www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ကမ္ဘာ့သတင်း > ဒစ်ဂျစ်တယ် ပို့စ်ကဒ်ရေးပြိုင်ပြီး သြစတြေးလျတွင် စရိတ်ငြိမ်းပညာသင်နိုင်မည်

ဒစ်ဂျစ်တယ် ပို့စ်ကဒ်ရေးပြိုင်ပြီး သြစတြေးလျတွင် စရိတ်ငြိမ်းပညာသင်နိုင်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အွန်လိုင်းမှ ဒစ်ဂျစ်တယ် ပို့စ်ကဒ်တစ်ခု ရေးဆွဲကာ သြစတြေးလျနိုင်ငံတွင် တစ်နှစ်တာ စရိတ်ငြိမ်း ပညာသင်ဆု
ရနိုင်သည့် "အတိုင်းမဲ့ အနာဂတ် ဆုကြီး ဆွတ်ခူးရယူကြပါစို့" ပြိုင်ပွဲကို အောက်တိုဘာနှင့် နိုဝင်ဘာ နှစ်လအတွင်း
ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးမှ သတင်းထုတ်ပြန်လိုက်သည်။

ဝင်ရောက်ယှဉ်ပြိုင်လိုသော ကျောင်းသားများသည် www.futureunlimited.com.au သို့ သွားရောက်ဖတ်ရှုပြီး ဒစ်ဂျစ်တယ် ပို့စ်ကဒ် အဆင့်(၅)ဆင့်ဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။ လုပ်ဆောင်ပုံများသည် မိမိ၏ ဓာတ်ပုံတစ်ပုံကို ဝဘ်ဆိုက်ပေါ်တင်ကာ ပုံဆွဲသရုပ်ဖော်ရမည်ဖြစ်သည်။ ထို့နောက် စာလုံးရေ (၅၀)ထက်မပိုသော အနာဂတ်
ရည်မှန်းချက်ကိုရေးသားကာ သြစတြေးလျပညာရေးဖြင့် ဘဝရည်မှန်းချက် မည်သို့အကောင်အထည်ဖော်မည်ကို
ရေးသားရမည်ဖြစ်သည်။

ထို့နောက်တွင် အွန်လိုင်းမှမေးမြန်းသည့် အခြေခံမေးခွန်းအချို့ကို ဖြေဆိုပြီး ပို့စ်ကဒ်ကို အွန်လိုင်းမှ တစ်ဆင့် တင်သွင်းပြီးပါက ပြိုင်ပွဲအဆင့် ပြီးမြောက်ပြီဖြစ်သည်။

ပြိုင်ပွဲကာလကို အောက်တိုဘာလ ၁ရက်မှ နိုဝင်ဘာလ ၁၈ရက်အထိ သတ်မှတ်ထားကာ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁၇ရက်တွင် ဆုရရှိသူ၏ အမည်ကို မကြေညာမီ ဆန်ကာတင်ရွေးချယ်ခံရသူ ခုနှစ်ဦးကို သြစတြေးလျနိုင်ငံသို့
နှစ်ပတ်ကြာ လေ့လာရေးခရီး ပို့ဆောင်ပေးမည်ဖြစ်သည်။

ဆုရရှိသူသည် ၂၀၁၄ ခုနှစ်အတွက် တစ်နှစ်တာ အခမဲ့ ပညာသင်ယူခွင့်၊ လေယာဉ်စရိတ်၊ ကျောင်းလခ၊
နေရာထိုင်ခင်း၊ လစဉ်သုံးငွေအပြင် လုပ်ငန်းခွင်သင်တန်းဆင်းခွင့်နှင့် အခြားဆုများကို ရရှိမည်ဖြစ်သည်။

ထိုပြိုင်ပွဲကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျင်းပခြင်းဖြစ်ပြီး သြစတြေးလျ ကုန်သွယ်မှုကော်မရှင်မှ စီစဉ်ခြင်းဖြစ်
ပြီး ထိုနိုင်ငံမှ တက္ကသိုလ်များ၊ ဘဏ်များ၊ ပညာရေးအဖွဲ့များမှ ပံ့ပိုးပေးခြင်းဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 89 guests online