www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၂၀ ဇူလိုင် ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သိုမှီးရာ

အစိုးရ သတင်းစာတိုက်များ နေပြည်တော်ပြောင်းရွှေ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ။ ။ စစ်အစိုးရ ထိန်းချုပ်ထားသော နေ့စဉ်ထုတ် သတင်းစာတိုက်များကို နေပြည်တော်ကို ပြောင်းရွှေ့တော့မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန သတင်းရပ်ကွက်အရ သိရသည်။

မြန်မာ့အလင်း၊ The New Light of Myanmar၊ ကြေးမုံနှင့် သတင်းစဉ်များကို ယခုအပတ်အတွင်း အပြီး ရွှေ့ပြောင်းတော့မှာ ဖြစ်ပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့ကစပြီး နေပြည်တော်မှပင် သတင်းစာထုတ်မှာဖြစ်သည်။

ထို့အပြင် သတင်းစာတိုက်များမှ အယ်ဒီတာချုပ်များကို နေပြည်တော်တွင် အပြီးပြောင်းရွှေ့မှုများ လုပ်နေပြီး၊ လက်ထောက် အယ်ဒီတာ အဆင့်ရှိသူတချို့နှင့် သတင်းထောက်တချို့သာ ကျန်နေမှာ ဖြစ်သည်။

မြန်မာ့အလင်း သတင်းစာကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ မြန်မာ့အလင်း သတင်းစာတိုက်တွင် ပုံနှိပ်ထုတ်ဝေသည်။


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese