www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ဦးဋ္ဌေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ဦးဋ္ဌေး
(ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်များအဖွဲ့)


အမည်                           ဦးဋ္ဌေး
မိဘ                               ဦးထောင်၊ ဒေါ်အေးလူ
မွေးသက္ကရာဇ်                   ၂၅. ၉. ၁၉၅၁
မွေးရပ်                           မူးရိုးကုန်းကျေးရွာ၊ ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်တိုင်း
ပညာအရည်အချင်း B.A (Philosophy)၊
မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် (၁၉၇၂)၊
၁၉၈၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ Register of Law
လက်မှတ်ရ
အလုပ်အကိုင်                   ရှေ့နေဟောင်း၊ ယခု ကိုယ်ပိုင် စီပွားရေးလုပ်ငန်း


လက်ရှိမိသားစု

ဇနီးနှင့် သား ၂ ဦး ရှိသည်။ သားအကြီး နန္ဒစစ်အောင် (ခေါ်) စစ်ကိုအောင်သည် အသစ်ဖွဲ့စည်းသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) တွင် အတွင်းရေးမှူးဖြစ်ကာ၊ ၂ဝဝ၃ ခုနှစ်မှ စတင်၍ ထောင်ဒဏ် နှစ် ၂ဝ ကျခံနေရသည်။ လက်ရှိ ကရင်ပြည်နယ် ဖားအံထောင်တွင် ဖြစ်သည်။

ပါတီ/ တသီးပုဂ္ဂလ

ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ (ပါတီ) ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ကိုယ်စားပြုကာ ရွေးကောက်ခံမည်။

နိုင်ငံရေး နောက်ခံ

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံတွင် ဒေးဒရဲမြို့နယ် သပိတ်ခေါင်းဆောင် ဖြစ်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် တာဝန်ကြေ လယ်သမားအမှုများ လိုက်ပါဆောင်ရွက်မှုကြောင့် ထောင်ကျခံရသည့်အပြင် ရှေ့နေလိုင်စင် အသိမ်းခံရသည်။

ရွေးကောက်ပွဲ ဝင်လိုသည့် ရည်ရွယ်ချက်

''အခု လုပ်မယ့် ရွေးကောက်ပွဲမှာ အပြောင်းအလဲတရပ် ဖြစ်ဖို့၊ လူထုကိုယ်စားလှယ်အနေနဲ့ ပါဝင်သွားဖို့ ရည်ရွယ်ထားသည်။ အဲဒီကနေ လူထုအကျိုးစီးပွားအတွက်  လုပ်နိုင်သရွှေ့ လုပ်ပေးရင်းနဲ့ အခွင့်သာတဲ့အခါ အောင်မြင်တဲ့ ဒီမိုကရေစီကို တည်ဆောက်သွားဖို့ပါ''

လက်ရှိ နိုင်ငံရေး သုံးသပ်မှု

''အခု  ဖွဲ့စည်းပုံကတော့ စစ်ဘက်နဲ့ အရပ်ဘက် တွဲထားတဲ့ စနစ်ပေါ့။ ကျနော်တို့က ရတဲ့ ခွဲတမ်း ၇၅ ရာခိုင်နှုန်းကို ဝင်မပြိုင်ရင် စစ်တပ်ကို အုပ်ချုပ်ခိုင်းတာနဲ့ တူနေမှာပေါ့။ ကျနော်တို့ အရပ်ဘက်က အနိုင်ရလို့ အစိုးရဖွဲ့နိုင်ရင် အနည်းဆုံးကတော့ check and balance လုပ်နိုင်မယ်။ အခွင့်သာတဲ့အခါ ဖွဲ့စည်းပုံကို ပြင်နိုင်ရင် အပြာင်းအလဲတရပ် ဖြစ်နိုင်တယ်''

လက်ရှိ အစိုးရအပေါ် သဘောထား

''ကျနော်တို့က တပ်မတော်အစိုးရကို အမြဲထောက်ခံတဲ့လူ မဟုတ်သလို NLD ကိုလည်း အမြဲထောက်ခံတဲ့ လူမဟုတ်ပါဘူး။ တိုင်းပြည် ထူထောင်မယ့် လူလို့ အားလုံးကို မြင်တယ်။ တူတာကို တွဲလုပ်မယ်။ မတူတာကို ခွဲလုပ်မယ်။ ကျနော်တို့က တတိယ အင်အားစုအဖြစ် မြင်ပါတယ်''

ရွေးကောက်ပွဲနိုင်လျှင် ပြည်သူများအတွက် ပြုလုပ်ပေးမည့် ရည်ရွယ်ချက်

''အကြမ်းမျဉ်းပဲ ရှိသေးတယ်။ အတည်ဖြစ်သေးဘူး။ လူထုကောင်းစားရေး၊ ငြိမ်းချမ်းရေးနဲ့ အပြောင်းအလဲ ဖြစ်ရေးကိုပဲ ဦးတည်လုပ်ပေးမှာပါ''

လက်ရှိ စီးပွားရေး မူဝါဒအပေါ် သဘောထား

''အခုလက်ရှိက ကျနော်တို့ နိုင်ငံက အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ ဖြစ်နေတယ်။ ရွေးကောက်ပွဲ ပြီးလို့ ကျနော်တို့ လွှတ်တော်ထဲရောက်ရင် တပ်မတော်အင်အားစုရယ်၊ နိုင်ငံရေးအင်အားစုရယ် ပူးပေါင်းပြီး ဘုံအကျိုးစီးပွားအတွက် တိုင်းပြည်ထူထောင်ရေးမှာ ပူးပေါင်းလုပ်မယ်ဆိုရင်တော့ ဖွံ့ဖြိုးလာနိုင်မယ်ပေါ့။ အဲလိုမဟုတ်ဘဲနဲ့ နိုင်ငံရေး ပဋိပက္ခနဲ့ သံသရာလည်နေမယ်ဆိုရင် တိုင်ပြည်တိုးတက်မှာ မဟုတ်ဘူး။ ကြာလေ စီးပွားရေးက ပိုဆိုးလာမယ်။ စီးပွာရေး မကောင်းရင် ဒီမိုကရေစီနဲ့လည်း ဝေးနေမှာပဲ။ စီးပွားရေး ဖွံ့ဖြိုးအောင်လုပ်ပြီးမှ တိုင်းပြည် ဒီမိုကရေစီထွန်းကားအောင် လုပ်ဖို့ စဉ်းစားထားတယ်''

သဘောကျသည့် စီးပွားရေး မူဝါဒ

''ပုဂ္ဂလိက စီးပွားရေးကို ဦးစားပေးတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို သဘောကျတယ်''

ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် လက်တလော ဖြေရှင်းသင့်သည့် မူဝါဒ

''ကျနော်တို့နိုင်ငံက လယ်ယာမြေနိုင်ငံ ဖြစ်လို့ လယ်ယာစိုက်ပျိုးရေးမှာ အခုက လယ်သမားတွေက လယ်မပိုင်ဘူး။ ဘေဂဗေဒသဘောအရ အစိုးရက မြေရှင်ကြီး ဖြစ်နေတယ်။ လယ်သမားတွေက လယ်ကျွန်လို ဖြစ်နေတယ်။ အဲဒီအတွက် ကျနော်တို့က ခိုင်းသမျှ လုပ်ပြီး၊ ခိုင်းသမျှ စိုက်ရတယ်။ အဲဒီအတွက် ကျနော်တို့ လယ်လုပ်သူ လယ်ပိုင်ရေးအတွက် ဥပဒေတရပ် ပြဋ္ဌာန်းဖို့ လိုအပ်တယ်။ အဲဒါမှ အခြေခံကစပြီး ပြောင်းလဲနိုင်မယ်။ နောက် ကျနော်တို့ဆီမှာ ခေတ်တွေ ဘယ်လိုပဲပြောင်းပြောင်း မြေယာတော်လှန်ရေး မလုပ်ရသေးဘူး။ မြန်မာပြည်မှာ အရေးကြီးဆုံးက လယ်ယာမြေ ပြဿနာပဲ''

စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် သဘောထား

''ရှိအပ်တယ်။ လိုအပ်တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲအတွက် ပါတီတွေ ပြင်ဆင်နေတဲ့အခါမှာ စာနယ်ဇင်းတွေက လွတ်လွတ်လပ်လပ် ရေးသားဖော်ပြနိုင်ဖို့ လိုပါတယ်။ မီဒီယာ မလွတ်လပ်ရင် ကျနော်တို့ရဲ့ ပါတီအခြေအနေ၊ ကိုယ်စားလှယ်လောင်း အခြေအနေကို ပြည်သူတွေ အကဲခတ်လို့ ဘယ်ရမလဲ။ ကျနော်တို့ကလည်း မူဝါဒတွေ ချမှတ်နိုင်ဖို့ ပြည်သူတွေ အခြအနေကို သိရှိဖို့ မီဒီယာလွတ်လပ်ဖို့ လိုအပ်တယ်။ လွတ်လပ်စွာ သတင်းစီးဆင်းခွင့် ရှိမှ ကျနော်တို့လည်း သိမယ်၊ ပြည်သူတွေလည်း သိမယ်။ သတင်းလွတ်မှု၊ စီးဆင်းမှုက အရေးကြီးပါတယ်။ ရွေးကောက်ပွဲ အကြိုကာလမှာ  သတင်းလွတ်လပ်ခွင့် ပေးသင့်တယ်လို့ ထင်ပါတယ်။ ကျနော်တို့ ရွေးကောက်ပွဲနိုင်ရင် သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဥပဒေတွေ ချမှတ်နိုင်အောင်၊ အကာအကွယ်ပေးနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်''