www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၂၅ ဧပြီ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သိုမှီးရာ

လိုင်ဇာတွင် နှစ်ခြင်းခရစ်ယာန် အသင်းတော် ညီလာခံ ကျင်းပ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆမားဇုံဒေသမှ နှစ်ခြင်းခရစ်ယာန် အသင်းတော်၏ ၇ ကြိမ်မြောက် ညီလာခံကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် ယနေ့မှ စတင်၍ ကျင်းပနေသည်။

ဘာသာရေးဆိုင်ရာ ညီလာခံကို ဆမားဇုံဒေသရှိ ကျေးရွာများမှ နှစ်ခြင်းအသင်းတော် ဘုန်းတော်ကြီးများ၊ သင်းအုပ်ဆရာများ၊ တရားဟော ဆရာ/ဆရာမများ၊ ကျေးရွာ ကိုယ်စားလှယ်များ အပါအဝင် လူဦးရေ ၂၀၀ ကျော်ဖြင့် လိုင်ဇာမြို့ ဝယ်ကြိုင်ရပ်ကွက်တွင် ယနေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျင်းပသွားမည်။

“ဓမ္မဆရာကျောင်းဆင်းတဲ့ ဆရာသစ်တွေကို ကိုယ့်နယ်၊ ကိုယ့်အသင်းတော်မှာ ခန့်အပ်ဖို့၊ သင်းအုပ်ဆရာတွေကို အားလုံး သဘောတူညီချက်နဲ့ တင်မြှောက်တာတို့၊ ဘုရားကျောင်း ဆောက်တာတို့၊ သာသနာရေးနဲ့ ပတ်သက်ပြီး အလှူငွေရှာဖို့၊ ဒီမှာပဲ ခွင့်ပြုချက် ယူရတယ်။ ဆမားဇုံနယ်မှာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာ အကုန်လုံး ညှိနှိုင်းဆွေးနွေးတာပေါ့” ဟု ညီလာခံ ကျင်းပသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ နှစ်ခြင်းအသင်းဝင် တဦးက မဇ္ဈိမကို ရှင်းပြသည်။

ညီလာခံနှင့်အတူ ဆမားဇုံနယ်ရှိ KIO အုပ်ချုပ်ရေး ကိုယ်စားလှယ်များ၏ အစည်းအဝေးပါ ပူးတွဲကျင်းပသည်။

“ဆိုင်းဘုတ်မှာကတော့ ၄၇ ကြိမ်မြောက် ဆမားဇုံနယ် အုပ်ချုပ်ရေး ကိုယ်စားလှယ်တွေရဲ့ စုံညီအစည်းအဝေးနဲ့ ၇ ကြိမ်မြောက် လူထုအစည်းအဝေးပေါ့” ဟု ဒေသတဦးက ပြောသည်။

ညီလာခံကို ၃ နှစ် တကြိမ် ကျင်းပလာရာ၊ လိုင်ဇာတွင် ပထမဆုံး ကျင်းပခြင်း ဖြစ်သည်။


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese