www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးအောင်သန်းတင့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးအောင်သန်းတင့်

(ဥက္ကဋ္ဌ၊ မျိုးချစ်အမျိုးသား နိုင်ငံရေး အစည်းအရုံး)

အမည် ဦးအောင်သန်းတင့်
မိဘ ဦးကျော်ရှိန်၊ ဒေါ်စိန်ရင်
မွေးသက္ကရာဇ် ၄. ၇. ၁၉၅၈
မွေးချင်း ၈ ဦး၊ အကြီးဆုံး
မွေးရပ် ထန်းပင်ကုန်းကျေးရွာ၊ တောင်တွင်းကြီးမြို့နယ်၊ မကွေးတိုင်း
နေရပ်လိပ်စာ အမှတ် ၃၈၅၊ ရွှေဘုံသာလမ်း၊ တောင်ပြင် (၂) ရပ်တွက်၊ တောင်တွင်းကြီးမြို့
အဖွဲ့အမည် မျိုးချစ်အမျိုးသား နိုင်ငံရေးအစည်းအရုံး
တာဝန် ဥက္ကဋ္ဌ
ပညာအရည်အချင်း ၁၉၇၃ ခုနှစ် တောင်တွင်းကြီးမြို့တွင် ၁၀ တန်းအောင်မြင်ခဲ့သည်။ ၁၉၇၇ ခုနှစ် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။
ပါဝင်ခဲ့သည့် အဖွဲ့များ ၁၉၉၀ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD တွင် မြို့နယ်စည်းရုံးရေး တာဝန်ခံ
ဝင်ရောက်အရွေးခံမည့် နယ်မြေ တောင်တွင်းကြီးမြို့၊ မကွေးတိုင်း။


အမည် ဦးအောင်သန်းတင့်

မိဘ ဦးကျော်ရှိန်၊ ဒေါ်စိန်ရင်

မွေးသက္ကရာဇ် ၄. ၇. ၁၉၅၈

မွေးချင်း ၈ ဦး၊ အကြီးဆုံး

မွေးရပ် ထန်းပင်ကုန်းကျေးရွာ၊ တောင်တွင်းကြီးမြို့နယ်၊ မကွေးတိုင်း

နေရပ်လိပ်စာ အမှတ် ၃၈၅၊ ရွှေဘုံသာလမ်း၊ တောင်ပြင် (၂) ရပ်တွက်၊ တောင်တွင်းကြီးမြို့

အဖွဲ့အမည် မျိုးချစ်အမျိုးသား နိုင်ငံရေးအစည်းအရုံး

တာဝန် ဥက္ကဋ္ဌ

ပညာအရည်အချင်း ၁၉၇၃ ခုနှစ် တောင်တွင်းကြီးမြို့တွင် ၁၀ တန်းအောင်မြင်ခဲ့သည်။ ၁၉၇၇ ခုနှစ် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။

ပါဝင်ခဲ့သည့် အဖွဲ့များ ၁၉၉၀ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD တွင် မြို့နယ်စည်းရုံးရေး တာဝန်ခံ

ဝင်ရောက်အရွေးခံမည့်

နယ်မြေ တောင်တွင်းကြီးမြို့၊ မကွေးတိုင်း


ရွေကောက်ပွဲ ၀င်ရောက်မည့် ကြွေးကြော်သံ

‘‘စစ်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေးစနစ် ပြောင်းတော့မယ်”

စစ်အစိုးအပေါ် အမြင်သဘောထား

“သူတို့တွေလည်း နိုင်ငံရေးတာဝန် ထမ်းဆောင်နေတာပဲ။ သူတို့လည်း ဒီမိုကရေစီနိုင်ငံ ဖြစ်ချင်တာပဲ။ ကျနော်တို့လည်း ဒီမိုကရေစီနိုင်ငံ ဖြစ်ချင်တာပဲ။ အတူတူပါပဲလို့ ယူဆပါတယ်”

အမတ်အဖြစ် အရွေးခံခဲ့ရလျှင် ပြည်သူအတွက် လုပ်ဆောင်ပေးမည့် ရည်ရွယ်ချက်

“ပြည်သူ့အကျိုးစီးပွာကိုတော့ ဆောင်ရွက်ရမှာပေါ့၊ ပြည်သူလူထုက အစစအရာရာ ကျနော်တို့လို နိုင်ငံရေးသမားတွေကို အားပေးပြီး ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် ဆောင်ရွက်ရမယ်။ အခြေခံ လူ့အခွင့်အရေးတွေ ရရှိအောင် ဒီမိုကရေစီစနစ်ကိုလည်းပဲ အချိန်တန် ဖွံ့ဖြိုးလာအောင် ကျနော်တို့ ဆောင်ရွက်ရမယ်”

လက်ရှိ စီးပွားရေး မူဝါဒအပေါ် အမြင်သဘောထား

“ဈေးကွက်စီးပွားရေးကို အကောင်အထည် ဖော်မပေးနိုင်ဘူးလို့ မြင်ပါတယ်”

ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေဆဲ ကာလတွင် လတ်တလော ဖြေရှင်းသင့်သည့် အရာများ

“နအဖက ဒီမိုကရေစီ အခြေခံလောက်သာ လုပ်ပေးနိုင်ခဲ့တာပါ”

လက်ရှိ စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် အမြင်သဘောထား

“အခု လက်ရှိအနေအထားနဲ့ဆိုရင် စာနယ်ဇင်း လွက်လပ်ခွင့် မရသေးတာတော့ သေချာတယ်။ နောက် ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့”

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အမြင်သဘောထား

“၁၉၉၀ ရွေးကောက်ပွဲရလဒ်ကတော့ ပြည်သူလူထု သဘောမကျတာတော့ သေချာပါတယ်။ နောက် ဘာဖြစ်မလဲ ဆိုတာကိုသာ စဉ်းစားရမှာပါ။ စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေး ပြောင်းလာနိုင်ဖို့က အခု ရွေးကောက်ပွဲသာ ရှိတာပါ”

၂၀၀၈ အခြေခံဥပဒေအပေါ် အမြင်သဘောထား

“၂၀၀၈ အခြေခံ ဥပဒေဟာ ဘာပဲပြောပြော လောလောဆယ် ဆက်ရှောက်ရမှာပဲ။ အရပ်သား အုပ်ချုပ်ရေးစနစ် ပြောင်းလာမှသာ ပြန်လည်ပြုပြင်ရမယ်လို့ ယူဆထားပါတယ်”