www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၁၉ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သိုမှီးရာ

နေအိမ်နှစ်လုံး မီးလောင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၌ ယနေ့ နေ့လည်ပိုင်းတွင် နေအိမ်နှစ်လုံး မီးလောင်ခဲ့ကြောင်း မီးသတ်ဋ္ဌာနများက ပြောသည်။

အမှတ် ၁၀ ရပ်ကွက် ပါရမီလမ်းတွင် တည်ရှိသည့် ပျဉ်ထောင်တထပ် အိမ်တွင် လျှပ်စစ်မီးအားမြှင့်စက် ဝါယာရှော့ ဖြစ်သဖြင့် နေ့လည် ၁ နာရီခန့်မှ စတင်၍ မိနစ် ၂၀ ခန့်အကြာထိ မီးလောင်မှု နေရာနှင့် ကပ်လျက်ရှိ နေသည့် နောက်ထပ် ပျဉ်ထောင်အိမ်ကိုပါ ကူးစက် လောင်ကျွမ်းခဲ့သည်။

“ပါရမီလမ်းမှာ မီးလောင်တာ ဖြစ်တယ်။ ချော်တွင်းကုန်း၊ မရမ်းကုန်း ၁၀ ရပ်ကွက်က အိမ်နှစ်လုံး လောင်သွားပါတယ်။ အခုတော့ မီးငြိမ်းသွားပါပြီ” ဟု ရန်ကုန်တိုင်း မီးသတ်ဋ္ဌာနမှ တာဝန်ကျ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောဆိုသလို၊ မီးလောင်သည်မှာ ဟုတ်မှန်ကြောင်း မရမ်းကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းတဦးက ပြောပြသည်။

ဒေသခံတဦးကလည်း ဝါယာရှော့မှ စတင်ခဲ့သည့် အဆိုပါ မီးလောင်မှုကြောင့် ပျဉ်ထောင်အိမ်နှစ်လုံး လောင်ကျွမ်းသွားကြောင်းနှင့် ရောက်ရှိလာသော မီးသတ်ကားများ ယခုအခါ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း ပြောသည်။


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese