www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးစံသာအောင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးစံသာအောင်
(ဥက္ကဋ္ဌ၊ မြို ခေါ် ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့)

အမည်                           ဦးစံသာအောင်
မိဘ                               ဦးစံပြိန်း၊ ဒေါ်ခင်ပန်း
မွေးသက္ကရာဇ်                   ၂၈၊ ဝ၁၊ ၁၉၄၂
မွေးရပ်                           မာလာကျေးရွာ၊ ကျောက်တော်မြို့နယ်၊ ရခိုင်ပြည်နယ်
မွေးချင်း                          ၇ ဦးအနက် ၄ ဦးမြောက်
အိမ်ထောင်ရေး                 ဇနီးနှင့် သားသမီး ၄ ဦး ရှိ
ပညာရေး                        ၁၉၆၃ ခုနှစ်တွင် ကျောက်တော်မြို့နယ်ရှိ အထက်တန်းကျောင်း အောင်မြင်ခဲ့
အလုပ်အကိုင်                   ၁၉၆၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကျောင်းဆရာ လုပ်ခဲ့သည်။ လယ်ယာလုပ်ငန်း လုပ်ကိုင်သည်။
တာဝန်၊ ပါတီ                   ဥက္ကဋ္ဌ၊ မြို ခေါ် ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့

၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရောက်လိုသည့် ရည်ရွယ်ချက်

“ကျနော်တို့ လူမျိုးစုတွေက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသေးတယ်။ ကိုယ်လူမျိုးတွေ အကျိုးအတွက်  ဖွံ့ဖြိုးတိုးတက်မှု တခုခုဖြစ်အောင် ပါတီတခု သို့မဟုတ် အဖွဲ့တခု အနေနဲ့ အခွင့်အရေးရှိရင် ရှိသလို ဆောင်ရွက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာပါ”

နိုင်ငံရေး နောက်ခံ

“၁၉၇၃ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ပါတီကလပ်စည်း ခေါင်းဆောင်၊ ပါတီစိတ်ကော်မတီ၊ ပါတီအတွင်းရေးမှူး၊ မြို့နယ် ပြည်သူ့ကောင်စီအဖွဲ့ဝင်၊ အလုပ်အမှုဆောင် ကော်မတီဝင်နဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာ မြို ခေါ် ခမီ အမျိုးသားညီညွတ်ရေးပါတီကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တယ်။ ၂ဝဝ၅ ခုနှစ် မှော်ဘီမြို့နယ် ညောင်နှစ်ပင်စခန်းမှာ လုပ်တဲ့ အမျိုးသားညီလာခံကို တက်ရောက်ခဲ့တယ်”

နိုင်ငံရေး ခံယူချက်

“ကိုယ့်အမျိုးသားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကို ဘယ်လို ဆွဲတင်နိုင်မလဲ၊ ဆောင်ရွက်နိုင်မလဲဆိုတဲ့ အနေအထားအရ လုပ်တာပါ”

၉ဝ ခုနှစ် ရွေးကောက်ပွဲအပေါ် သဘောထား

“သဘောထား မရှိပါဘူး။ ဝင်ပြိုင်လို့ ရရင်လည်း အမြတ်၊ မရရင်လည်း ဒီအတိုင်းပဲ။ နိုင်ရမယ်ဆိုတဲ့ သဘောမျိုးလည်း မရှိပါဘူး၊ ကံကျလုပ်တဲ့ သဘောပါ။ နိုင်ငံတော်မှာ တဒေါင့်တနေရာက လိုက်လုပ်တဲ့ သဘောပါ”

အာဏာရခဲ့လျှင်

“ရွေးချယ်ခံရရင်လည်း အစိုးရက သတ်မှတ်တဲ့ မူဝါဒအပေါ်မှာ ကိုယ့်လူမျိုးအတွက် တတ်နိုင်သလောက် ဆောင်ရွက်သွားမှာပါ”

လက်ရှိ အစိုးရအပေါ် သဘောထား

“အစိုးရကိုတော့ မဝေဖန်လိုပါဘူး။ ကျနော်တို့က အားနည်းနေတဲ့ လူမျိုးတမျိုးဆိုတော့ ကိုယ့်လူမျိုးတွေ အခွင့်အရေးအတွက် ဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်”

လက်ရှိ စီးပွားရေးအပေါ် သဘောထား

“တိုးတက်လာတယ်လို့တော့ မြင်ပါတယ်။ ပါတီကောင်စီ ခေတ်ထက်စာရင် လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်မြင့်မားလာတယ်လို့ ယူဆပါတယ်”

၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေ

“၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကတော့ ကျနော်ကိုယ်တိုင် သဘာပတိအဖြစ် ဆောင်ရွက်ပြီး အကောင်အထည် ဖော်လာခဲ့တာ ဖြစ်တယ်။ လုပ်ငန်းတခုကို အကောင်အထည် ဖော်တဲ့အခါ နောက်မှာ လုပ်ငန်း လိုအပ်ချက်အလိုက် ဖြည့်စွက်လို့ရတဲ့ အပိုင်းတွေလည်း တွေ့မြင်တယ်။ အဲဒါကြောင့် ကျနော်တို့ ရထားတာ တခုကို အကောင်အထည် ဖော်ချင်တယ်”

ပါတီ စည်းရုံးရေး အခြေအနေ

“ကျနော်တို့ရဲ့ အမျိုးသားရွာတွေမှာ စည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်သွားဖို့ ရှိပါတယ်”