www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးကြည်ဝင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးကြည်ဝင်း
(အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ မင်္ဂလာဒုံ)
အမည်                           ဦးကြည်ဝင်း
အဘ                            ဦးမြင့်ဝေ
အမိ                               ဒေါ်အေးအေး
မွေးသက္ကရာဇ်                   ၁၂၊ ၉၊ ၁၉၄၉
အမျိုးသမီး အမည်             ဒေါ်မြမြ
သားသမီး                        ၂ ဦး
မွေးရပ်                           တောင်သာမြို့နယ်၊ မီးပေါက်ကျေးရွာ
ရာထူး                            ဗဟို သဘာပတိအဖွဲ့ဝင်
မွေးချင်း                          မောင်နှမ ၆ ဦးအနက် အကြီးဆုံး
လက်ရှိ နေရပ်လိပ်စာ         ၁၃/၄၂၊ ၁ဝ လမ်း၊ ပေါက်ကုန်း၊ မင်္ဂလာဒုံ
အဖွဲ့အမည်                      အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်
ပညာအရည်အချင်း            ၁၉၈ဝ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ အထက (၁) တွင် ၁ဝ တန်းအောင်မြင်ခဲ့သည်။ B.Sc (Mathematics) ၁၉၈၈ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်မှ အောင်မြင်ခဲ့သည်။
ပါဝင်ခဲ့သည့် အဖွဲ့များ         အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD တွင် ၁၉၈၉-၉၆ ခုနှစ်တွင် ရန်ကုန်တိုင်း စည်းရုံးရေး ဌာနမှူး၊
ဝင်ရောက်အရွေးခံမည့်
နယ်မြေ                          မင်္ဂလာဒုံ

ရွေးကောက်ပွဲ ဝင်ရောက်မည့် ကြွေးကြော်သံ

‘‘တရားမျှတပြီး လူတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်စေချင်ပါတယ်”

စစ်အစိုးအပေါ် အမြင်သဘောထား

“အခုရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို သဘောကျပါတယ်။ စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးစနစ်ကို အသွင်ပြောင်းတော့မှာ။ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို သွားတဲ့အချိန်မှာ ဒီရွေကောက်ပွဲ နည်းလမ်းဟာ အတိုဆုံး နည်းလမ်းလို့ ယူဆထားပါတယ်။ အတိုဆုံးနည်းနဲ့ အဖြောင့်ဆုံးနည်း၊ အနီးဆုံးက ဒီနည်းလမ်းပဲ ရှိပါတယ်။ အာဏာကိုလည်း တကယ် လွှဲပေးမယ်လို့ ထင်ပါတယ်။ ဒီရွေးကောက်ပွဲက မဖြစ်မနေ အကောင်အထည်ဖော်ပေးမှာပါ”

အမတ်အဖြစ် အရွေးခံခဲ့ရလျှင် ပြည်သူအတွက် လုပ်ဆောင်ပေးမည့် ရည်ရွယ်ချက်

“ပြည်သူတွေ စားဝတ်နေရေး ပြေလည်ရေး၊ မြန်မာတနိုင်ငံလုံး ရေမီး လုံလုံလောက်လောက် အသုံးပြုနိုင်ရေး၊ ကုန်ဈေးနှုန်းတွေ ကျလာရေး၊ အဲလောက်ဆိုရင် ပြည်သူလူထု အရမ်း စိတ်ချမ်းသာနေပြီ။ ဖြစ်နိုင်တာ မဖြစ်နိုင်တာက ဖြည်းဖြည်းချင်း သွားရမှာပေါ့”

လက်ရှိ စီးပွားရေး မူဝါဒအပေါ် အမြင်သဘောထား

“ဈေးကွက်စီးပွားရေး မကိုက်တာကို ကိုက်အောင် ပြင်ချင်တယ်။ ဈေးကွက်စီးပွားရေးကို အဟန့်အတား အနှောင့်အယှက် ဖြစ်နေတာတွေကို ပြုပြင်ချင်တယ်”

နှစ်သက်သည့် စီးပွားရေးမူဝါဒ

“စီးပွားရေးကို အပြိုင်အဆိုင် ဖြစ်စေချင်တယ်။ ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ်ပေါ့။ ပြည်တွင်းမှာလည်း ကုန်သည်ကြီးတွေက အပြိုင်အဆိုင်ဖြစ်ရမယ်။ အပြိုင်အဆိုင် ဖြစ်လာလို့ရှိရင် တယောက်နဲ့ တယောက် ဈေးပိုယူတာမရှိဘဲ ဈေးလျှော့ယူတာတွေ ရှိလာမယ်။ ဒီကုမ္ပဏီက ၅ ကျပ် ရောင်းရင်၊ ဒီက ၄ ကျပ်ခွဲ ဖြစ်ရမယ်။ အရင်းသာသာလောက်နဲ့ ရောင်းနိုင်အောင်၊ လူထုသက်သာအောင် အပြိုင်အဆိုင်တွေ ဖြစ်စေချင်ပါတယ်။ ပြည်သူလူထုကလည်း နိုင်ငံခြားက ကုန်တွေကို အခွန်သက်သက်သာသာနဲ့ ရစေချင်ပါတယ်။ အထူးသဖြင့် အာဆီယံနိုင်ငံတွေနဲ့ တန်းတူဖြစ်စေချင်တယ်”

ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေဆဲ ကာလတွင် လတ်တလော ဖြေရှင်းသင့်သည့် အရာများ

“ပြည်သူတွေအတွက် ကုန်ဈေးနှုန်းတွေ မတရားတက်တာတွေကို ဖြတ်ချချင်တယ်။ လျှပ်စက်မီးနဲ့ ရေကို လုံလုံလောက်လောက် သုံးစွဲနိုင်အောင် ဆောင်ရွက်ချင်တယ်။ မြန်မာပြည်အနှံ့ ငြိမ်းချမ်းရေး ရစေချင်တယ်။ မြန်မာပြည်အနှံ့ လမ်းပန်းဆက်သွယ်ရေး ကောင်းပြီး၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားလာနိုင်စေချင်တယ်။ သားသမီးတွေကို တကယ် ပညာတတ်စေချင်တယ်။ ပညာသင်စရိတ်က တတ်နိုင်သလောက် လျှော့ချပြီး၊ ဆင်းရဲချမ်းသာမရွေး တန်းတူတက်နိုင်စေချင်တယ်”

လက်ရှိ စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် အမြင်သဘောထား

“စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို အပြည့်အဝ ရနိုင်မယ် မထင်ဘူး။ စာနယ်ဇင်း လွတ်လပ်ခွင့်ကလည်း အများပြည်သူ ကောင်းကျိုးအတွက်ဆိုရင် လွတ်လပ်ခွင့် ပေးသင့်ပါတယ်။ ပြည်သူလူထု ကောင်းကျိုးအတွက်နဲ့ အသိပေးရမယ့် အရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့် ရစေချင်တယ်။  သတင်းလည်း ဦးရမယ်၊ မှန်လည်း မှန်ရမယ်။ အဲဒါမျိုး အပြိုင်အဆိုင် ဖြစ်စေချင်တယ်”

၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အပေါ် အမြင်သဘောထား

“အကောင်အထည် ပေါ်မလာဘူးဆိုတော့ ဒီနေ့ဒီအချိန်မှာ အတိတ်သွားရတော့မယ့်ဟာကို ပြန်ပြီး မတူးဆွချင်တော့ပါဘူး။ အနာဂတ်မှာ အခုလက်ရှိ ဘယ်လို ကောင်းအောင် သွားမယ်ဆိုတာကိုသာ စဉ်းစားတော့မယ်”

၂ဝဝ၈ အခြေခံဥပဒေအပေါ် အမြင်သဘောထား

“၂ဝဝ၈ အခြေခံဥပဒေကို အခုလောလောဆယ် ဒီအတိုင်း သွားရမှာပဲ။ လွှတ်တော်သက်တမ်းတခု၊ ဒါမှမဟုတ်ရင် သက်တမ်း နှစ်ခုလောက်ထိတော့ သွားကြည့်ရမှာပဲ။ သွားကြည့်လို့ ပြည်သူလူထုအတွက် အံမဝင်ဘူး၊ ပြင်စရာရှိရင် ပြင်ရမှာပေါ့။ အခုလောလောဆယ်တော့ ပြည်သူလူထုက အတည်ပြုထားတာ သက်တမ်း တခုနှစ်ခု မသွားပေးရင် ပြည့်သူ့အလိုကျ ဘယ်ဖြစ်မလဲ။ ကိုယ့်နိုင်ငံနဲ့ မကိုက်ညီတာရှိရင် လွှတ်တော်မှာ ပြန်ပြင်ယူရမှာပေါ့”

အခု ရွေးကောက်ပွဲအတွက် ပြည်သူ့အပေါ် ဖြစ်စေချင်တာ

“ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မယ့် ဘာအဖွဲ့မဆို ပြည်သူအနေနဲ့ ကိုယ့်အသိစိတ်နဲ့ကိုယ် ရွေးချယ်ပေးနိုင်ဖို့၊ မိမိထောက်ခံတဲ့ နိုင်ငံရေးပါတီကိုလည်း မိမိရဲ့ ဦးနှောက်အသိပညာတွေနဲ့ ဝေဖန်ပိုင်းခြားပြီး ထောက်ခံနိုင်ဖို့၊ အဲဒီအတွက်ကို ကျနော်တို့က တတ်နိုင်သမျှ ဗဟုသုတဆည်းပူးပြီး၊ လေ့လာပြီးတော့မှ ပြုလုပ်စေချင်ပါတယ် ဆိုတာကို အသိပေးချင်ပါတယ်”