၂ဝ၁ဝ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ထွက်ပေါ်လာသည်နှင့်အမျှ စစ်တပ်က နိုင်ငံ့အုပ်ချုပ်ရေးတွင် တရားဝင် ကြီးစိုးခွင့်ရမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှု မပြုလိုဘဲ သပိတ်မှောက်လိုသူနှင့် ရသလောက် ယူနိုင်ရေးဆိုသော ရွေးကောက်ပွဲဝင်လိုသူများ အသီးသီး ပေါ်ထွက်လာနေသည်။ မဇ္ဈိမက စုဆောင်းရရှိထားသော ရွေးကောက်ပွဲဝင်မည့် တသီးပုဂ္ဂလများနှင့် အစုအဖွဲ့များ၏ ကိုယ်ရေးအကျဉ်းနှင့် သူတို့ပြောသော ယုံကြည်ချက်၊ သူတို့၏ နိုင်ငံရေးသုံးသပ်ချက်များကို တင်ပြလိုက်ပါသည်။ |
|