www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးဖြိုးမင်းသိန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးဖြိုးမင်းသိန်း

အမည်                           ဖြိုးမင်းသိန်း ခေါ် ကိုဖြိုး
မိဘ                               ဦးခင်ထွန်း၊ ဒေါ်ခင်ခင်အေး
မွေးသက္ကရာဇ်                   ၁၃. ၄. ၁၉၆၉
မွေးချင်း                          ၄ ဦးအနက် အငယ်ဆုံး
ပညာ အရည်အချင်း           ရူပဗေဒ ဒုတိယနှစ်၊ ရန်ကုန် တက္ကသိုလ် (ဗိုလ်တထောင်)၊  ၁၉၈၈ ခုနှစ်
မိသားစု                          ဇနီး ဒေါ်ခင်မိမိကြွယ်၊ သားသမီး မရှိ
အလုပ်အကိုင်                   နိုင်ငံရေးသမား
အဖွဲ့စည်း/တသီးပုဂ္ဂ           ရွေးချယ်ထားခြင်း မရှိသေး

နိုင်ငံရေးလှုပ်ရှားမှု

၁၉၈၈ အထွေထွေသပိတ်တွင် သံလျင်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကို လျို့ဝှက်စွာ ဦးဆောင်ဖွဲစည်းပြီး ယင်းအဖွဲ့တွင် ခေါင်းဆောင် ၅ ဦးမှ တဦးဖြစ်ကာ အထွေထွေ အတွင်းရေးမှူးတာဝန် ယူခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဟံသာဝတီခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။ ၁၉၉ဝ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းရေးကော်မတီ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် (အောက်ဗမာပြည်) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည်။

လက်ရှိနိုင်ငံရေးအပေါ် သုံးသပ်မှု

''၂ဝဝ၈ ဖွဲ့စည်းပုံကို ကြိုတယ်မကြိုက်ဘူး၊ ၂ဝ၁ဝ ကို ဖြတ်သန်းသင့်တယ် မသင့်ဘူးလို့ ဆွေးနွေးနေကြတဲ့ အခြေအနေဟာ လက်ရှိ အခြေအနေရတော့ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အရွေ့တခုတော့ ရွေ့သွားပြီလေ။ အဲဒီလို အခြေအနေအပေါ်မှာ အကောင်းဆုံး ဆောင်ရွက်ဖို့လိုတယ်လို့ ထင်တယ်''

လက်ရှိ အစိုးရအပေါ်မှာ သဘောထား

''လက်ရှိအစိုးရက စစ်တပ်က အသွင်အမျိုးမျိုး ပြောင်းပြီး၊ အုပ်ချုပ်တဲ့ အစိုးရလို့ မြင်တယ်။ နိုင်ငံရေးကာလ တော်တော်များကို ဖြတ်သန်းခဲ့တဲ့အတွက် နိုင်ငံရေးအာဏာကို ဘယ်လိုချုပ်ကိုင်ရမလဲ ဆိုတာကို သိနေတဲ့ အစိုးရလို့ မြင်တယ်''

ဝင်ရောက် အရွေးခံမည့် အခြေအနေ

''ကျနော်တို့ အင်အားစုတွေကို စုစည်းပြီး အလယ်အလတ် ပါတီတရပ်ကို ထူထောင်ဖို့ ကြိုးစားနေတယ်။ အဲဒီပါတီကနေပြီး ရွေးကောက်ပွဲ ဝင်မလား၊ မဝင်ဘူးလား ဆိုတာကို ပါတီတွေရဲ့ ရှင်သန်နိုင်ခွင့်အပေါ် မူတည်ပြီး စဉ်းစားမယ်''

နိုင်ငံရေး ကြွေးကြော်သံ

''စစ်အုပ်ချုပ်ရေးကို ရပ်တန့်သွားဖို့အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဖြတ်သန်းသင့်တယ်လို့ ကိုင်စွဲထားတယ်''

ရွေးကောက်ပွဲနိုင်ရင် လူထုအတွက် ဘာတွေ လုပ်ပေးမလဲ

''အကောင်းဆုံး လုပ်ပေးနိုင်ဖို့ ကြိုးစားမှာပါ။ Liberal Democratic Constitution တခုကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ကြိုးစားမယ်''

လက်ရှိ စီးပွားရေးအပေါ် သုံးသပ်ချက်


''လက်ရှိ စီးပွားရေးက အမေရိကန် စီးပွားရေးဂယက်ကြောင့် တော်တော်လေးကို ကျနေတယ်။ ဒါတွေကို မြှင့်တင်နိုင်ဖို့ လူလတ်တန်းစားတွေရဲ့ စီးပွားရေးကို မြှင့်တင်ပေးဖို့ လိုအပ်တယ်။ laissez faire မူဝါဒကို သဘောကျတယ်။ စီးပွားရေးမူဝါဒမှာ အစိုးရရဲ့ စွက်ဖက်မှု ကင်းရမယ်လို့ မဆိုလိုဘူး။ ပါသင့်သလောက် ပါရမယ်''

နိုင်ငံတည်ဆောက်ရေးမှာ လတ်တလော မဖြစ်မနေ ဖြေရှင်းသင့်တဲ့ မူဝါဒ

''လက်ရှိ နိုင်ငံတည်ဆောက်ရေးမှာ ပညာရေးနှင့် ကျန်းမာရေးက  အလွန်အရေးကြီးနေပါတယ်။ မြန်မာနိုင်ငံမှာ အခု ကလေးတွေဟာ အာဟာရ မပြည့်ဝမှုတွေ ဖြစ်နေတယ်။ ဒါရဲ့ နောက်ဆက်တွဲက ကေးလးတွေ ဥာဏ်ရည်မမီတာတွေ ဖြစ်လာမယ်။ ပညာရေးကို ကောင်းကောင်း သင်ယူနိုင်မှာ မဟုတ်တော့ဘူး။ ပညာရေးတွေ နိမ့်ကျလာရင် နိုင်ငံရဲ့ အလားအလာလည်း မကောင်းတော့ဘူး။ ပညာရေးမှာလည်း လစ်ဘရယ် ပညာရေးစနစ်ကို သွားသင့်တယ်။ ပညာရေးမှာ သင်ကြားရေး၊ လေ့လာရေး၊ တုံ့ပြန်ရေးဆိုတာ လိုအပ်ပါတယ်။ အခု ဒီမှာက ကြက်တူရွေး ပညာရေးစနစ် ဖြစ်နေတဲ့အတွက်  ဘွဲ့ရပြီးတာတောင် ဘာလုပ်စားရမယ်ဆိုတာ မသိကြဘူး ဖြစ်နေတယ်။ ဒါတွေကို ဖြေရှင်းသင့်တယ်''

စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် သဘောထား

''စာနယ်ဇင်းဆိုတာ စတုတ္ထမဏ္ဍိုင် ဖြစ်ပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုတာ တကယ်လိုအပ်ပါတယ်။ တိုင်းပြည်မှာ အတိုက်အခံနဲ့ အစိုးရကြား အမှားအမှန်ကို မီးမောင်းထိုးပြဖို့ မီဒီယာက လွတ်လွတ်လပ်လပ် ဖော်ပြနိုင်ဖို့ လိုအပ်ပါတယ်။ အနိုင်ရခဲ့ရင်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် အကောင်းဆုံး လုပ်ပေးဖို့ ဆုံးဖြတ်ထားပါတယ်''