www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးစိုင်းအိုက်ပေါဝ်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးစိုင်းအိုက်ပေါဝ်း
(ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)

အမည်                           ဦးစိုင်းအိုက်ပေါဝ်း
မွေးသက္ကရာဇ်                   ၁၁. ၃. ၁၉၄၆
မွေးရပ်                           ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့
မိဘ                               ဦးယီဆော၊ ဒေါ်ခမ်းဆွယ့်
ပညာရေး                        ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် အထက ၅ မှ ၁ဝ တန်းအောင်ခဲ့၊ ရန်ကုန် လုပ်သားကောလိပ်မှ ၁၉၇၆ ခုနှစ်တွင် BA. Geography ဘွဲ့ ရရှိခဲ့
မွေးချင်း                          ၄ ဦးအနက် အကြီးဆုံး
လက်ရှိမိသားစု                 ဇနီးနှင့် သားသမီး ၄ ဦး ရှိ
စီးပွားရေး                        ကော်ဖီစိုက်ပျိုးရေးလုပ်ငန်း
ပါတီ                              ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ

နိုင်ငံရေး နောက်ခံ

“ကျနော်က  ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှာ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ  အထွေထွေ အတွင်းရေးမှူး လုပ်ခဲ့ပါတယ်”

ရွေးကောက်ပွဲ ဝင်လိုသည့် ရည်ရွယ်ချက်

“ကျနော်တို့က ၂ဝဝ၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်ဖို့ လုပ်ထားတာပေါ့နော်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာလိုက်တဲ့အခါမှာ ကျနော်တို့ ပြည်နယ်မှာလည်း ပြည်နယ်လွှတ်တော် ရှိမယ်။ နောက်ပြီးတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ရှိမယ်။ လွှတ်တော်ဖြစ်လာပြီဆိုရင် အစိုးရသစ်တခုတော့ ရှိလာမှာပေါ့နော်။ အဲဒီတော့ ကိုယ်က လွှတ်တော်ထဲမှာ post တခုအနေနဲ့ ပါဝင်မှသာ ပြည်နယ်အကျိုး၊ အမျိုးသားအကျိုး ဆောင်ရွက်နိုင်မှာပေါ့။ မပါဝင်ဘဲနဲ့ ဒီအတိုင်း ထိုင်နေရင် ဘာမှ လုပ်ရမှာ မဟုတ်ဘူး”

ပါတီ လှုပ်ရှားမှု

“ကျနော်တို့က အခု CEC (ဗဟိုအလုပ်အမှုဆောင်အဖွဲ့) အဖွဲ့ဝင် ၁၅ ဦးပဲ ရှိပါသေးတယ်။ ရှမ်းပြည်နယ်မှာ ၅၅ မြို့နယ် ရှိတဲ့အနက် မြို့နယ် ၄ဝ လောက် ဝင်ပြိုင်ဖို့ ရည်ရွယ်ထားတယ်။ နောက်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကယားပြည်နယ်တွေမှာ ရှမ်းတွေ အများစုရှိတဲ့ မြို့နယ်တချို့မှာ ဝင်ပြိုင်ဖို့ ရှိပါတယ်”

အနိုင်ရခဲ့လျှင်

“ကဏ္ဍအစုံကို ဖွံ့ဖြိုးအောင် လုပ်ပေးမှာပါ။ အထူးသဖြင့် စီးပွားရေးပေါ့။ ကျနော်တို့ နိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် နည်းနည်း နောက်ကျနေတယ်လေ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်အောင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စက်မှုလက်မှု အစစအရာရာတွေမှာ သူများထက် မသာရင်တောင်မှ သူများနဲ့ ရင်ဘောင်တန်းနိုင်အောင်  ကြိုးစားမယ်လေ။ ပြည်သူတွေကလည်း စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုးတက်စေချင်တယ်လေ။ မိသားစုတခုမှာ စီးပွားရေး အဆင်ပြေမှ ကျန်းမာရေး၊ ပညာရေး၊ လှုမှုရေးတွေ တိုးတက်လာမှာပါ။ နိုင်ငံတခုမှာလည်း ဒီလိုပါပဲ''

မည်သည့်စီးပွားရေးစနစ် ကျင့်သုံးမလဲ

''ကျနော်တို့ Constitution (ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ) မှာလည်း ပါပါတယ်။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမှာပါ။ တစုတဖွဲ့ ကောင်းစားရေး မဟုတ်ဘဲ၊ အားလုံး ပါဝင်တဲ့ ဈေးကွက်စီးပွားရေး စနစ်မျိုး ရည်မှန်းထားတယ်''

လက်ရှိ အစိုးရအပေါ် သဘောထား

''ကျနော်တို့ကတော့ ဗိုလ်ချုပ်မှူးကြီး ပြောထားတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ပြေထားတော့ ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်လို့ ဝင်ပြိုင်တာပါ။ အဲဒီလို ဖြစ်လာဖို့လည်း မျှော်လင့်တယ်''

အာဏာလွှဲပေးမယ်လို့ ယုံကြည်လား

''ယုံကြည်ပါတယ်။ ၂ဝဝ၈ အခြေခံဥပဒေမှာလည်း ပါထားတာပဲ။ ရွေးကောက်ပွဲပြီးလို့ ရက်ပေါင်း ၆ဝ အတွင်း လွှတ်တော်ခေါ်ရမယ်လို့ ပြောထားတာပဲ။ ၂ဝဝ၈ အခြေခံဥပဒေကို ယုံကြည်ထားလို့ ဝင်ပြိုင်တာပါ''

လက်တလော ဖြေရှင်းသင့်သည့် မူဝါဒ

''စီးပွားရေး မူဝါဒလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့နိုင်ငံက လယ်ယာစီးပွားရေးကို အခြေခံတဲ့ နိုင်ငံဆိုတော့ လယ်ယာကဏ္ဍကို တိုးတက်အောင် လုပ်နိုင်မှာ။ ကျန်တဲ့ ကဏ္ဍတွေ တိုးတက်မယ်လို့ ယုံကြည်ထားတယ်။ မြေယာတွေ အများကြီးပါ။ သို့သော် ဆန်စပါး ထုတ်လုပ်မှုမှာ ဗီယက်နမ်ကို မမီနိုင်ဘူး ဖြစ်နေတယ်''

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအပေါ် သဘောထား

“၉ဝ ခုနှစ်တုန်းက ရွေးကောက်ပွဲ ကျင်းပခဲ့ပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိခဲ့ဘူးလေ။ အခုလာမယ့် ရွေးကောက်ပွဲက မတူဘူးပေါ့။ အခြေခံဥပဒေကလည်း ရှိပြီးသား။ နိုင်ငံတော် အကြီးအကဲကလည်း နိုင်ငံသိ၊ ကမ္ဘာသိ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြေညာထားတော့ ဒီအတိုင်းပဲ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်”