www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၂၀ ဇူလိုင် ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သိုမှီးရာ

ဦးတင်ဦး၊ ဒေါက်တာတင်မိုးဝေ ရွှေရတုမင်္ဂလာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


မဇ္ဈိမ(ချင်းမိုင်)။ ။ နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် ဇနီး ဒေါက်တာ တင်မိုးဝေတို့၏ အိမ်ထောင်သက် နှစ် ၅၀ ပြည့် ရွှေရတု မင်္ဂလာ အထိမ်းအမှတ် အခမ်းအနားကို ပါတီရုံးချုပ်တွင် ယနေ့ ပြုလုပ်သည်။

နံနက် ၁၁ နာရီမှ ၁ နာရီအထိ ပြုလုပ်သော အခမ်းအနားသို့ ပါတီဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်များပါ တက်ရောက်ခဲ့ကြသည်။

“ ဦးတင်ဦးဟာ ဒီမိုကရေစီရေး၊ ပြည်သူလူထု အကျိုးအတွက် အနစ်နာခံခဲ့တာတွေ ဂုဏ်ပုဒ်တွေကို အောက်မေ့ ဆုတောင်းကြတာပေါ့” ဟု အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။

“ဦးတင်ဦးဟာ ဘဝတလျှောက်လုံးမှာ အများအကျိုးအတွက် တိုင်းပြည်တာဝန်တွေကို လွတ်လပ်ရေး တိုက်ပွဲကာလတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကျနော်တို့ အဖွဲ့ချုပ်မှာလည်း ခေါင်းဆောင်အဖြစ်နဲ့ အနစ်နာခံခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အဖွဲ့ဝင်တွေ အားလုံးက အသက်ရာကျော် ရှည်ပါစေ၊ တိုင်းပြည် တာဝန်ကိုလည်း ထပ်ပြီးတော့ ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်း မေတ္တာပို့သခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

အသက် ၈၂ နှစ်အရွယ် အငြိမ်စား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စည်းရုံးရေး ခရီးလှည့်လည်စဉ် အထက်မြန်မာနိုင်ငံ ဒီပဲယင်းမြို့တွင် စစ်အစိုးရ လက်သပ်မွေး လူမိုက်များက ဝင်ရောက်ရိုက်နှက်မှု ဖြစ်ပွားပြီး ဖမ်းဆီးခံခဲ့ရသည်။

ခေါင်းဆောင်နှစ်ဦးလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း ပါတီဝင်များနှင့် ထောက်ခံသူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည်ဟု အတိုက်အခံများက ပြောသည်။

ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့ရှိ သူ၏နေအိမ်တွင် အကျယ်ချုပ် ချခံခဲ့ရသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese