ရင်ထဲက ရှစ်ဆယ့်ရှစ် . . .

ပရင့်ထုတ်ရန်

စာရေးဆရာကြီး မောင်သာရရေးခဲ့တဲ့ စာကိုသွားသတိရမိတယ် . . .

ကိုယ့်ဘက်ကြည့်တော့ သူရဲကောင်းသူ့ဘက်ကကြည့်တော့ သစ္စာဖောက်တဲ့။

ဘယ်ဘက်က သင်ရပ်ကြည့်မိသလဲ။တော်လှန်သူဘက်ကလား။ တော်လှန်ခံရသူ ဘက်ကလား။ ရှစ်ဆယ့်ရှစ်ဆိုတာ လူထုအရေးတော်ပုံကြီးတစ်ခု။ ဒါက တော်လှန်သူများရဲ့ ယုံကြည်ချက်။ ရှစ်ဆယ့်ရှစ်ဆိုတာ မင်းမဲ့စရိုက်တွေနဲ့ အရေးခင်းပဲ။ ဒါက တော်လှန်အခံရသူများရဲ့ ၀ါဒဖြန့်ကျက်မူ။

ဟိုးလွန်ခဲ့တဲ့ ၂၅ နှစ်မတိုင်ခင်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ (မဆလ)ဟာ တိုင်းပြည်ကို တစ် ခုတည်းသော ပါတီအဖြစ် တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ အုပ်စိုးခဲ့တယ်။ နှစ်ပေါင်း ၂၆ နှစ်အကြာမှာ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲ ဆုံး နိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးက “အရာရာဟာ ယိုယွင်းပျက်စီးခဲ့တယ်” စာရိတ္တတွေ၊ လာဘ်ပေးလာဘ်ယူမူတွေ တရားဥပဒေမစိုးမိုးမှု၊ ပြည်တွင်းစစ် အားလုံးအားလုံး ... လူထု ကဆင်းရဲတွင်း နက်သထက်နက်၊ အုပ်ချုပ်သူလူတန်းစား ကတော့ ဘီလျံနာတွေဖြစ်လို့ ဒါကိုမခံနိုင်တော့ တဲ့ကျောင်းသားတွေက စနစ်သစ်တစ်ခုကို ပြောင်းလဲထူထောင်ဖို့ လူထုနဲ့ပေါင်းစပ်ပြီး အရေးတော်ပုံကြီး ဖန်တီးခဲ့ကြတယ်။ တစ်ပါတီ အာဏာရှင်စနစ်ကို ရိုက်ချိုးပစ်လိုက်တယ်။ သမ္မတသုံးဆက်ကို ကာလတို လေးတစ်ခုအတွင်းမှာ ဖြုတ်ချပစ်လိုက်တယ်။ ဒီမိုကရေစီစနစ်ကို အသက်သွင်းဖို့ အသက်သွေးချွေးတွေ နဲ့ရင်းခဲ့ကြတယ်။ ဒါကို သမိုင်းမှာ “ရှစ်ဆယ့်ရှစ် အရေးတော်ပုံ” ရယ်လို့ ကမ္ဗည်းတွင်ခဲ့ပါတယ်။ “ဒီနေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲရဲ့အစဟာ ရှစ်ဆယ့်ရှစ်အရေးတော်ပုံရဲ့ အကျိုးဆက်ဖြစ်တယ်။ ဘယ်သူ ငြင်းချင်ပါသလဲ။

၁၉၈၈ သြဂုတ်လ ၈ ရက်နေ့ကစလို့ မြန်မာ့သမိုင်းမှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ခဲ့တဲ့ လူထုကြီးနဲ့ အတူ ဒီမိုကရေစီစနစ်ကို အသက်သွင်းဖို့ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တယ်။ ရဟန်း၊ ရှင် လူ၊ ကျောင်းသား၊
ကျောင်းသူ၊ ပြည်သူ အသက်သွေးချွေးပေါင်း မြောက်မြားစွာပေးဆပ်ခဲ့ရတယ်။ ရှစ်ဆယ့်ရှစ်ဟာ လူထုအရေးတော်ပုံ
ဖြစ်တယ်။ မင်းမဲ့စရိုက်တွေနဲ့ ပြည့်နှက်ခဲ့တဲ့ အရေးခင်းမဟုတ်။ တစ်ပါ တီအာဏာရှင်စနစ် ပြုတ်ကျရေး၊ ဒီမိုကရေစီရေး၊
ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးဆိုတာတို့တစ် တွေ နှလုံးသည်းပွတ်ထဲမှာ စူးနစ်ဝင်နေတဲ့ ယုံကြည်ချက်တွေ
ပေါ့။

“ရှစ်ဆယ့်ရှစ်စိတ်ဓာတ် အဓွန့်ရှည်ပါစေရှစ်ဆယ့်ရှစ် ယုံကြည်ချက် ခိုင်မာပါစေ ရှစ်ဆယ့်ရှစ် ရည်မှန်းချက်
အောင်မြင်ပါစေ”