www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္ဂနွေ, ၂၂ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးသိန်းကြည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးသိန်းကြည်
(အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်ပါတီ)

အမည်                           ဦးသိန်းကြည်
မိဘ                               ဦးအောင်မြင့်၊ ဒေါ်မြသန်း
မွေးသက္ကရာဇ်                   ၇. ၉. ၁၉၅၁
ပညာအရည်အချင်း            ဥပဒေဘွဲ့ (မကွေးကောလိပ်၊ ၁၉၈၁ ခုနှစ်)
အလုပ်အကိုင်                   တရားရုံးချုပ် ရှေ့နေ
မွေးချင်း                          ၅ ဦးအနက် သားအကြီးဆုံး
လက်ရှိမိသားစု                 သားသမီး ၃ ဦးရှိ
နေရပ်လိပ်စာ                   တောင်တွင်းကြီးမြို့၊ မကွေးတိုင်း

ရွေးကောက်ခံမည့် အခြေအနေ

ရွေးကောက်ပွဲ ဥပဒေထွက်လျှင် ပါတီထောင်ရန် ပြင်ဆင်ထားသည်။ အုပ်စုကွဲနေသည့် အမျိုးသားနိုင်ငံရေး အင်အားစုတွေကို ပေါင်းစည်းပြီး အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ် ဖွဲ့စည်းရန် ပြင်ဆင်ထားသည်။ အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်ပါတီဟု အမည်ပေးရန် လျာထားသည်။ ပါတီထောင်ပြီး ခေါင်းဆောင်ကောင်းများ ပေါ်ထွက်ရေးအတွက် ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ထားသည်။ ပါတီက လိုအပ်လျှင် ရွေးကောက်ပွဲ ဝင်မည်ဟု စဉ်းစားထားသည်။

နိုင်ငံရေး နောက်ခံ

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD ၏ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံသို့ ပါတီကိုယ်စားပြု တက်ရောက်ခဲ့သည်။ အမျိုးသားညီလာခံမှ NLD မထွက်သင့်ဟု ပြောဆိုခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ပါတီက ထုတ်ပယ်ခဲ့သည်။ တောင်တွင်းကြီးမြို့နယ်၏ အလုပ်အမှုဆောင် မြို့နယ်စည်း၊ တိုင်းစည်း ဖြစ်သည်။ NLD ၏ ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်ခဲ့သည်။

လက်ရှိနိုင်ငံရေးသုံးသပ်မှု

''နိုင်ငံတော်က လမ်းစဉ် ၇ ရပ် ချထားတယ်။ ၄ ရပ်က ပြီးသွားပြီ။ ၅ အဆင့်ဖြစ်တဲ့ ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်ရမယ်။ ဒါပြီးမှ လွှတ်တော်ပေါ်လာမယ်။ လွှတ်တော်ပေါ်ပြီးမှ အစိုးရသစ် ပေါ်လာမယ်လေ''

လက်ရှိ အစိုးရအပေါ် သဘောထား

''ပါတီတွေကလည်း အမျိုးသားအင်အားစု၊ ပြည်သူတွေကလည်း အမျိုးသား အင်အားစု၊ တပ်မတော်ကလည်း အမျိုးသား အင်အားစုပါပဲ။ တပ်မတော်ကို အမျိုးသား အင်အားစုအဖြစ် လက်ခံထားတယ်''

လက်ရှိစီးပွားရေးအပေါ် သဘောထား

''ဈေးကွက်စီးပွားရေးစနစ်က ဒီအတိုင်းပဲ သွားမှာပဲ။ ဈေးကွက်စီးပွာရေး ဖြစ်ပေါ်လာဖို့ လေ့လာကြည့်တဲ့အခါ ပတ်ဝန်းကျင် အခြေအနေတွေက အသင့်မဖြစ်ဘူးလေ။ အဲဒီတော့ တည်ဆောက်တဲ့ နေရာမှာ အခက်အခဲတော့ ရှိတာပေါ့''

ရွေးကောက်ပွဲဝင်လိုသည့်အကြောင်း သို့မဟုတ် ကြွေးကြော်သံ

''တပ်မတော်ရယ်၊ ပြည်သူတွေရယ်၊ ပါတီတွေရယ် ပူးပေါင်းဆောင်ရွက်မှ တိုင်းပြည်တိုးတက်မယ်လို့ ယုံကြည်ထားတယ်''

ရွေးကောက်ပွဲနိုင်လျှင် လူထုအတွက် ဘာလုပ်ပေးမည်

''နိုင်ခဲ့ရင်တော့ လုပ်စရာတွေ အများကြီး ရှိတယ်။ ၈၈ ကစပြီး အပြောင်းအလဲတွေ အများကြီးရှိတယ်။ အဲဒီ အပြောင်းအလဲပေါ်မှာ နိုင်ငံတာကာနဲ့အမီ တိုးတက်အောင်လုပ်ဖို့ အများကြီး ရှိပါတယ်''

နိုင်ငံတည်ဆောက်ရေးမှာ လက်ရှိ မဖြစ်မနေ ဖြေရှင်းသင့်သည့် မူဝါဒ

''ဖြေရှင်းရမည့် Sector တွေက အများကြီးပဲ။ ၈၈ နောက်ပိုင်းမှာ တိုးတက်လာတာတော့ ငြင်းလို့ မရဘူး။ နိုင်ငံတကာ စံနဲ့ စရင်တော့ နည်းနည်းနိမ့်သေးတယ်။ ရှိနေတဲ့ အခြေအနေပေါ်မှာ တိုးတက်အောင်လုပ်ဖို့ လိုအပ်ပါသေးတယ်''

စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် သဘောထား

''စာနယ်ဇင်း လွတ်လပ်ခွင့်ကတော့ ရှိရမယ်။ ဖွဲ့စည်းပုံ ဥပဒေမှာလည်း ပါပြီးသားပါ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ဆိုတဲ့နေရာမှာ အများသူငါ ထိခိုက်မှု မရှိအောင် တာဝန်ခံမှုတော့ ရှိရမှာပေါ့''