www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၁၉ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > ၂၀၁၀ ရွေးကောက်ပွဲ > သတင်းဖြစ်စဉ်များ > ၂၀၁၅ ရွေးကောက်ပွဲတရားမျှတလျှင် ကျားဖြူက ၈၀ ရာခိုင်နှုန်းအနိုင်ရမည်ဟုယုံကြည်

၂၀၁၅ ရွေးကောက်ပွဲတရားမျှတလျှင် ကျားဖြူက ၈၀ ရာခိုင်နှုန်းအနိုင်ရမည်ဟုယုံကြည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှုရှိမည်ဆိုပါက ၎င်းတို့ယှဉ်ပြိုင်မည့် မြို့နယ်များတွင် ၈၀ ရာခိုင်နှုန်း အနိုင်ရရန် ယုံကြည်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) က ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

၎င်းက “ဘာဖြစ်လို့လဲဆိုတော့ အန်ကယ်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူအတွက်ကို လုပ်ပေးနေတယ်။ အပင်စိုက်သလိုပေါ့။ အန်ကယ်တို့က ၂၀၁၀ တည်းက အပင်စိုက်ခဲ့တယ်။ အပင်ကကြီးထွားလာပြီ။ အသီးအပွင့်ကိုလည်း စားနေရပြီ။ ဘာပဲဖြစ်ဖြစ် တခြားပါတီထက် နှာတစ်ဖျားသာနေတယ်” ဟု တောင်ကြီးမြို့ရှိ ကျားဖြူပါတီရုံးတွင်
ပြောကြားသည်။

ကျားဖြူပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ မြို့နယ် ၅၅ မြို့နယ်ရှိသည့်အနက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအချို့မှအပ ကျန်မြို့နယ် ၄၀ တွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ထို့အပြင် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်ရှိ ရှမ်းတိုင်းရင်းသား အများစု နေထိုင်သောမြို့နယ်များတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုသည်။

ကျားဖြူပါတီ ၀င်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များထဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင် ရှမ်းလူမျိုးအများစု နေထိုင်သောကြောင့် အနိုင်ရရန် ပိုမိုမျှော်လင့်သည်ဟုလည်း ကျားဖြူပါ တီတောင်ကြီးမြို့နယ် ဥက္ကဋ္ဌဦးစ၀်ယွန်းပိုင်က မဇ္ဈိမကိုပြောသည်။

သို့သော် ရှမ်းပါတီတစ်ခုဖြစ်သည့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါ တီဝင်ရောက်ယှဉ် ပြိုင်မည့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ရှိ မန်စီ၊ မိုးမောက်အစရှိ သောမြို့နယ်များတွင်မူ ၀င်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ဦးစိုင်းအိုက်ပေါင်းက ပြောကြားခဲ့သည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌဦးစိုင်းဌေးအောင်က ရွေးကောက်ပွဲအတွက် မည်သည့် ပါတီနှင့်မျှ ညှိနှိုင်းထားခြင်း မရှိသေးကြောင်းကို “ကျွန်တော်တို့က ၂၀၁၅ အတွက်ဘာမှစီစဉ်ထားတာ၊
ပြင်ဆင်ထားတာမရှိဘူး။ အခုလောလောဆယ်တော့ ညှိတာမရှိဘူး။ နီးလာရင်တော့ တစ်မျိုးတစ်မည် ပေါ့ဗျာ။ ကျွန်တော်တို့ ပြိုင်မယ့်နေရာ သူတို့မပြိုင်ဘူးဆိုတာတော့ သူတို့ပါတီသဘောထားပဲပေါ့” ဟုဆိုသည်။

ထို့အပြင် ကျားဖြူပါတီမှ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၁၅၀ ဦးမှ ၂၀၀ ဦးအထိဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။ ၎င်းတို့ယှဉ်ပြိုင်မည့် မြို့နယ်များတွင် ပါတီဝင်များအား ကိုယ်စားလှယ်လောင်းအဖြစ် တစ်မြို့နယ်တွင် ငါးဦးနှုန်းမဲစံနစ်ဖြင့် ဇွန်လမှစတင်ရွေးချယ်နေပြီဖြစ်သည်။ ကျားဖြူပါတီသည် လက်ရှိတွင် ပါတီဝင်အင်အား တစ်သိန်းခွဲခန့်ရှိပြီဖြစ်ကြောင်း ဦးစိုင်းအိုက်ပေါင်းကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းနိုင်ရန် မျှော်လင့်ထားသည်ဟုဆိုသော ကျားဖြူပါတီသည် ၂၀၁၀
ရွေးကောက်ပွဲတွင် တောင်ကြီးမြို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရှုံးနိမ့်ခဲ့သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ကလောမြို့နယ်၌ NLD ပါတီကို ရှုံးနိမ့်ခဲ့သည်။

ကျားဖြူပါတီသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၅၆ ဦးဖြင့် ရှမ်းပြည်နယ်ရှိ မြို့နယ် ၃၀ ကျော်နှင့် စစ်ကိုင်း၊ မန္တလေး၊ ကချင်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၅၇ နေရာ အနိုင်ရခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် ကျားဖြူပါတီ၏အမတ် ၂၂ နေရာနှင့် ပြည်နယ်လွှတ်တော်တွင် အမတ် ၃၆ နေရာရှိသည်။ ထိုပါတီသည် လွှတ်တော်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီပါတီ (NLD) တို့ပြီးလျှင် တတိယ အင်အားအကြီးဆုံး ပါတီတစ်ခုလည်းဖြစ်သည်။

ယင်းအပြင် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင်သာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် (PNO) သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများအပြင်၊ ရှမ်းပြည်နယ်ရှိမြို့နယ် ၁၃ မြို့နယ်တွင်လည်း ၀င်ရောက် ယှဉ်ပြိုင်မည်ဟု PNO ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးခွန်လာက ပြောသည်။

ထို့အပြင် ပအိုဝ့်အများဆုံးရှိသော ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင်လည်း ၀င်ရောက်ယှဉ် ပြိုင်မည်ဖြစ်ရာ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့များ မကြာခင် ဖွဲ့စည်းသွားမည်ဟုဆိုသည်။
 
သတင်း

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

.

ရွေးကောက်ပွဲ ဝင်လိုသူများ မိတ်ဆက် ရွေးကောက်ပွဲ မဝင်သူများ
ပါတီအကြောင်း သိကောင်းစရာ ပါတီ ဟောပြောချက်များ
home-banner-adv
face-book-mizzima
twitter-mizzima Follow Mizzima Mizzima Facebook

Who is Online

We have 59 guests online