www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၂၅ ဧပြီ ၂၀၁၉

Mizzima Burmese

Home > အထူးကဏ္ဍ > သိုမှီးရာ

ရွာအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ရွေလီ(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ ကျေးရွာ အတွင်းရေးမှူး တဦးအား အမည်မသိ သေနတ်သမားများက ပစ်ခတ်လုပ်ကြံခဲ့သည်မှာ တပတ်ခန့်ကြာပြီ ဖြစ်သော်လည်း တရားခံမှာ လွတ်မြောက်နေဆဲ ဖြစ်သည်။

နောင်ခန်ကျေးရွာ အတွင်းရေးမှူးဖြစ်သည်မှာ လပိုင်းသာရှိသေးသူ ဦးကျော်ညွန့် (၄၅ နှစ်) အား ယခုလ ၁၇ ရက် နေ့က ကျေးရွာဇရပ်တွင် အစည်းအဝေး ပြုလုပ်ပြီးနောက် ဇရပ်ပေါ်ကအဆင်း သေနတ်ဖြင့် ပစ်ခံရခြင်း ဖြစ်သည်။

“ည ၁၀ နာရီလောက်ပေါ့ ရွာဇရပ်မှာ အစည်းအဝေးလုပ်တာ။ အစည်းအဝေးထိုင်ပြီး အဆင်းမှာ ပစ်တာလို့ သိရ
တယ်။ သေပြီးသွားတော့။ နမ့်ခမ်းဆေးရုံကို ရင်ခွဲစစ်ဆေးဖို့ယူသွားတယ်။ အခုတော့ သဂြိုလ် ပြီးသွားပါပြီ” ဟု နမ့်ခမ်းဒေသခံက ပြောသည် ။

အာဏာပိုင်များမှ သေဆုံးသူ၏ နေအိမ်ဝန်းကျင်၌ နေထိုင်သူများကို ခေါ်ယူစစ်ဆေးနေသော်လည်း တရားခံကိုမူ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သူက ဆက်ပြောသည်။

ယခင်လက ဦးကျော်ညွန့်အား ဆန်စပါး မှောင်ခိုသယ်ယူမှုနှင့် ပတ်သက်သည်ဟု စွပ်စွဲကာ အာဏာပိုင်များက ခေါ်ယူ စစ်ဆေးခဲ့သေးသည်။ ထို့နောက်မှ ကျေးရွာ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese