www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးလှမြင့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးလှမြင့်
(ဒုဥက္ကဋ္ဌ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ - UDP)

အမည်                                       ဦးလှမြင့်
မိဘ                                           ဦးဘထွန်း၊ ဒေါ်တင်တင်
မွေးသက္ကရာဇ်                               ဒီဇင်ဘာလ၊ ၁၉၄၅္လ
မွေးရပ်                                       ရေနံချောင်းမြို့၊ မကွေးတိုင်း
မွေးချင်း                                      ၁ဝ ဦးအနက် ၆ ယောက်မြောက်
ပညာရေး                                    ဘူမိဗေဒ ဘွဲ့(မန္တလေး တက္ကသိုလ်- ၁၉၇၅)
လက်ရှိနေရပ်                               သရက်မြို့၊မကွေးတိုင်း
အလုပ်အကိုင်                               စားသောက်ဆိုင်လုပ်ငန်း (သရက်မြို့)
လက်ရှိမိသားစု                             ဇနီးနှင့် သားသမီး ၄ ဦးရှိ
ပါတီ/တသီးပုဂ္ဂလ                         UDP ပါတီမှ သရက်မြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်။

နိုင်ငံရေး နောက်ခံ

၁၉၆ဝ ခုနှစ် နောက်ပိုင်းမှ စတင်၍ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ကာ နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် အလံနီ ပါတီဝင် ဖြစ်လာပြီး ၁၉၆၅-၆၆ တက္ကသိုလ် ပထမနှစ်တွင် အဖမ်းခံရပြီး ထောင်ကျခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ထောင်မှ ပြန်လွတ်လာကာ ကျောင်းပြန်တက်ခဲ့သည်။ ၁၉၈ဝ မှ ၁၉၈၈ ခုနှစ်အတွင်း အလံနီ ပါတီခေါင်းဆောင် သခင်စိုး၏ ရုံးအဖွဲ့မှူး ဖြစ်ခဲ့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီတွင်  တွဲဘက်အတွင်းရေးမှူး တာဝန်ယူခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ပါတီဖျက်သိမ်းခံရပြီး၊ ခေတ်သစ်သိပ္ပံ နိုင်ငံရေး ဘောဂဗေဒ သုတေသနနှင့် တိုးချဲ့ထုတ်လုပ်မှု ကျောင်းတော်သားများအဖွဲ့တွင် တွဲဘက် အတွင်းရေးမှူး တာဝန်ယူခဲ့သည်။ ၂ဝဝ၂ ခုနှစ် နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

ရွေးကောက်ပွဲတွင် ပါဝင်လိုသည့် ရည်ရွယ်ချက်

''လက်ရှိကတော့ တပ်မတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်။ ရွေးကောက်ပွဲ ပြီးသွားရင် အရပ်သားနဲ့ တပ်အုပ်ချုပ်ရေးဘက်ကို ပြောင်းလာမယ်ပေါ့ဗျာ။ အဲဒီမှာ ကျနော်တို့ လုပ်နိုင်တာတွေကို ပိုလုပ်လာနိုင်မယ်လို့ ယုံကြည်လို့ပါ''

လက်ရှိ အစိုးရ သဘောထား

''သူတို့လည်း နှစ် ၂ဝ အတွင်း လုပ်နိုင်သလောက် အများကြီး လုပ်ခဲ့ပါတယ်။ အုပ်ချုပ်ရေး ယန္တရားမှာတော့ Clean Government ဖြစ်ဖို့တော့ လိုသေးတယ်လို့ ထင်တယ်။ အလယ်အလတ်နဲ့ အောက်ခြေ ဝန်ထမ်းတွေကိုလည်း ပြည့်ပြည့်စုံစုံ ဖြစ်အောင်တော့ လုပ်ပေးသင့်တယ်။ ရုံးပြင်ကနားသွားတဲ့ အခါမှာလည်း တော်တော်လေးကို ဒုက္ခရောက်ကြတယ်။ အဲဒါတွေလည်း သန့်ရှင်းဖို့ လိုသေးတယ်''

ရွေးကောက်ပွဲ နိုင်ခဲ့လျှင်  ပြည်သူများအတွက် ပြုလုပ်ပေးမည်များ

''ကျနော်တို့ လူထုလူတန်းစား အားလုံးရဲ့ အသံကို နားထောင်တယ်။ အသံတွေ နားထောင်ပြီး  အဓိက Clean Government ဖြစ်ရေးကိုပဲ ကျနော်မြင်တယ်။ ပြင်စရာတွေတော့ များပါတယ်။ စီးပွားရေး၊ ကျန်းမာရေးတွေအပြင် အများကြီးပါ''

မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေး မူဝါဒအပေါ် သဘောထား


''လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးတာပေါ့။ အစိုးရလည်း ပြောတာပဲ။ ဒါပေမဲ့ ပြည်ပက စီးပွားရေး ပိတ်ဆို့တာတွေ မဖြစ်အောင် လုပ်ရမှာပေါ့''

နိုင်ငံတည်ဆောက်ရေး လတ်တလော ဖြေရှင်းသင့်သည့် မူဝါဒ

''နယ်စပ်က ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ ကာကွယ်ရေး အသွင်ပြောင်းတာလည်း အရေးကြီးတယ်။ လောလောဆယ်မှာ အပစ်အခတ်ရပ်ဆိုပေမယ့် ဖွဲ့စည်းပုံမှာက ကာကွယ်ရေးတပ်က တခုပဲ ရှိရမှာကို။ အဲဒီ အသွင်ပြောင်းမယ့် ကိစ္စမှာလည်း ပြည်ပနိုင်ငံကြီးတွေက အားပေးသင့်တယ်။ အဲဒါက တော်တော်လေးကို အရေးကြီးပါတယ်''

စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် သဘောထား

''မူအရတော့ လက်ခံတယ်။ စာနယ်ဇင်းကလည်း တိုင်းပြည်မှာ စတုတ္ထမဏ္ဍိုင် ဖြစ်ပါတယ်။ သို့သော် ရေးတဲ့ ပုဂ္ဂိုလ်များကလည်း တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့်ဟာ ရေးရင် ကောင်းတာပေါ့။ ဒါပေမဲ့ တဖက်နဲ့ တဖက် ပြဿနာဖြစ်စေမယ့် အရေးကို ဇောင်းပေးရေးရင်တော့ မကောင်းဘူးပေါ့ဗျ။ အားလုံးက တိုင်းပြည် ထူထောင်ရေးကို ပူးပေါင်းလုပ်ကြရင် ကောင်းတာပေါ့။ လွတ်လပ်ခွင့် ဆိုတဲ့ စကားလုံးက ကျယ်ပြန့်ပါတယ်။ အဲဒါကို ကျနော်တို့က တဆင့်ချင်း သွားသင့်တယ်။ စင်္ကာပူတို့လည်း ဒီလိုပဲ။ ဗိုလ်ချုပ်အောင်ဆန်း ပြောသလို ကျနော်တို့က တိုင်းပြည်ထူထောင်ဖို့ ကုန်းရုန်းလုပ်ရဦးမှာ။ ထူထောင်တဲ့ နေရာမှာ စာနယ်ဇင်းသမားတွေလည်း အားသွန်ခွန်စိုက် ပါစေချင်တယ်''