www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၃ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > မြစ်ဆုံ ရေကာတာ > မြစ်ဆုံနှင့် စာပေ အနုပညာရပ်ဝန်း

မြစ်ဆုံနှင့် စာပေ အနုပညာရပ်ဝန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

"ကျနော်တို့ရမယ့် အကျိုးအမြတ်နဲ့ အကျိုးအမြတ်မျှော်ပြီး လုပ်သမျှ ကာလပတ်လုံး ဘာတခုမှ မကောင်းဘဲဗျာ။ ပေး ရတာနဲ့ ဘယ်လိုမှ မတန်တဲ့ ကိစ္စတွေ” မြစ်ဆုံဆည်စီမံကိန်းများကြောင့် ဧရာဝတီမြစ် ပျက်စီးမည်သူကို စိုးရိမ်တကြီး
ပြောနေသူမှာ ပြည်တွင်းထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်း အယ်ဒီတာချုပ် ကဗျာ မောင်စိမ်းနီ ဖြစ်သည်။

သူက ဆက်ပြီး “တိုင်းရင်းသားချင်း သွေးစည်းညီညွတ်ရမယ့် စိတ်ဓာတ်တွေ ပြိုကွဲရမယ့် ကိစ္စမျိုးတော့ ဘာလို့ လုပ်တော့မှာလဲ”ဟု ဆိုသည်။

တေးရေးနှင့် တေးဆိုဖြစ်သူ ကိုဆောင်းဦးလှိုင်ကလည်း “ဧရာဝတီမြစ်ရဲ့ မြစ်ဆုံသာ တခုခု အမှားအယွင်း၊ အတိမ်းအစောင်း ရှိမယ်ဆိုရင် တတိုင်းပြည်လုံး ထိခိုက်သွားမှာမျိုးကို ပေါ့ဗျာ။ ဧရာဝတီမြစ်က တိုင်းပြည်ရဲ့ အသက်သွေးကြော ဆိုတော့ အဲဒါမျိုးကို စိုးရိမ်ပူပန်မှု ရှိလို့ အနုပညာသမားတွေပါ ပါဝင်လှုပ်ရှားကြတာ” ဟု ပြောသည်။
myitsone1
ယခင်က အစိုးရ၏ လုပ်ရပ်များအား ဆန့်ကျင်သည့် သဘော သက်ရောက်သည့် အပြုအမူ၊ အပြောအဆိုများ ရှိပါက ရေးသားခွင့်၊ သီဆိုခွင့် ပိတ်ပင်ခြင်းများ ရှိသည့်ကြားမှ ထိခိုက်မှုများမည်ဟု လူပြောများနေသည့် ဧရာဝတီ
မြစ်ဆုံ ကိစ္စနှင့် ပတ်သက်၍ စာပေနှင့် ဂီတနယ်ပယ်သားများ လူသိရှင်ကြား ဝေဖန်လာနေကြသည်။

“တချိန်တုန်းက ပြောဖို့ ဆိုဖို့ လက်တွန့်နေတဲ့သူတွေ အများကြီးပဲလေ။ တွန့် တွန့်နေတဲ့သူတွေ အများကြီး လေ။ လက်တွန့်တာပေါ့လေ။ စိုးရိမ်ထိတ်လန့်မှု ရှိတဲ့သူတွေ အများကြီးပေါ့။ အခုတော့ အခမ်းအနားတွေ လုပ်ရင်လည်း ခါတိုင်းနှစ်တွေထက်တော့ အခမ်းအနားတွေက ပိုပြီးတော့ စည်ကားလာတယ်” ဟု ကိုဆောင်းဦးလှိုင်က ပြောဆို
သည်။

ဧရာဝတီ ရေရှည် တည်တံ့ရေးအတွက် ပါဝင်လှုပ်ရှားလာကြသူများမှာ စာရေးဆရာ ကိုတာ၊ ဆရာအောင်သင်း၊
မောင်စိန်ဝင်း (ပုတီးကုန်း)၊ ချစ်ဦးညို၊ ဂျူး၊ လူထုစိန်ဝင်း၊ မောင်ဝံသ၊ ညီပုလေး၊ ကဗျာဆရာအောင်ပွင့်တို့ အပြင် စာပေနယ်ပယ်မှ ပုဂ္ဂိုလ် အများအပြား ပါဝင်လာသည်။

ယင်းအပြင် ဒါရိုက်တာချိုတူးဇော်၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မင်းထင်ကိုကိုကြီး၊ သရုပ်ဆောင်ရဲတိုက်၊ အဆိုတော် ချစ်သုဝေ၊ တေးရေးမြင့်မိုးအောင်၊ ကိုရဲလွင် စသည့် ရုပ်ရှင်နှင့် ဂီတနယ်ပယ်မှသူများလည်း ပါဝင်လာသည်။ ယင်း
အပြင် ကာတွန်းနှင့် ပန်းချီနယ်ပယ်မှ ကာတွန်းအော်ပီကျယ်၊ ကိုစိုးဝင်းငြိမ်း စသည့်သူများလည်း ပါဝင်သည်။

တရုတ်နိုင်ငံပိုင် စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းက တည်ဆောက်လျက်ရှိသော ကချင်ပြည်နယ်တွင်းရှိ
မေခနှင့် မလိခ မြစ်ဆုံရာအနီး တည်ရှိသည့် မြစ်ဆုံဆည် စီမံကိန်းအပေါ် ကန့်ကွက်မှုများ ရှိနေချိန်တွင် ဧရာဝတီ
နှင့် ပတ်သက်၍ အထူးထုတ် စာအုပ်များ ထုတ်ဝေခြင်း၊ စာပေ ဟောပြောပွဲနှင့် အနုပညာပြပွဲများကို  ဆက်တိုက် ဆိုသလို ပြုလုပ်နေကြခြင်းလည်း ဖြစ်သည်။

“မြန်မာပြည်ရဲ့ မြစ်အစစ်ပါပဲ။ ဒီမြစ်ကြီးရဲ့ မြစ်ဖျားခံရာကိုပဲ ကြည့်ကြည့်၊ ဘယ်ကပဲ ကြည့်ကြည့် ကျနော်တို့ တမျိုးသားလုံး၊ တိုင်းရင်းသား ပေါင်းစုံ အရပ်ကနေ စီးဆင်းလာတဲ့ မြစ်ကြီးဗျ။ အဲဒီရဲ့ ခံစားမှုတွေကို ဘယ်လိုလုပ် ခံစားကြမလဲ။ တိုင်းရင်းသား အရေးအခင်းတွေကော အဲဒီမှာ၊ လူမှုဝန်းကျင် ကိစ္စတွေ၊ သဘာဝ ဝန်းကျင်ကိစ္စ
တွေနဲ့ အကုန်လုံး ကျနော်တို့ ပတ်သက် ဆက်နွှယ်လာတဲ့ ကိစ္စကြီး။ ဧရာဝတီကို ဘယ်လိုလုပ် အဆုံးရှုံးခံနိုင်
မလဲ” ဟု  မောင်စိမ်းနီက ဆိုသည်။

ယင်းအပြင် စာပေ၊ ဂီတနယ်ပယ်မှ မဟုတ်သည့် ဧရာဝတီ ထာဝရ ရှင်သန်လိုသူများက ဆည်စီမံကိန်းများ ပြန်လည်
သုံးသပ်ရန်နှင့် သုံးသပ်ချိန်အတွင်း ခေတ္တရပ်ဆိုင်းထားရန် ပြည်တွင်းပြည်ပမှ လက်မှတ်ထိုး တောင်းဆိုမှု များလည်း ရှိနေသည်။

သို့သော် ကိုဆောင်းဦးလှိုင်က “နည်းနည်းတော့ စောင့်ကြည့်လေ့လာ သုံးသပ်ရမှာ ဖြစ်ပါတယ်ခင်ဗျ။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဆန္ဒက တခုတည်း ထွက်ပေါ်လာမလားဆိုတာ့။ ဆန္ဒကတော့ တခုတည်းတော့ မထွက်နိုင်ဘူး
ပေါ့ဗျာ။ ဒါပေမဲ့ အများစုရဲ့ ဆန္ဒပေါ့ဗျာ။ အများစုရဲ့ ဆန္ဒက ဘာလဲဆိုတာ ပေါ်လွင်လာပါ လိမ့်မယ်ဗျ။ မကြာခင်ပဲ
ပေါ်လွင်လာပါလိမ့်မယ်” ဟု ပြောသည်။

တနင်္လာနေ့ကလည်း ရန်ကုန်မြို့တွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေးနှင့် မြစ်ဆုံဆည် ရပ်တန့်ရေး အတွက်
ခေတ္တစုရုံး တောင်းဆိုခဲ့ကြသေးသည်။

ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည် ၈ ခုအနက် အကြီးဆုံးဖြစ်သည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” မှာ
ရေအားလျှပ်စစ် မီဂါဝပ် ၆ဝဝဝ ထုတ်လွှတ်ပေးနိုင်မည်ဖြစ်သည်။  ဆည်စီမံကိန်းအတွက် မေခမြစ် အပိုင်းတွင်တာ
ငါး ခု၊ မလိခမြစ်မှာနှစ်ခု ပိတ်ရမည် ဖြစ်ကာ ဆည်နယ်မြေအကျယ်အဝန်းမှာ ၏စတုရန်းမိုင် ၁၈,ဝဝဝ ရှိသည်။

ရေကာတာ ကျိုးပေါက်ပါက မြစ်ရေလွှမ်းနိုင်သည့် ဧရိယာမှာ စင်ကာပူနိုင်ငံထက် ကျယ်သည်ဟုလည်း သဘာဝ ပတ်ဝန်းကျင်အဖွဲ့များက ခန့်မှန်းထားသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အများစုဖြစ်သော လွှတ်တော်အပေါ် သံသယ ရှိကြသော်လည်း  အစိုးရက ကြွေးကြော်နေသည့်
ပြည်သူ့အသံသည် လွှတ်တော်ဆန္ဒ၊ ပြည်သူ့ဆန္ဒသည် လွှတ်တော် အသံ ဆိုသည်မှာ အဖြူ၊ အမဲ သဲကွဲလာမည့် အတွက် စောင့်ကြည့်သင့်ကြောင်း ကိုဆောင်ဦးလှိုင်က ရှုမြင်သည်။ 

“ဒီကိစ္စတွေဟာ တကယ် ဟုတ်၊ မဟုတ်ဆိုတာက အဓိက အဆုံးအဖြတ်ပေးမယ့် ကိစ္စက ဧရာဝတီ မြစ်ဆုံနဲ့ ပတ်သက်ပြီး သူတို့လွှတ်တော်မှာ ဆွေးနွေးဖြစ်ရင်၊ ဆွေးနွေးဖြစ်ခဲ့ရင် ဒါ တကယ်ဟုတ်၊ မဟုတ်ဆိုတာ ပေါ်လွင် သွားမယ်။ အဖြူနဲ့ အမဲ ပေါ်လွင်မယ့် ကိစ္စမျိုးပဲ”



 

မေခ - မလိခ မြစ်

maykamalikas

မြစ်ဆုံ စီမံကိန်း

maykamalika1s
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 20 guests online