www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးထွန်းအောင်ကျော်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးထွန်းအောင်ကျော်
(ဥက္ကဋ္ဌ၊ ခေတ်သစ်ပြည်သူ့ပါတီ)

အမည်                           ဦးထွန်းအောင်ကျော်
မွေးသက္ကရာဇ်                   ၇.၇.၁၉၄၆
မိဘ                               ဦးဘိုးထီး၊ ဒေါ်ညမေ
မွေးရပ်                           ကျောက်ဖြူခရိုင်၊မန်အောင်မြို့နယ်၊ ကမားကျေးရွာ
မွေးချင်း                          ၅ ဦး အနက် အကြီးဆုံး
မိသားစု                          ဇနီး - ဒေါ်ရီရီစံ (အငြိမ်းစား ကျောင်းဆရာမ) (သားသမီး မထွန်းကား)
ပညာရေး                        ၁၉၆၅ ခုနှစ်တွင် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် အမှတ် ၅ အထက်တန်းကျောင်းမှ အထက်တန်းအဆင့် ဖြေဆိုခဲ့။
ပါတီအဖွဲ့စည်း                  ဥက္ကဋ္ဌ - ခေတ်သစ်ပြည်သူ့ပါတီ၊ အထွေထွေ အတွင်းရေးမှူး - ခေတ်သစ်သိပ္ပံ နိုင်ငံရေး ဘောဂဗေဒ ကျောင်းတော်သားစုအဖွဲ့
နေရပ်လိပ်စာ                   ဟံသာရိပ်မွန်အိမ်ရာ ရန်ကုန်တိုင်း ကမာရွတ် မြို့နယ်။


နိုင်ငံရေးနောက်ခံ

“၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးကစပြီး အလံနီပါတီရဲ့ တင်ပြချက်တွေကို စိတ်ဝင်စားတယ်။ ၁၉၆၅ ခုနှစ် တန်းမြင့် အထက်တန်းစာမေးပွဲ ဖြေဆိုပြီးချိန်ကစပြီး အလံနီကွန်မြူနစ်ပါတီဝင်ပြီး တောခိုခဲ့တယ်။ ၉ နှစ် အကြာ ၁၉၇၄ ခုနှစ်မှာ ဥပဒေတွင်းကို လက်နက်ချပြီး ပြန်ဝင်ခဲ့တယ်။ တောခိုစဉ်က မြို့နယ်နဲ့ ခရိုင် တာဝန်ခံအဖြစ် တာဝန်ယူခဲ့တယ်။ တပ်ခွဲ နိုင်ငံရေးမှူးအဖြစ်နဲ့ ၁၉၇၂ ခုနှစ်မှာ အလံနီပါတီရဲ့ တောင်ပိုင်း ဗျူရိုထိန်းသိမ်းရေး ကော်မတီရဲ့ ယာယီအတွင်းရေးမှူး ဖြစ်ခဲ့တယ်။ ဒီ့နောက်  ထိုင်း-မြန်မာနယ်စပ်မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၊ ဗိုလ်ရန်နိုင်တို့ တောခိုနေတုန်း အလံနီပါတီ ကိုယ်စားပြုပြီး တပ်ပေါင်းစု ဖွဲ့ခဲ့တယ်။ ကမ္ဘာ့ဆိုရှယ်လစ်စနစ်ရဲ့ အမှားကို လေ့လာတယ်''

''ပြန်ဝင်ပြီးတဲ့နောက်မှာ ၁၉၈ဝ ခုနှစ်မှာ ဆရာကြီး သခင်စိုး ထောင်ကလွတ်ပြီး ခေတ်သစ်သိပ္ပံ နိုင်ငံရေး ဘောဂဗေဒကို လေ့လာခဲ့တယ်။ အကြွင်းမဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို သခင်စိုးနဲ့အတူ ခံယူပြီးတော့ ကမ္ဘာ့ဆိုရှယ်လစ်စနစ်ရဲ့ အမှားကို တင်ပြလာခဲ့တယ်။ ပြည်သူတွေကို ချပြတယ်။ စာစောင်စာရွက်တွေ ထုတ်ဝေတယ်။ ဦးနေဝင်း အစိုးရကိုလည်း တင်ပြတယ်။ သခင်စိုးရဲ့ ကိုယ်ရေးအတွင်းရေးမှုးအဖြစ် ၁၉၈ဝ ကနေ ၁၉၈၉ ခုနှစ်အထိ ဆောင်ရွက်ခဲ့တယ်။ ၁၉၈ဝ ခုနှစ် အောက်တိုဘာလမှာ ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လော့လာရေး ကျောင်းတော်သားစုကို ဖွဲ့ခဲ့တယ်။ အဲဒီကစပြီး မူဝါဒရေးရာတွေကို သုတေသနပြု လေ့လာပြီး အစိုးရကိုလည်း တင်ပြတယ်။ စက်မှုဖွံ့ဖြိုးပြီး အရင်းရှင်နိုင်ငံတွေကိုလည်း ပို့တယ်။ အခု စီးပွားရေး အကျပ်အတည်းကြီး ကြုံမယ်ဆိုတာကိုလည်း ကြိုပြီး ၁၉၈ဝ ခုနှစ်လောက်ကစပြီး အစိုးရကို တင်ပြလာခဲ့တယ်။ ပြီးတော့ ၁၉၈၉ ခုနှစ်  နိုင်ငံရေးပါတီတွေ ဖွဲ့တဲ့အခါမှာ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီဆိုပြီး ဖွဲ့ခဲ့တယ်''

''ပါတီဗဟိုနဲ့ ပေါ်လစ်ဗျူရိုအဖွဲ့မှာ အထွေထွေ အတွင်းရေးမှူး လုပ်ခဲ့တယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ နေရာ ၁ဝ ခုကနေ ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ပေမယ့်လည်း မနိုင်ခဲ့ပါဘူး။ ၉၂ ခုနှစ်မှာ ပါတီ ဖျက်သိမ်းခံရတယ်။  ပါတီဖျက်သိမ်းခံရချိန်ကနေ ခေတ်သိပ္ပံ နိုင်ငံရေး ဘောဂဗေဒ  လေ့လာရေး ကျောင်းတော်သားစုကို ပြန်ဦးဆောင်ပြီး အခုထိ မူဝါဒတွေကို သုတေသနလုပ်ပြီး တွေ့ရှိချက်တွေကို တင်ပြတယ်။ နိုင်ငံရေး အတွေးအမြင်တွေကို ပြည်တွင်းထုတ် အတွေးအမြင် စာစဉ်မှာ ဆောင်းပါရေးတယ်။ အမေရိကန် စီးပွာရေး ပိတ်ဆို့မှုနဲ့ ပတ်သတ်လို့ အစိုးရ သတင်းစာမှာလည်း ရေးတယ်။ ဦးထွန်းအောင်ကျော် (မန်အောင်)၊ အောင်မိုးစံ၊ အောင်ဇေမင်း နာမည်တွေနဲ့ ရေးတယ်”

လက်ရှိ ဆောင်ရွက်နေသော အဖွဲ့အစည်း

“ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစု အဖွဲ့မှာ အဖွဲ့ဝင် ၂ သိန်းနီးပါး ရှိနေပြီ။ အဘတို့မှာ ဖွဲ့စည်းပုံးက ဥက္ကဋ္ဌ ဆိုတာ မရှိဘူး။  အထွေထွေ အတွင်းရေးမှူးပဲ ရှိတယ်။  အဘက အထွေထွေ အတွင်းရေးမှူး တာဝန်ယူထားတယ်။ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးတင်စိုး ဖြစ်တယ်”

ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု

“ရွေးကောက်ပွဲဝင်ဖို့ ခေတ်သစ်ပြည်သူ့ပါတီလို့ ဖွဲ့ထားပါတယ်။ ခေတ်သစ်ဆိုတဲ့ စကားလုံးက ခေတ်သစ်…. ကျောင်းတော်သားစုကို အခြေခံပြီး ယူပါတယ်။ လူ့အဖွဲ့အစည်းကို အမြဲတမ်း ရှေ့သို့ရောက်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ပါ''

''အတိတ်က နိုင်ငံရေးလုပ်ရပ်နဲ့ ပတ်သတ်ပြီး အဘတို့မှာ အမှား ၂ ခု ရှိခဲ့တယ်။ တခုကတော့ ဆိုရှယ်လစ် လမ်းစဉ်ကို ချက်ချင်း အကောင်အထည်ဖော်ခဲ့တယ်။ အဲဒါကို တော်လှန်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို အကောင်အထည် ဖော်ခဲ့တယ်။  ခါးသီးနာကြည်းစရာကောင်းတဲ့ အတိတ်ရဲ့ သမိုင်းစဉ်ကို သင်ခန်းစာယူပြီး အကြွင်းမဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ခံယူထားတယ်။ အဘတို့ရဲ့ အဖွဲ့ဝင်တွေဟာ ဖြစ်နိုင်ရင် ငြိမ်းချမ်းရေး လမ်းစဉ်ကို ကိုင်စွဲပြီး၊ မဖြစ်နိုင်ရင် အကြမ်းဖက်မယ့် ဆိုတာမျိုး မဖြစ်ရဘူး။ အကြွင်းမဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကိုသာ  လုံးဝ ခံယူတဲ့သူ ဖြစ်ရတယ်''

''ပါတီအနေနဲ့ ရွေးကောက်ပွဲကို  နိုင်ငံတဝှန်းလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်။ အဓိကအားဖြင့်တော့ အဖွဲ့ဝင်တွေရှိတဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်တွေက ပြိုင်မယ်။ ရွေးကောက်ပွဲ မှတ်ပုံတင် ကျလာပြီဆိုမှ ကော်မတီထိုင်ပြီး ဘယ်သူဘယ်နေရာက ဝင်မယ်ဆိုတာ ဆုံးဖြတ်ရမှာပါ”

ရွေးကောက်ပွဲ ဝင်လိုသည့် ရည်ရွယ်ချက်


“ရွေးကောက်ပွဲ ဝင်လိုတဲ့ ၄ ချက် ရှိပါတယ်။  (၁) အချက်က အန်ကယ်တို့ အဖွဲ့ဝင်တွေက ဖြစ်နိုင်ရင် ငြိမ်းချမ်းရေး လမ်းစဉ်ကိုသာ ကိုင်စွဲပြီး မဖြစ်နိုင်ရင် အကြမ်းဖက်မယ်ဆိုတဲ့ လမ်းစဉ်ကို  မကျင့်သုံးဘဲ အကြွင်းမဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကိုသာ လက်ခံတဲ့အတွက် ဒီလမ်းစဉ်နဲ့ နိုင်ငံရေးပါတီအဖြစ် ထူထောင်ရပ်တည်ပြီး  ပြည်သူ့ အကျိုးကို ဆောင်ရွက်သွားနိုင်ဖို့ ဖြစ်တယ်။ (၂) အချက်က  နှစ်ပေါင်း ၂ဝ အတွင်း လွတ်လပ်ပွင့်လင်းလာတဲ့ ပါတီစုံ အထွေထွေ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် အရွေးခံပြီး ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်။ (၃) က နိုင်ငံရေးကို ဖြစ်ချင်တာက မစတင်နိုင်တဲ့အတွက် ဖြစ်သင့်တဲ့၊ ဖြစ်နိုင်ခြေက စတင်ကျင့်သုံးမှသာ  ပကတိ လူမှုဘဝနဲ့အညီ ဖြစ်ပေါ်တိုးတက်လာနိုင်မယ်။ လက်ရှိ ၂ဝဝ၈  ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြင်ဆင်ဖို့ လိုအပ်လာရင်လည်း ပေါ်ပေါက်လာမယ့် လွှတ်တော်ထဲမှသာ ပြင်ဆင်ခြင်းက ဝေဒနာပြုန်းတီးမှု အနည်းဆုံး ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တာပါ”

ကြွေးကြော်သံ

“အကြွင်းမဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ဖြင့် ဒိမိုကရေစီနိုင်ငံ ထူထောင်ရေး”

လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် သုံးသပ်ချက်

“နိုင်ငံတနိုင်ငံရဲ့ ခေတ်မီတိုးတက်မှု အခြေအနေက အဲဒီနိုင်ငံရဲ့ စီးပွားရေး ကုန်ထုတ်လုပ်မှုအပေါ်မှာ မူတည်တယ်။ ဆင်းရဲပြီး ခေတ်နောက်ကျတဲ့ နိုင်ငံမှာ ဒီမိုကရေစီ မထွန်းကားဘူး။ ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာသာ ဒီမိုကရေစီထွန်းကားတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ် ဖွင့်ထားပြီ၊ ပါတီစုံ ဒီမိုကရေစီစနစ် ပေးလိုက်ပြီ။ တရုတ်မှာဆိုရင် ဈေးကွက် စီးပွားရေးပဲ ဖွင့်တယ်။ ပါတီစုံ မပေးဘူး။ ဗီယက်နမ်မှာလည်း ဒီလိုပဲ။ အခု မြန်မာနိုင်ငံမှာ ပါတီစုံနဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ပေးလိုက်ပြီဆိုတော့ စီးပွားရေး ပိတ်ဆို့မှုသာ မရှိရင် အများကြီး တိုးတက်လာနိုင်တယ်''

''မြန်မာနိုင်ငံမှာ ဘယ်လမ်းစဉ်စနစ် ကျင့်သုံးမလဲမေးရင် စက်မှုအရင်းရှင်စနစ် ဖွံ့ဖြိုးအောင် အစွမ်းကုန်လုပ်မယ်။ ဒါမှသာ ဆင်းရဲသား၊ အလုပ်သမား၊ လယ်သမားတွေရဲ့ ဘဝကလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မယ်။ ပဒေသရာဇ်ခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်မှာလည်း မဖွံ့ဖြိုးနိုင်ဘူး။ စက်မှုအရင်ရှင်စနစ် အောက်မှာသာ ဖွံ့ဖြိုးနိုင်မယ်။ ဘဘတို့ တည်ဆောက်မယ့် အရင်းရှင်စနစ်ဆိုတာက အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်၊ ဂျပန်တို့လို စနစ်တည်ဆောက်မှာ မဟုတ်ဘူး။ သူတို့တွေက ဖားတပိုင်း ငါးတပိုင်း၊ မြေရှင်တပိုင်း အရင်းရှင်တပိုင်း နိုင်ငံတွေ။ သူတို့တွေက လွတ်လပ်စွာ ထုတ်လုပ်ရောင်းချ၊ ရွေးကောက်ခွင့်တွေ ပေးထားပြီး၊ မြေကို ပုဂ္ဂလိကပိုင်ခွင့် ပြုထားတယ်''

''လူဦးရေ အကန့်အသတ်မရှိ ပွားနေတဲ့အခါ မြေယာတွေက နည်းလာတဲ့အတွက်  မြေဈေးတွေ အကန့်အသတ်မရှိ တက်လာတယ်။ ဘာမှမလုပ်တဲ့ မြေရှင်တွေ ကြီးပွားလာတယ်။ မြေဈေးတက်တဲ့အတွက် မြေမှာ အခြေစိုက် ထုတ်လုပ်ရတဲ့ ပစ္စည်းတွေက ဈေးတက်လာတယ်။ ဒီနေ့ တရုတ်ပြည်မှာ မြေဈေး မတက်တဲ့အတွက် တရုတ်ထွက်ကုန်က ဈေးပေါတယ်။ တရုတ်၊ ဂျပန်တို့ရဲ့ ပစ္စည်းက ၂ဝဝဝ ဆိုရင် တရုတ်ထွက်ကုန်က ၂ဝဝ ဖြစ်မယ်။ တရုတ်က ကမ္ဘာ့ဈေးကွက်မှာ အသာစီးရနေတာ ပုဂ္ဂလိက မြေရှင်စနစ် မရှိလို့ပဲ။ တရုတ်လို မြေကိုတော့ နိုင်ငံပိုင်လုပ်ထားပြီး နိုင်ငံရေးကို ထိန်းချုပ်ထားတဲ့ စနစ်လည်း မဟုတ်ဘူး''

''ဘဘတို့ ထူထောင်မယ့်၊ စံပြနိုင်ငံအဖြစ် ထူထောင်မယ့် လမ်းစဉ် (၁) က မြေကို လူ့အဖွဲ့အစည်း ပိုင်ရမယ်။ မြေရှင်စနစ် မရှိရဘူး။ (၂) ဈေးကွက်စီးပွားရေးနဲ့ ဒီမိုကရေစီစနစ်ဖြစ်တဲ့ အရင်းရှင် စီးပွားရေးစနစ် လွတ်လပ်မှုကို အစွမ်းကုန် ဖွင့်ပေးမယ်။ အဲဒီ နှစ်ခုကို ပူပေါင်းပြီး နိုင်ငံတည်ဆောက်မယ်”

လက်ရှိ အစိုးရအပေါ် သဘောထား

“လက်ရှိအစိုးရနဲ့ ပူးပေါင်းပြီး ဒီမိုကရေစီ ထူထောင်ရေးလမ်းကို ရွေးတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံရေးကို လေ့လာတဲ့အခါ လမ်း ၂ သွယ်ကို တွေ့ရတယ်။ ပထမတလမ်းက  အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်တို့ သွားတဲ့ လမ်း။ ပါလီမန်စနစ် ဘွားခနဲပေါ်တယ်။ သူတို့မှာ ဘုရင်နဲ့ ပါလီမန်လွန်ဆွဲပြီးနောက်ပါ။ ဒုတိယ တလမ်းကတော့ ဂျပန်၊ ဂျာမဏီတို့ သွားတဲ့လမ်း။ သူတို့ကျတော့ ဟိုနိုင်ငံတွေလို အရင်းရှင်စနစ် မရှိသေးဘူး။ အဲဒါကြောင့် အစဉ်အလာအုပ်ချုပ်တဲ့ လူတွေက ဦးဆောင်ပြီး စက်မှုအရင်းရှင်စနစ်ကို တည်ဆောက်တယ်။ အခု ဘဘတို့ နိုင်ငံမှာလည်း အစဉ်အလာ အုပ်ချုပ်တဲ့ လူတွေနဲ့ပဲ ဒီမိုကရေစီစနစ်ကို သွားရမယ်”

နိုင်ငံတည်ဆောက်ရေးအတွက် လက်တလော ဖြေရှင်းသင့်သည့် မူဝါဒ

“လောလောဆယ် ဖြေရှင်းသင့်တဲ့ မူဝါဒကတော့ လတ်တလော ပေါ်ပေါက်လာမယ့် ရွေးကောက်ပွဲကို အကောင်အထည် ဖော်နိုင်ဖို့ပဲ။ လွှတ်တော်ပေါ်လာနိုင်မှသာ မြန်မာနိုင်ငံသည် တပ်မတော်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးကို ပြောင်းနိုင်မယ်”

စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် သဘောထား


“စာနယ်ဇင်း လွတ်လပ်ခွင့်ကတော့ အပြည့်အဝ ရှိသင့်တယ်။ စာပေလွတ်လပ်ခွင့် မရှိရင် လူထုတွေ အသိပညာ မဖွံ့ဖြိုးနိုင်ဘူး။ မြန်မာနိုင်ငံမှာ စာပေလွတ်လပ်ခွင့်မှာ အတားအဆီးအချို့ ရှိနေတယ်။ အဲဒါကလည်း အုပ်ချုပ်သူနဲ့ အတိုက်အခံကြားမှာ အနောက်နိုင်ငံတွေက ဝင်ရောက်စွက်ဖက်နေတာဟာ အုပ်ချုပ်နေတဲ့ အစိုးရကို အဆိုးမြင်ပြီး အတိုက်အခံဘက်မှာ အကြွင်းမဲ့ အကောင်းမြင်ဝါဒ ကျင့်သုံးနေတာကိုး။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ပက စွက်ဖက်မှု  ကင်းသွားရင် သတင်းလွတ်လပ်ခွင့် ရှိလာမယ်လို့ ယုံကြည်တယ်။ သတင်းလွတ်လပ်ခွင့်ကို ဖုံးထားတဲ့ နိုင်ငံတွေဟာ မတိုးတက်ဘူး။ သတင်းလွတ်လပ်မှုရှိမှ တိုးတက်တယ်ဆိုတဲ့ အချိန်အခါ ဖြစ်လာတယ်လို့ သုံးသပ်မိတယ်။ အနိုင်ရခဲ့ရင်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဖွင့်ပေးမယ်”

ရွေးကောက်ပွဲနိုင်ခဲ့လျှင် ပြည်သူများအတွက် ပြုလုပ်ပေးနိုင်မည့် ယုံကြည်ချက်

“လွတ်လပ်တဲ့  ပုဂ္ဂလိက ဈေးကွက်စီးပွားရေးစနစ် ပေါ်ပေါက်အောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်တယ်”