www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးသိန်းတင်အောင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဦးသိန်းတင်အောင်
(ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့၊ လှိုင်မြို့နယ်)

ကိုယ်ရေးအကျဉ်း

အမည်

ဦးသိန်းတင်အောင်

မွေးသက္ကရာဇ

၁၂ . ၃ . ၁၉၆၈

မိဘအမည

ဦးသိန်းအောင်၊ ဒေါ်ခင်ခင်ဝင်း

မွေးရပ်ဇာတိ

လှိုင်မြို့နယ်၊ ရန်ကုန်တိုင်း

အိမ်ထောင်ဘက်

ဒေါက်တာ ဒေါ်နန်းညိုညိုဝင်း

အဖွဲ့အမည်

ပည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (Union Democratic Alliance)

ရာထူး

အဖွဲ့ဖြစ်မြောက်ရေး ကော်မတီဝင်

မွေးချင်း

မောင်နှစ်မ ၄ ဦး အနက် အငယ်ဆုံး

အကို ဦးရဲထွဋ်အောင်၊ အမ ဒေါ်မြင့်မြင့်ခိုင်၊ အကို ဦးအောင်သိန်းဝင်း

သားသမီး

၈ နှစ် အရွယ် သမီး တဦးရှိ

ဝင်ရောက်ယှဉ်ပြိုင်မည့် နယ်မြေ

လှိုင်မြို့နယ်ကို အကြမ်းဖျင်း ရည်ရွယ်ထား

ပညာအရည်အချင်း

၁၉၈၄ ခုနှစ်တွင် အထက - ၂ (ဒဂုံ) မှ ၁ဝ တန်း အောင်မြင်၊ ယင်းနှစ် ဒီဇင်ဘာတွင် ရန်ကုန်တက္ကသိုလ် (လှိုင်မြို့နယ်) တွင် ရူပဗေဒဘာသာ အဓိကဖြင့် ပထမနှစ် တက်ရောက်ခဲ့သည်။ အဆိုပါ တက္ကသိုလ်တွင် ဒုတိယနှစ်အထိ သင်ယူခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ရန်ကုန် ပင်မ တက္ကသိုလ်သို့ ပြောင်းရွှေ့ခဲ့သည်။

၁၉၈၈ ခုနှစ် စတုတ္ထနှစ် တက်ရောက်နေစဉ် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဘုန်းမော်နှင့် ကိုစိုးနိုင် အာဏာပိုင်များ၏ ပစ်ခတ်ခံရသဖြင့် သေဆုံးမှုနှင့် ပတ်သက်ပြီး ကျောင်းသား အရေးအခင်းတွင် ပါဝင်ခဲ့ရာမှ နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။

ထိန်းသိမ်းခံ ခုနှစ်              ကျောင်းသား ကိုဘုန်းမော် သေဆုံးမှုနှင့် ပတ်သက်ပြီး မတ် ၁၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်လမ်းမပေါ်ထွက်၍ ဆန္ဒပြနေစဉ် အင်းလျားကန်ဘောင်၌ လုံထိန်းများ၏ ဖမ်းဆီးခြင်းခံရပြီး၊ အင်းစိန်ထောင်တွင် ထိမ်းသိန်းခံခဲ့ရသည်။ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် နိုင်ငံတော်ကောင်စီက ကျောင်းသား ၁၄၁ ဦးအား ပြန်လွှတ်ပေးခဲ့ရာတွင် ပါဝင်ခဲ့သည်။

ထို့နောက် ၁၉၉၁ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ပြန်လည်ဖွဲ့စည်းရန် စာပြုစုထားပြီး၊ ယင်းစာအား ဗိုလ်ချုပ်ခင်ညွန်ထံသို့ တင်ရန် ပြင်ဆင်နေချိန် စစ်ထောက်လှန်းရေးက ဖမ်းဆီးခဲ့ပြီး တပတ်ခန့်အကြာတွင် ခံဝန်ချက်လက်မှတ်ထိုးကာ ပြန်လည်လွတ်မြောက် လာခဲ့သည်။

ပါဝင်ခဲ့သည့် အဖွဲ့များ ၁၉၈၈ ခုနှစ်တွင် ထိန်းသိမ်းခံရာမှ ပြန်လည်လွတ်မြောက် လာ သည့် ကျောင်းသားများဖြင့် ဖွဲ့စည်းထားသည့် ၁၄၁ ဦး အဖွဲ့တွင် အတွင်းရေးမှူး၊        ၈၈ မျိုးဆက် ကျောင်းသားလူငယ်များအဖွဲ့ (မြန်မာနိုင်ငံ) ဒု ဥက္ကဋ္ဌ (၂ဝဝ၆ - ၂ဝဝ၉ )

ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ - ဖြစ်မြောက်ရေး ကော်မတီဝင် (သြဂုတ်မှ ၂ဝဝ၉ ခုနှစ် - လက်ရှိ)

နေရပ်လိပ်စာ

တိုက် - ၂ ၊ အခန်း ၂ဝ၄ ၊ အေးရိပ်မွန် အိမ်ရာ၊ လှိုင်မြို့နယ်။



အမတ်အဖြစ် ရွေးချယ်ခံခဲ့ရလျှင် ပြည်သူ့အတွက် လုပ်ဆောင်ပေးမည့် ရည်ရွယ်ချက်

''ပြည်သူအကျိုးရှိမယ့် ဥပဒေတွေ ပြဋ္ဌာန်းဖို့ ကြိုးစားမယ်ဗျာ။ ပြည်သူ့အတွက် အကျိုးမရှိတဲ့၊ အကျိုးမဲ့တဲ့ ဥပဒေတွေ ပယ်ဖျက်ဖို့ ကြိုးစားမယ်။ အကျိုးရှိမယ့် ဥပဒေဆိုတာကတော့ ပြည်သူ့ဘဝကို အနှောင့်အယှက် မဖြစ်တဲ့ အရာတွေပေါ့။ ပြည်သူအကျိုးအမြတ်ရှိမယ့် အရာတွေပေါ့ဗျာ။ အခုကတော့ ယျေဘုယျလောက်ပဲ ပြောနိုင်ပါသေးတယ်''

လက်ရှိကျင့်သုံးနေသည့် စီးပွားရေး မူဝါဒအပေါ်အမြင်

''အခုကတော့ ဒါက မာရှယ်လောအောက်မှာ လုပ်တဲ့ စီးပွားရေးပေါ့ဗျာ။ တံခါးကလည်း မပွင့်တပွင့်ပေါ့။ စစ်မှန်တဲ့ ဈေးကွက်စီးပွားရေးတော့ မဖြစ်သေးဘူး။ အဲတော့ ရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် အခြေခံဥပဒေအရ ရွေးချယ်ထားတဲ့ အစိုးရလက်ထက်ကျမှပဲ စီးပွားရေးစနစ်ကို Marketing Economy တံခါးဖွင့် စီးပွားရေး ဖြစ်အောင် ကြိုးစားရမှာပေါ့''

စစ်အစိုးရအပေါ်အမြင်

''သူတို့အာဏာကို လျှော့ချတယ်ဆိုတဲ့အပိုင်းက သာမန်ကြည့်ရင်တော့ အဲလိုပြောလို့ရပေမယ့် သူတို့လည်း ဆက်ပါဦးမှာပဲလေ။ မပါလို့လည်း မရဘူး။ ကျနော်တို့ ရှင်းထုတ်လို့လည်း မရဘူးလေ။ အခြေခံဥပဒေမှာ သူတို့ ၂၅ ရာခိုင်နှုန်းယူမယ်လို့ ပြောထားတာတော့ ရှိတယ်။ ဒါပေမဲ့ လက်မခံလို့မှ မရတာ။ လက်ခံရတာပေါ့ဗျာ။ လက်ခံပြီးသွားမှပဲ ရမှာကိုး။ ရွေးစရာက ဒီလမ်းကြောင်းပဲ ရှိနေတာကိုး''

လတ်တလော ဖြေရှင်းသင့်တဲ့ နိုင်ငံရေးပြဿနာများ အပေါ်အမြင်

''လောလောဆယ်တော့ မရှိပါဘူး။ ဒီကနေပဲ သွားရမှာပဲ။ ဖြေရှင်းလို့လည်း မရဘူး။ ဖြစ်သင့်တာတွေ ဖြစ်ချင်တာတွေ ဘာမှလုပ်လို့မရဘူး''

စာနယ်ဇင်း လွတ်လပ်ခွင့် အပေါ်အမြင်

''လောလောဆယ် ဒါက အစပျိုးရုံပဲ ရှိသေးတယ်။ ဒီ့ထက်ပိုရှိရမယ်။ ရှိအောင်လည်း ကျနော်တို့ ကြိုးစားရမယ်။ မီဒီယာပေါ့။ စာပေနဲ့ ပက်သက်တဲ့ မီဒီယာတွေရဲ့ လွတ်လပ်စွာ ရေးသားပြောဆိုပိုင်ခွင့်တွေ၊ နောက် ရေဒီယိုတွေကနေ ဆွေးနွေးပိုင်ခွင့်၊ ထုတ်ဖော်ပိုင်ခွင့်တွေ ရှိရမယ်။ ဆွေးနွေးပွဲတွေ ဟောပြောပွဲတွေလည်း လုပ်ပိုင်ခွင့် ရှိရမယ်။ နိုင်ငံရေးသမားက မီဒီယာ ကြားခံပြီးတော့ ပြည်သူကို စကားပြောရတာလေ။ ဒါပေမဲ့ ဒါက ရွေးကောက်ပွဲ ဥပဒေတွေ အပြည့်အဝ မထွက်သေးလို့ပဲ ထင်ပါတယ်။ ပါတီထူထောင်ခွင့်ရပြီ၊ စည်းရုံးခွင့် ရပြီဆိုရင် အထိုက်အလျောက် ပိုပြီးတော့ လွတ်လပ်ခွင့်ရလာမယ်လို့ ထင်ပါတယ်''