www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၁၈ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးတင်မောင်အေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးတင်မောင်အေး
(မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဒု ဥက္ကဋ္ဌ - ၂)


အမည်                                       ဦးတင်မောင်အေး
မိဘ                                           ဦးတင်မောင်ဝင်း၊ ဒေါ်သန်းအေးဝင်း
မွေးသက္ကရာဇ်                               ၁. ၅. ၁၉၇၂
ပညာအရည်အချင်း                        B. A မြန်မာစာ (ရန်ကုန် တက္ကသိုလ်)
အလုပ်အကိုင်                               ကြော်ငြာလုပ်ငန်း
မွေးချင်း                                      ၃ ဦးအနက် အကြီးဆုံး
လက်ရှိ မိသားစုဦးရေ                     ၄ ဦး
နိုင်ငံရေးနောက်ခံ                          ၉ဝ ရွေးကောက်ပွဲ၌ ကြည်မြင်တိုင်မြို့နယ်ရှိ ပြည်ထောင်စု လူငယ် ကျောင်းသားများ ပေါင်းစည်းရေးအဖွဲ့တွင် ရုံးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့
ရွေးကောက်ခံမည့် နေရာ                 ကျောက်တံတားမြို့နယ်
ပါတီ သို့ တသီးပုဂ္ဂလ                     ပါတီ ကိုယ်စား ၀င်ပြိုင်မည်


လက်ရှိ နိုင်ငံရေး သုံးသပ်မှု

''အခြေခံဥပဒေနဲ့ မနေရတာ နှစ်ပေါင်း ၂ဝ ရှိပြီ။ ဒါကြောင့် ရွေးကောက်ပွဲကို အမြန်ဆုံး လုပ်သင့်နေတာကြာပြီ။ စစ်အစိုးရလို့ လူတွေမြင်နေကြတဲ့ လက်ရှိ အစိုးရက အခြေခံဥပဒေ ပေါ်ပေါက်လာအောင် စောင့်ရှောက်ပေးတဲ့ ကြားဖြတ်အစိုးရပါ။ ကြားဖြတ်အစိုးရက သမာသမတ်ကျတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မယ်လို့ မျှော်လင့်တယ်''

ရွေးကောက်ပွဲ ကြွေးကြော်သံ

''ကျနော်တို့မှာ ၈၈ ကတည်းက ယနေ့အချိန်ထိ အတွေ့အကြုံတွေ ရှိပြီးသား။ ဒါတွေကို နမူနာယူပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေမှာ ကျနော်ကတော့ ပညာရေးစနစ်ကို တိုးတက်အောင် လုပ်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲဝင်တာ။ အရင်တွေ့ခဲ့တဲ့ အခက်အခဲတွေကို လက်တွေ့ကျကျ  ဖြေရှင်းပြီး တခြား အမတ်လောင်းတွေ၊ စစ်အစိုးရဘက်က တက်လာမယ့် အမတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။

နိုင်ငံတည်ဆောက်ရေးအတွက် လတ်တလော ဖြေရှင်းသင့်တဲ့ အခြေအနေ

''နိုင်ငံတည်ငြိမ်အေးချမ်းပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကျင်းပနိုင်ဖို့  အရေးကြီးပါတယ်''

ရွေးကောက်ပွဲနိုင်ရင် လူထုအတွက် ဘာတွေ လုပ်ပေးမလဲ

''လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။ အဲဒါကတော့ လက်တွေ့ဖြစ်လာမယ့် အခြေအနေအပေါ်မှာ မူတည်ပြီး ပြောနိုင်မယ်။ အခုက ရွေးကောက်ပွဲ ဥပဒေ အသေးစိတ် မထွက်သေးတော့ ပြောဖို့ ခက်ပါတယ်။ ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေညာထားပေမယ့် ဘယ်လို ဖြစ်လာမယ်မသိဘူး''

စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် သဘောထား

''စာနယ်ဇင်းလွတ်လပ်ခွင့်က ရှိဖို့လိုအပ်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း မီဒီယာကို မဏ္ဍိုင်တခုအဖြစ်ထားပြီး နိုင်ငံတိုးတက်အောင် ဆောင်ရွက်နေကြတာ။ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ပိတ်ပင်ရင်လည်း တိုးတက်နေတဲ့ မီဒီယာခေတ်မှာ အသံမျိုးစုံ ထွက်လာမှာပါ''