကစပြီး ရှိတာ။ ရှည်လည်းရှည်တယ်။ သိပ်ကြီးကျယ်တယ်လေ။ တပြည်လုံးနဲ့ ဆိုင်တယ်။ တရုတ်နဲ့ဆိုင်တာ မဟုတ်ဘူး” ဟု ဒဂုန်တာရာက မဇ္ဈိမကို
ပြောသည်။
ddy
ယင်းအပြင် မြစ်ဆုံဆည် အရေးသည် ပြည်တွင်းစစ်အထိ ဦးတည်သွားနိုင်သဖြင့် စီမံကိန်းကို ရပ်ဆိုင်းထားပါရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က တရုတ်သမ္မတ ဟူကျင်းတောင်ထံ မတ်လ ၁၆ ရက်နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာ
ရေးသားပေးပို့ခဲ့ဖူးပြီး အစိုးရနှင့် KIO အကြား တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သြဂုတ်လ ၁၁ ရက်နေ့က ပန်ကြားချက် တစောင် ထုတ်ပြန်ပြီး ဧရာဝတီမြစ်ကြီး တွင် ပြဿနာပေါင်းစုံ ဖြစ်ပေါ်နေကြောင်း “ငြိမ်းချမ်းရေးတရားနှင့် သဟဇာတ ဖြစ်ခြင်းကို မြတ်နိုးသူများ အားလုံး တို့အား အာရှတိုက်၏ အရေးအပါဆုံး မြစ်တခုဖြစ်သည့် ဧရာဝတီကို ခြိမ်းခြောက်နေသည့် အန္တရာယ်များအား ကမ္ဘာတဝှမ်းမှ သိရှိနားလည်ကြစေရန် ကျွန်ုပ်တို့နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြပါရန်” ဟု ဖော်ပြပါရှိသည်။



ထို့ပြင် “သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ အတတ်ပညာ ဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ပြဿနာအားလုံး ကို ကျွန်ုပ်တို့အားလုံး ပူးပေါင်းခြင်းဖြင့် အောင်မြင်စွာ ဖြေရှင်းနိုင်ကြပါမည်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပန်ကြားထားသည်။

ဤမြစ်ဆုံစီမံကိန်းကြီးအား ဆက်လုပ်မည်ဟု ပြောဆိုခဲ့သူ လျှပ်စစ် ၁ ဝန်ကြီး ဦးဇော်မင်းကမူ လွှတ်တော်နှင့် အစိုးရအဖွဲ့၏ မူဝါဒ အဆုံးအဖြတ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့သော “ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်
အပေါ် သက်ရောက်မှု ဆိုင်ရာ” အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောဆိုသွားခဲ့သည်။

သို့သော် ဤစီမံကိန်းအား ဆက်လက် ဆောင်ရွက်ရန် သင့်မသင့်ကို လွှတ်တော်တခုတည်းဖြင့် ဆုံးဖြတ်မည်ဆိုပါက မျှတသည့် ဆုံးဖြတ်ချက် ဖြစ်မည် မဟုတ်ကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ အထွေထွေ အတွင်းတေရးမှူး ဦးလှစောက “လွှတ်တော်တခုတည်းနဲ့ ဆုံးဖြတ်မယ်ဆိုရင် မျှတမယ်လို့ မထင်ဘူး။ လွှတ်တော်မှာ ကြီးစိုးထားတာက ပါတီကြီး ဆိုတော့ အဲဒီပါတီကြီးမှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တဦးချင်း လွတ်လပ်မှု အနေအထားကို  ဘယ်လိုမှ အာမခံနိုင်တဲ့ အနေအထားမရှိဘူး” ဟု မဇ္ဈိမနှင့် တွေ့ဆုံ
မေးမြန်းခန်း တခုတွင် ပြောဆိုထားသည်။

ဧရာဝတီ၏ မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို ‘အပြီးအပိုင် အနိုင်အထက်’ ဆောက်လုပ်နေခြင်းအား ကန့်ကွက်မှုများ အား ဖြေရှင်းရန်မှာ ဝန်ကြီးတဦးတယောက်၏ စကားဖြင့် ဆုံးဖြတ်၍ မရကြောင်းလည်း ဒဂုန်တာရာက ဆိုသည်။

“စတည်တာကလည်း အရေးကြီးတယ်လေ။ ဘယ်သူ စတည်တာလဲ” ဟု ထောက်ပြ ပြောဆိုသွားသည်။

မြစ်ဆုံရေကာတာ စီမံကိန်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နအဖ စစ်အစိုးရလက်ထက် ၂ဝဝ၉ ဒီဇင်ဘာလမှ စ၍ အကောင်အထည် ဖော်လာခြင်း ဖြစ်သည်။ ထွက်ရှိမည့် ရေအားလျှပ်စစ် မီဂါဝပ် ၆,ဝဝဝ မှ ၉ဝ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရရှိမည်ဖြစ်ပြီး အမှတ် ၁ လျှပ်စစ် စွမ်းအင်ဝန်ကြီး ဌာနနှင့် တရုတ် China Power Investment Corporation –CPI တို့ အကျိုးတူ ဆောင်ရွက်နေခြင်း ဖြစ်သည်။


 

မေခ - မလိခ မြစ်

maykamalikas

မြစ်ဆုံ စီမံကိန်း

maykamalika1s
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 21 guests online