www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးနေမျိုးဝေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ဦးနေမျိုးဝေ

(အထွေထွေ အတွင်းရေးမှူး၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ - မင်္ဂလာဒုံ)

အမည်
ဦးနေမျိုးဝေ
မိဘ ဦးလှမြင့်၊ ဒေါ်ယဉ်စိန်
မွေးသက္ကရာဇ် ၂၂၊ ၇၊ ၁၉၇၂
ဇနီးသည် အမည် ဒေါ်သူဇာအောင်
သားသမီး ၂ ဦး၊ ၇ နှစ် သားနဲ့ ၅ နှစ် သမီး
မွေးရပ် ၄ ရပ်ကွက်၊ ဗိုလ်ကလေးမြို့၊ ဧရာဝတီတိုင်း
မွေးချင်း မောင်နှမ ၅ ဦးအနက် တတိယမြောက်
လက်ရှိ နေရပ်လိပ်စာ ၂/၂၃၂ မဟော်ဂနီလမ်း၊ ထောက်ကြံ့၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်း
အဖွဲ့အမည် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
ရာထူး အထွေထွေ အတွင်းရေးမှူး
ပညာအရည်အချင်း ၁၉၉၁ ခုနှစ်တွင် မြန်မာစာ ဂုဏ်ထူးနဲ့ အထက (၁) ဗိုလ်ကလေးတွင် ၁၀ တန်း အောင်မြင်ခဲ့သည်။ ၁၉၉၈ ခုနှစ် ရန်ကုန် စက်မှုတက္ကသိုလ်တွင် လေကြောင်းပညာ ဘာသာရပ် ဘွဲ့ရခဲ့သည်။
ပါဝင်ခဲ့သည့် အဖွဲ့များ နိုဝင်ဘာ လ၊ ၁၉၉၈ ခုနှစ်မှ မေ လ၊ ၂၀၀၉ ခုနှစ်ထိ မြန်မာ့လေကြောင်း အင်ဂျင်နီယာဌာန မင်္ဂလာဒုံလေဆိပ်တွင် လုပ်ကိုင်သည်။ တနှစ်ခန့်သင်တန်းတက်ရသည်။ ထို့နောက် စက်ပြင် ကျွမ်းကျင်သစ်နဲ့ လုပ်ကိုင်သည်။ ၂၀၀၉ ခုနှစ် နှစ်လည်ပိုင်းမှ ၂၀၁၀ ခုနှစ် နှစ်ဆန်းပိုင်းတွင်  ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ဖြစ်မြောက်ရေး ကော်မတီဝင်။
ဝင်ရောက်အရွေးခံမည့် နယ်မြေ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်း။


ရွေးကောက်ပွဲ ၀င်ရောက်မည့် ကြွေးကြော်သံ

‘‘အဓိကတော့ ဘယ်သူကိုမဆို လေ့လာပြီးမှ သေချာမှ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း လုပ်စေချင်ပါတယ်။ နေမျိုးဝေကို စူးဆန်းလေ့လာပြီး ကန့်ကွက်မဲ တမဲကို မစူးစမ်း၊ မဆင်ခြင်သော ထောက်ခံမဲ ၁၀၀ နဲ့ မလဲနိုင်လို့ ကျနော်ရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံပဲ”

စစ်အစိုးအပေါ် အမြင်သဘောထား

“အခုရွေးကောက်ပွဲမှာ အနိုင်ရသူကို စစ်အစိုးရက အာဏာတကယ်လွှဲပေးမယ်လို့ ယုံကြည်ပါတယ်။ အားလုံးကို တပြေးညီ သဘောထားပါတယ်။ နအဖ သူလုပ်ချင်တာ လုပ်နေတယ်လို့ မြင်ပါတယ်။ ဒါပဲ သူ့မှာ လုပ်စရာရှိတာပါ၊ ကျန်တာ သူ လုပ်စရာ မရှိပါဘူး”

အမတ်အဖြစ် အရွေးခံခဲ့ရလျှင် ပြည်သူအတွက် လုပ်ဆောင်ပေးမည့် ရည်ရွယ်ချက်

“ပညာရေး၊ ကျမ်းမာရေး ဖွံ့ဖြိုးစေချင်တယ်။ ဗိုလ်ကလေး တမြို့နယ်တင် ကျေးရွာပေါင်း ၅၆၂ လောက် ရှိတယ်။ ကျန်တဲ့ မြို့တွေ အများကြီး ရှိသေးတယ်။ ဆေးရုံ ၅၆၂၊ ကျောင်း ၅၆၂ ဘယ်အစိုးရမှ မဆောက်နိုင်ဘူး၊ ပြန့်ကျဲနေတာ ဆွဲစုဖို့ လိုတယ်။ ဒါတွေပြောနေရင် မဲဆွယ်ရာကျမယ်၊ အဲလိုမျိုး မပြောချင်ပါဘူး”

လက်ရှိ စီးပွားရေး မူဝါဒအပေါ် အမြင်သဘောထား


“ဈေးကွက်စီးပွားရေး မူဝါဒဖြစ်တဲ့အတွက် သဘောတူပါတယ်။ ဒါပေမဲ့ သူ သွားနေတဲ့ စီးပွားရေးသည် ဈေးကွက် စီးပွားရေးနဲ့ ဆိုင်၏ မဆိုင်၏ ကိုတော့ အများမြင်တဲ့အတိုင်း ကျနော်လည်း မြင်ပါတယ်။ ဒါပေမဲ့ ဈေးကွက်စီးပွားရေး အစစ်ကိုတော့ ကျနော်တို့ ကြိုဆိုရပါလိမ့်မယ်”

နှစ်သက်သည့် စီးပွားရေးမူဝါဒ

“ဈေးကွက်စီးပွားရေးကိုပဲ သဘောကျတယ်။ ဈေးကွက်စီးပွားရေး ဆိုတဲ့နေရာမှာ ကမ္ဘာမှာ အကြွင်းမဲ့ ဈေးကွက်စီးပွားရေးကို မရှိခဲ့သေးပါဘူး။ အမျိုးသားအကျိုးစီးပွားကို အခြေခံသော ဈေးကွက်စီးပွားရေးစနစ် အဆင့်လောက်သာ အခြေခံပြီး လုပ်နိုင်ပါသေးတယ်”

ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေဆဲ ကာလတွင် လတ်တလော ဖြေရှင်းသင့်သည့် အရာများ

“ဥပဒေ အဟောင်းတွေ ပြန်ပြင်ခြင်း၊ ဥပဒေအသစ်တွေ ပြခြင်း၊ လုပ်ထုံးလုပ်နည်း ဥပဒေတွေ၊ စီးပွားရေး ဥပဒေတွေကို ပြင်လို့ ရပါတယ်။ ဆွေမျိုးစု လက်အောက်မှာရှိတဲ့ ဈေးကွက်စီးပွားရေးကို ပြုပြင်လို့ ရပါတယ်”

လက်ရှိ စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် အမြင်သဘောထား

“စာနယ်ဇင်း လွတ်လပ်ခွင့်က ပါးနပ်တဲ့ အဆင့်လောက်ပဲ ရှိပါတယ်။ တကယ့် စာနယ်ဇင်း လွတ်လပ်ခွင့် မရသေးပါဘူး။ နိုင်ငံရေးသတင်းတွေကို မဖော်ပြပေးသေးပါဘူး။ နိုင်ငံရေးသမားတွေရဲ့ အသံတွေကို ဖော်ပြခွင့် မပေးပါဘူး။ နိုင်ငံရေးသမားကို စာမျက်နှာပေး မတင်သေးပါဘူး” 

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အမြင်သဘောထား

“သိပ်ကြာသွားပါပြီ။ ကျနော် သဘောကျပါတယ်”

၂၀၀၈ အခြေခံဥပဒေအပေါ် အမြင်သဘောထား

“၂၀၀၈ အခြေခံဥပဒေကို ကျနော် ကြိုက်ပါတယ်။ အခု ၂၀၁၀ ရွေးကေက်ပွဲကို အကောင်အထည် ဖော်ပေးပါလိမ့်မယ်လို့ မျှော်လင့်တယ်”

ယခု ရွေးကောက်ပွဲအတွက် ဥပဒေ အပေါ် သဘောထား


“နိုင်ငံရေး အကျဉ်းသားတွေ နိုင်ငံရေးပါတီမှာ မပါရဘူးဆိုတဲ့ တချက်က ပြဿနာရှာပါတယ်။ ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံမတင်ရင် ပါတီဖျက်မယ်ဆိုတာတွေ၊ ရက်ပေါင်း ၉၀ အတွင်းမှာ အဖွဲ့ဝင် ၁၀၀၀ နဲ့ ၅၀၀ ရှာရမယ်ဆိုတာတွေကို အာလုံးက ပြောကြတယ်။ ကျနော်တို့ နိုင်ငံမှာ လူဦးရေ သန်း ၅၀ လောက် ရှိပါတယ်။ လူဦးရေ သန်း ၅၀ လောက်မှာ နိုင်ငံရေးလုပ်နိုင်သူ ၁၀ သန်းတော့ ကျော်မှာပဲ။ ရက်ပေါင်း ၉၀ မှာ အဖွဲ့ဝင် ၁၀၀၀ နဲ့ ၅၀၀ မရနိုင်ရင် မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်တော့တာ သေချာပါတယ်။ ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံတင်ရမယ်ဆိုတာ အကြိုက်ဆုံးပါ။ NLD (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) က ပြည်သူကိုေ၀၀ါးတဲ့ ခေါင်းဆောင်မှုတွေ ပေးနေတယ်လို့ ကျနော် မြင်တယ်။ ဘယ်မြို့ ဘယ်ဒေသမှာ လူဦးရေဘယ်လောက်လို့ မသတ်မှတ်ထားဘူး။ ကျနော်ဆိုရင် ဘိုကလေး တမြို့နယ်တင် လူပေါင်း ၁၀၀၀ စုမယ်လို့ ဆန္ဒရှိတယ်”