www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၈ နိုဝင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > မြန်မာပြည်နှင့် သက်ဆိုင်သော ကြေးနန်းများ > အဏုမြူ ဓာတ်ပေါင်းဖိုတည်ဆောက်နေသည်ဟု ကောလာဟလများ

အဏုမြူ ဓာတ်ပေါင်းဖိုတည်ဆောက်နေသည်ဟု ကောလာဟလများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

Reference ID Created Released Classification Origin
04RANGOON88 2004-01-20 09:09 2010-12-09 21:09 SECRET//NOFORN Embassy Rangoon





This record is a partial extract of the original cable. The full text of the original cable is not available.
Tuesday, 20 January 2004, 09:44
S E C R E T RANGOON 000088
SIPDIS
NOFORN
EO 12958 DECL: 01/09/2014
TAGS PGOV, PARM, PREL, BM, RS, KS, KNPP
SUBJECT: BURMA: RUMORS OF CONSTRUCTION OF A NUCLEAR REACTOR
NEAR MINBU
REF: STATE 297614 AND PREVIOUS 03 RANGOON 1427
Classified By: COM Carmen Martinez for Reasons 1.5 (B,D)

အကြောင်းအရာ။     ။ မြန်မာနိုင်ငံ။ အဏုမြူ ဓာတ်ပေါင်းဖိုတည်ဆောက်နေသည်ဟု ကောလာဟလများ
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ COM ကာမင်း မာနတီနက်ဇ် (Carmen Martinez)။ အကြောင်းပြချက် 1.5 (B,D)

၁။ (S/NF) ပြည်ပရှိ စီးပွားရေးလုပ်ငန်းရှင် XXXXXXXXXXXX က မကြာမီက မကွေးတိုင်း အလယ်ပိုင်း၊ မင်းဘူး ဧရာဝတီမြစ်နား၌ အဏုမြူ ဓာတ်ပေါင်းဖို တည်ဆောက်နေသည်ဟု ကောလာဟလကြားရကြောင်း သံရုံးအရာရှိကို ဆန္ဒအလျောက် ပြောကြားလာသည်။ ၎င်းစီးပွားရေး လုပ်ငန်းရှင် ကိုယ်တိုင် ထိုနေရာသို့ ခရီးထွက်ရာတွင် ထုထည်ကြီးမားသော သံဘောင်များ တင်ချနေသည့် ရေယာဉ်ကြီးများ တွေ့ရသည်ဟု ပြောသည်။ ဒေသခံများကို ဤသံဘောင်ကြီးများအကြောင်း မေးကြည့်သည့်အခါ ဤသို့အကြီးစား ဝန်တင် သင်္ဘောများ အပတ်စဉ်ဆိုသလို ရောက်လာပြီး ၎င်းသံဘောင်များကို အမည်မဖော်ပြ/မသိရသည့် စက်ရုံများ တည်ဆောက်နေသည်ဟု ဆိုသည်။ စီးပွားရေးလုပ်ငန်းရှင် အမြင်တွင် ဤသံဘောင်များ၏ ပမာဏ၊ အတိုင်းအဆမှာ "စက်ရုံများ" ဆောက်ရန်ထက် ကြီးမားနေသည်။ စီးပွားရေး လုပ်ငန်းရှင်က ဤအတိုင်းဆိုလျှင် မင်းဘူးအနီးတွင် လေဆိပ်သစ်နှင့် လေယာဉ်ပြေးလမ်း ရှိနေပြီး အရှည်နှင့် (လေယာဉ်ပြေးလမ်း) အထူကို ကြည့်ပါက အတိုင်းအဆ လွန်နေပါသည်။ "အာကာသလွန်းပျံယာဉ်" ပင် ဆင်း၍ ရသည့်အနေအထား ရှိနေသည်ဟု ဖြည့်စွက်ပြောဆိုသည်။

၂။ (S/NF) မှတ်ချက်။    ။ မကွေးတိုင်းအတွင်း/ အနီး၌ အဏုမြူနှင့် ပတ်သက်သည့်စက်ရုံတည်ဆောက် နေသည်ဟူသော ကောလာဟလများသည် ၂ဝဝ၂ ကတည်းကပင် စ၍ထွက်ပေါ်နေခဲ့ပြီး ယေဘုယျအားဖြင့် မြန်မာအစိုးရနှင့် ရုရှားတို့ ပူးပေါင်းဆောင်ရွက်သော အဏုမြူဓာတ်ပေါင်းဖို စီမံချက်ကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။ ၂ဝဝ၃ နိုဝင်ဘာ အရှေ့ဖျားဒေသ စီးပွားရေး စာစောင် (FEER) တွင် မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတိုးလာခြင်း အကြောင်း ဖော်ပြခဲ့ချိန်မှစ၍ အလားတူ ကောလာဟလများ "ရုရှ" တို့ဘက်မှ ပြောဆိုခြင်း မဟုတ်ဘဲ သံရုံး အသိုင်းအဝိုင်းများနှင့် ပြည်ပတွင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေခဲ့ကြသည်။ ဤသို့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း မိမိတို့တွင် တိုက်ရိုက်အထောက်အထားများ မရှိသော်လည်း အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်နေသည်ဟူသော ကောလာဟလများ စဉ်ဆက်မပြတ်ထွက်ပေါ်နေပြီး အထက်ဖော်ပြပါ လေ့လာတွေ့ရှိရမှုများ အံ့သြဖွယ်ကောင်းအောင် တိုးတက်များပြားနေသည်။ ထို့အပြင် မြောက်ကိုရီးယား "နည်းပညာရှင်" များကိုလည်း တိုင်းပြည်အတွင်း တွေ့နေရသည်။ 

မာနတီနက်ဇ်

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

အခြား ကြေးနန်းများ

  1. ဝီကီလိခ်ပြောတဲ့ အိန္ဒိယ-မြန်မာ
  2. ဦးရွှေမန်းနှင့် ခရိုနီများကိုယ်ရေး သံရုံးမှ မှတ်တမ်းတင်
  3. ဒေါ်စု အိုင်ဒီယာဟောင်းတွေပဲ စွဲနေဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေတိုင်
  4. မြန်မာဗိုလ်ချုပ်များ လာဘ်စားပုံ ဝီကီလိခ်တွင်ပါရှိ
  5. နာဂစ်ကြောင့် သေဆုံးသူ လူဦးရေ သုံးသိန်းနီးပါးရှိဟု စစ်အစိုးရ နံပါတ်နှစ် ခေါင်းဆောင်ပြောခဲ့
  6. အမေရိကန် ပိတ်ဆို့မှု “ခရိုနီ” များ ကြောက်ရွံ့ဟု ဝီကီလိခ်ဆို
  7. အမေရိကန်- ယူကရိန်း အဏုမြူ မပြန့်ပွားရေး ဆွေးနွေးပွဲများ
  8. ကျမတို့က လက်တွေ့ လုပ်သူတွေ ဖြစ်ပါတယ် ဟု ဒေါ်စုက ဂျင်ဝက်ဘ်ကို ပြော
  9. ဒဏ်ခတ်ပိတ်ဆို့မှုကို စစ်အစိုးရဝေဖန်ဟု အမေရိကန် ကြေးနန်းပြော
  10. နိုင်ငံတကာမှာ လူမိုက် ဖြစ်နေရတာကို မြန်မာ ဗိုလ်ချုပ်များ ရှက်ရွံ့
  11. အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီရေး
  12. ဇော်ဇော်၏ လှုပ်ရှားမှုများအကြောင်း နောက်ဆုံးရရှိသော သတင်းများ
  13. မြန်မာနိုင်ငံ- မြန်မာ-မြောက်ကိုရီးယား ညူကလီးယား အရေးကိစ္စနှင့် ပတ်သက်၍ နောက်ထပ် ဆွေးနွေး ပြောဆိုချက်
  14. တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သည်းညည်းခံနိုင်စိတ် ကုန်လာခြင်း
  15. ရောထွေးသတ္တု
  16. ဒုံးပျံများ တပ်ဆင်ရာနှင့် မြေအောက်လိုဏ်ခေါင်းများ တည်ဆောက်ရာ
  17. အဏုမြူ ဓာတ်ပေါင်းဖိုတည်ဆောက်နေသည်ဟု ကောလာဟလများ
  18. မြန်မာအရပ်သားက ယူရေနီယံဆိုသည့် ပစ္စည်း ရောင်းချမည်ဟု ကမ်းလှမ်းလာခြင်း
  19. မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးအတွက် ဆက်လက် ကြိုးပမ်း လှုပ်ရှားနေကြခြင်း
  20. မြန်မာ့အရေး ဆွေးနွေး ဖြေရှင်းစေချင်ဟု တရုတ်ကပြောကြောင်း ဝီကီလိခ် ဖွင့်ချ