www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၁၉ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သိုမှီးရာ

တပတ်ရစ် ဆိုင်ကယ်ဈေးကွက် ထိုင်းမှိုင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ရွှေလီ (မဇ္ဈိမ) ။ ။ တရုတ်-မြန်မာနယ်စပ်မြို့ ကျယ်ဂေါင်မှတဆင့် မြန်မာပြည်ကိုသာ သီးသန့်တင်သွင်းသည့် တရုတ်ထုတ် ဆိုင်ကယ်အသစ်များ သိသာစွာ ဈေးနှုန်းကျသွားသည့် အကျိုးဆက်ကြောင့် တပတ်ရစ် ဆိုင်ကယ်ဈေးကွက် ထိုင်းမှိုင်းသွားသည်။

ကျယ်ဂေါင်တွင် ဆိုင်ကယ်အမျိုးအစား ၄၀ ခန့် ရောင်းချလျက်ရှိရာ မြန်မာဝယ်လက် အကြိုက်ဆုံး အမျိုးအစားများမှာ Kenbo 125၊ Jialing အမျိုးအစား supercub ၊ Luojia 110 ဆိုင်ကယ်များ ဖြစ်သည်။ ဆိုင်ကယ်အသစ်များသည် ယခင်ထက် တရုတ်ယွမ် ၆၀၀ ခန့် ဈေးကျသွားသဖြင့် တပတ်ရစ်များနှင့် ဈေးကွာဟမှု သိပ်မရှိတော့ပေ။

“တပတ်ရစ်က တရုတ်ပြည်တွင်းသုံး ဆိုင်ကယ်လေ။ အဲဒါက ခပ်လတ်လတ်ဆိုရင် ၂၀၀၀ (ယွမ်) ကျော် လောက်တော့ ရှိတယ်။ အခုက ကျယ်ဂေါင် ဆိုင်ကယ်ဈေးက အမျိုးအစား ကောင်းတဲ့ဟာမှ ၂၅၀၀ လောက် ရှိတော့ အဟောင်းဝယ်မယ့်အစား အသစ်ပဲဝယ်ကြတာပေါ့။ ကျနော်တော့ အလုပ်မဖြစ်လို့ နားလိုက်ပြီ” ဟု ရွှေလီမှ တပတ်ရစ် ဆိုင်ကယ်ရောင်းချသူ တဦးက မဇ္ဈိမကို ပြောသည်။ နာမည်မပေါက်သော ဆိုင်ကယ်အမျိုးအစားများမှာ ဈေးကွက်တွင် ယွမ် ၁၈ဝဝ ဖြင့်ပင် ဝယ်ယူနိုင်သည်။

“အခု အဝယ်များတာတော့ Luojia ဆိုင်ကယ်တွေပဲ။ တရက်တရက် ရာချီပြီးတော့ ထွက်တယ်။ အရင်ကထက် စာရင်တော့ အရမ်းနည်းသွားတာပေါ့။ အရင်ဆို ဆိုင်ကယ်ဆိုင်မှာ တန်းစီပြီးဝယ်ရတာ။ တချို့က ဒီမှာတင် ပွဲစားလုပ်တာလည်း ရှိတယ်” ဟု ရွှေလီသို့ ဆိုင်ကယ် လာဝယ်သူတဦးက ပြောသည်။

မြန်မာနိုင်ငံသား ဆိုင်ကယ်ပွဲစားများသည် နှစ်နိုင်ငံနယ်စပ်တွင် ကား၊ ထော်လာဂျီ၊ ဆိုင်ကယ်နှင့် စက်ပစ္စည်း တပတ်ရစ်များကို အရောင်းအဝယ် ပြုလုပ်လျက်ရှိသည်။ ဆိုင်ကယ်တပတ်ရစ် ရောင်းဝယ်သူများသည် လက်တလောတွင် ဝယ်လက်မရှိသဖြင့် လုပ်ငန်းများ ရပ်နားထားရသည်။


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese