www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးကျော်မြင့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးကျော်မြင့်

(အထွေထွေ အတွင်းရေးမှူး၊ မျိုးချစ် အမျိုးသားနိုင်ငံရေး အစည်းအရုံး)

အမည်
ဦးကျော်မြင့်
အဘ 
ဦးဟုတ်စိန်
အမ ဒေါ်သန်းရင်
မွေးရပ် ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်း။
မွေးသက္ကရာဇ် ၂၉ ၊ ၈ ၊ ၁၉၆ဝ
မွေးချင်း မောင်နှမ ၇ ဦးအနက် အကြီးဆုံး၊ မခင်ဌေးဝင်း၊ ကိုစန်းလွင်၊ ဒေါ်စန်းစန်ဝင်း၊ ဒေါ်အေးအေးဝင်း၊ ကိုအောင်လှိုင်မြင့်
နေရပ်လိပ်စာ မြို့ဦးရပ်ကွက်၊ တောင်တွင်းကြီးမြို့။
အမျိုးသမီး အမည် ဒေါ်မြင့်မြင့်မိုရ်
သားသမီး သမီး ၃ ဦး
လက်ရှိအဖွဲ့ အမည် မျိုးချစ် အမျိုးသားနိုင်ငံရေး အစည်းအရုံး
ရာထူး အထွေထွေ အတွင်းရေးမှူး
ပညာအရည်အချင်း ၁၉၈၁ ခုနှစ်တွင် ရန်ကုန်မြို့တွင် ၁ဝ တန်းအောင်မြင်ခဲ့၊ BA (Economics) ဘွဲ့ကို ၁၉၈၅ ခုနှစ်တွင် ရရှိခဲ့။
ပါဝင်ခဲ့သည့် အဖွဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအဖွဲ့ - အတွင်းရေးမှူး (၁၉၈၈)
ရွေးကောက်ခံမည့် ဒေသ ၊ အရွေးခံမည့်နယ်မြေ တောင်တွင်းကြီးမြို့၊ မကွေးတိုင်း။


ရွေကောက်ပွဲ ဝင်ရောက်မည့် ကြွေးကြော်သံ

‘‘အခြေခံ လူ့အခွင့်အရေးရဖို့ ကိစ္စရယ်၊ အမျိုးသားညီညွတ်ရေးရဖို့ ကိစ္စရယ်၊ ကျနော်တို့က လွှတ်တော်ထဲမှာပဲ စကားပြောကြမယ်လို့ ရည်ရွယ်တယ်။ ကျနော်တို့က ရွေးကောက်ပွဲတော့ ဝင်မှာပဲ၊ ဒီအတိုင်းတော့ လက်လွှတ်မခံနိုင်ဘူး၊ လက်လွှက်လိုက်ရင် ဒီအခွင့်အရေးက ဘယ်အချိန် ပြန်ပေါ်လာမယ်ဆိုတာ စဉ်းစားလို့ မရတော့ဘူး”

စစ်အစိုးအပေါ် အမြင်သဘောထား

“နအဖအပေါ်တော့ သိပ်ပြောစရာမရှိဘူး။ အခုမှ ပြောခါစဆိုတော့ အတိအကျ မသိရသေးဘူး။ အခုက မွေးခါစကလေးလို ခေါင်းပဲထွက်သေးတယ်။ အကုန်ထွက်လာမှ အထီးလား၊ အမလားသိရမယ်။ တချိန်ကျရင် နအဖက ရှိတော့မှာ မဟုတ်ဘူးလေ။ ရေရှည်ရှိတော့မှာ မဟုတ်ပါဘူး။ သူ့ကိုပဲ နိုင်ငံရေးသမားတွေချိန်ပြီး  နိုင်ငံရေးသမားတွေ ပျောက်ပျောက်နေတော့ ကြောက်စရာကြီးပါ၊ နိုင်ငံရေးသမားတွေ အမြဲရှိနေရမယ်။ တကယ်အာဏာ လွှဲမလားဆိုတာ သူ့ကိုစောင့်နေရမှာပဲ။ ချပေးမယ့်ဟာကို စောင့်ကြည့်မယ်၊ မြည်းကြည့်မယ်။ ချိုလား၊ ခါးလားပေါ့။ အဲဒီကျမှ ကျနော်တို့ ပြောလို့ရမယ်။ အဲဒီကျမှ ပြောတဲ့အတိုင်း မဟုတ်လာဘူးဆိုရင် ကျနော်တို့က ပြတ်ပြတ်သားသား ပြောရမှာလေ။ ကျနော်တို့ အခု အဆုံးစွန်ဆုံး နားလည်မှု ပေးထားတယ်။ ဒါဟာ နောက်ဆုံးပဲ”

အမတ်အဖြစ် အရွေးခံခဲ့ရလျှင် ပြည်သူ့အတွက် လုပ်ဆောင်ပေးမည့် ရည်မှန်းချက်

“ပြည်သူတို့ တောင်ဆိုနေတဲ့ အခွင့်အရေးကို အခြေခံ အဖွဲ့အစည်းတွေ ဖွဲ့ပေးမယ်။ တောင်သူ လယ်သမား အဖွဲ့အစည်းတို့၊ အလုပ်သမား အဖွဲ့အစည်းတို့ ဖွဲ့ပေးမယ်၊ ခေါင်းဆောင်တွေ ထားပေးမယ်။ အခြေခံ ညီညွတ်အောင် သူတို့လိုအပ်ချက်တွေ တောင်းဆိုတာကို လုပ်နိုင်မယ်။ ကျနော်တို့ နိုင်ငံရေးပါတီအနေနဲ့ လမ်းကြောင်းပေးမယ်၊ ကျနော်တို့ ကူညီပေးမယ်။ ဒါပဲ။ စိုက်ပျိုးရေးတို့ ကုန်သွယ်ရေးတို့ ဒါတွေက ထုတ်လုပ်ရေးထဲမှာ အသေးစိတ်ရေးမယ်၊ အကုန်လုံး အစီအစဉ် ရှိပါတယ်၊ ဒီမိုကရေစီကျကျပါပဲ။ လူထုမကြိုက်ရင် ဘာမှလုပ်မရတဲ့ အခြေအနေရောက်အောင် လုပ်မယ်၊ လူထုက ကျနော်တို့ကို ရွေးချယ်ရင် ဆောင်ရွက်ခွင့်ရအောင် လုပ်မယ်၊ မရွေးချယ်ရင် လူထုရွေးချယ်တာကို ဘေးကနေ ကျနော်တို့ အားပေးမယ်”

လက်ရှိ စီးပွားရေး မူဝါဒအပေါ် အမြင်သဘောထား

“၁၉၈၈ စီးပွားရေးဥပဒေ ထွက်လာကတည်းက တွက်ထားပြီးသားပါ။ အကုန်လုံးကို လက်ဝါးကြီးအုပ်မယ်ဆိုတာ မြင်ထားပြီးသားပါ၊။ အခုမှ လုပ်တာကို ပြောတာမဟုတ်ဘူး၊ ဟိုအရင်ကတည်းက ကြိုမြင်ပြီးသားပါ၊ နဂိုကတည်းက သူတို့အစီအစဉ် ရှိတယ်။ အလုပ်သမားတွေအပေါ်နဲ့ ပြည်သူတွေအပေါ် ထိန်းချုပ်မယ်၊ ဒါကို ကျနော်တို့က လက်လွှတ်ပေးလိုက်လို့ မဖြစ်ဘူး”

နှစ်သက်သည့် စီးပွားရေးမူဝါဒ

“စီးပွားရေးကတော့ ဈေးကွက်စနစ်ပေါ့။ ပြည်သူပိုင်လည်း ရှိရမယ်။ အစိုးရပိုင်လည်း ရှိရမယ်။ နိုင်ငံခြားသားပိုင်လည်း ရှိရမယ်။ နိုင်ငံခြားသားနဲ့ ပုဂ္ဂလိကပိုင်လည်း ရှိရမယ်။ mix economic ပေါ့”

ဒီမိုကရေစီနိုင်ငံ တည်ဆောက်သည့် ကာလတွင် ဖြေရှင်းသင့်သည့် အရာများ

“ကျနော်တို့နိုင်ငံဟာ လူမျိုးပေါင်း မြောက်မြားစွာနဲ့ တည်ဆောက်ထားတာဆိုတော့ တိုင်းရင်းသား ဒေသတွေရယ်၊ ငြိမ်ဝပ်ပိပြားရေးတို့၊ အမျိုးသား ညီညွတ်ရေးတို့၊ အဲဒါတွေက အခြေခံပဲ။ အရေးကြီးတယ်။ ဒါတွေပြီးမှ စီးပွားရေး တည်လို့ရမယ်”

လက်ရှိ စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် အမြင်သဘောထား

“စာနယ်ဇင်း လွတ်လပ်ခွင့်တွေက အပြည့်အဝရမယ် မထင်ဘူး။ အထိန်းရှိရမယ်၊ အထိန်းအချုပ်မရှိရင် လျှောက်လုပ်မှာပေါ့၊ အများပြည်သူအနေနဲ့၊ ဘုတ်အဖွဲ့အနေနဲ့ လုပ်မှာပေါ့။ ကျနော်တို့က media ဘက်ကို အားနည်းတယ်၊ Media အရေးပါတဲ့အပိုင်း အများကြီး ရှိပါတယ်”

၂ဝဝ၈ အခြေခံဥပဒေအပေါ် အမြင်သဘောထား

“ကျနော်တို့နိုင်ငံတော်မှာ လိုအပ်နေတဲ့ ဖွဲ့စည်းပုံကို ဖြစ်အောင်ရေးဆွဲတဲ့ ပုံစံပဲ။ ဒီပုံစံနဲ့ သွားနေရမှာပဲ။ ကျနော်တို့ဆီမှာ အရင်တုန်းက ဒီအတိုင်း ဖြစ်လာခဲ့တာပဲ။ ၂ဝဝ၈ အခြေခံဥပဒေက စာရွက်ပေါ်မှာ ရေးထာတာပါ၊ ဘာမှ လုပ်မရပါဘူး”