www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၁၉ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သိုမှီးရာ

ဒုက္ခသည်စခန်းတွင် ငွေတုလုပ်သည့် ပစ္စည်းများ ဖမ်းမိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ဒါကာ (မဇ္ဈိမ)။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဦကီယာမြို့နယ် ကူတူပါလန်ရွာအနီးရှိ UNHCR အသိအမှတ်ပြု ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် ငွေတုလုပ်သည့် ပစ္စည်းများ ပိုင်ဆိုင်သူဟု သံသယရှိသော လူ ၂ ဦးကို ယမန်နေ့က ဖမ်းဆီးလိုက်သည်ဟု လုံခြုံရေးများက ပြောသည်။

ယမန်နေ့ နံနက် ၉ နာရီတွင် စခန်းလုံခြုံရေးများက ရှာဖွေစစ်ဆေးရာမှ ၃၈ နှစ်အရွယ် အဒူလ်ဆလင် Ardul Shalin နှင့် မိုဟာမက် ရော်ဖီး MD, Rofit တို့ကို ဘင်္ဂလားငွေ ၅၀၀ တန် အတုလုပ်မည့် စက္ကူများ၊ ငွေနံပါတ်ရိုက်စက် ၃ ခု၊ ဓာတုဆေးဝါးဘူး ၂ ဘူး၊ Electric tape ၁ ခု၊ Cable ၃ ခု၊ ငွေစက္ကူရိုက်မည့် အမဲရောင် မှန်ပြား ၃ ခု၊ ရာဘာ တံဆိပ်တုံး အိတ်တခုနှင့်အတူ ဖမ်းဆီးရခဲ့ကြောင်း ပြောသည်။

ဖမ်ဆီးရမိသူများကို ဦကီယာမြို့ ရဲစခန်းမှတဆင့် ကော့စ်ဘာဇာ အကျဉ်းထောင်သို့ ခေါ်ဆောင်သွားကြောင်း ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောသည်။

သူတို့နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တည်ဆဲဥပဒေအရ ပြစ်မှုဆိုင်ရာပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုလိုက်ပြီး၊ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၃၀ အထိနှင့်အတူ ငွေဒဏ်အဖြစ် တာကာငွေ ၁၅၀၀၀ မှ ၃၅၀၀၀ အထိ ချမှတ်နိုင်ကြောင်း ရဲက ပြောသည်။

ဦကီယာမြို့နယ်သည် ကော့စ်ဘာဇာမြို့၏ တောင်ဘက် ၃၅ ကီလိုမီတာခန့်တွင် တည်ရှိကာ၊ ကူတူပါလန်ရွာတွင် UNHCR ၏ အစောင့်ရှောက်ခံ ရိုဟင်ဂျာ ဒုက္ခသည် တသောင်းခန့် နေထိုင်သည့် စခန်းရှိသည်။ စခန်းဘေးတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသေးသူ ရိုဟင်ဂျာ ၃ သောင်းခန့်လည်း နေထိုင်နေကြသည်။


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese