www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၁၉ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သိုမှီးရာ

အမေရိကန် သံတမန်များ နေပြည်တော်သို့ ရောက်ရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ (မဇ္ဈိမ)။ ။ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Mr. Kurt Campbell နှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်းဆိုင်ရာ အမေရိကန် သံတမန်ကြီးသည် စစ်အစိုးရ ရုံးစိုက်ရာ မြို့တော်သစ် နေပြည်တော်သစ်သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိလာသည်။

အမေရိကန် သံတမန်နှစ်ဦးသည် ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း အပါအဝင် စစ်အစိုးရ အရာရှိများနှင့် တွေ့ဆုံမှာဖြစ်သည်။

သံတမန်များသည် မနက်ဖြန်တွင် မြို့တော်ဟောင်း ရန်ကုန်သို့ သွားရောက်မည်ဖြစ်ကြောင်းနှင့် တိုင်းပြည်တွင်းမှ ပြန်လည်မထွက်ခွာမီ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရန်ကုန်ရှိ အမေရိကန် သံရုံးက မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်ကို နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် အင်လျားလိတ် ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးမည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။ မနက်ဖြန်ညနေတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာပြီး ခရီးစဉ် အဆုံးသတ်မှာ ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် မြန်မာပြည်သို့ သွားရောက်ခဲ့ကာ ယခုအခါ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စစ် မက်ဒလင်း အောဘရိုက် ပြီးလျှင်၊ Mr. Campbell သည် မြန်မာပြည်သို့ အလည်အပတ်လာသည့် အမေရိကန်နိုင်ငံ အဆင့်အမြင့်ဆုံး အရာရှိကြီး ဖြစ်သည်။


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese