www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ကမ္ဘာ့သတင်း > အမျိုးသမီးအခွင့်အရေးကို ထိခိုက်လာနေသည့် တရုတ် One-Child မူဝါဒ

အမျိုးသမီးအခွင့်အရေးကို ထိခိုက်လာနေသည့် တရုတ် One-Child မူဝါဒ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကလေးဖျက်ချဖို့အတွက် အတင်းအဓမ္မတွန်းအားပေးခံရသည့် ဇာတ်ကြောင်းများသည် တရုတ်နိုင်ငံတွင် အလွန်ပျံ့နှံ့ လျက်ရှိနေပြီဖြစ်သည်။ ယခုကိစ္စသည် နိုင်ငံတွင်းကျင့်သုံးသည့် မိသားတစ်စု-ကလေးတစ်ဦး မူဝါဒ (One-Child Policy) ၏ လူ့အဖွဲ့အစည်းအပေါ် ဆိုးကျိုးသက်ရောက်ခြင်းဖြစ်ကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက
ပြောဆိုလိုက်သည်။

အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများအဖွဲ့မှ ဥက္ကဋ္ဌ ရက်ဂျီလက်တယ်ဂျွန်က “ဖျက်ချဖို့အတွက် အတင်းတွန်းအားပေး ခံကြရပါတယ်။ ဘယ်အထိတောင်ဖြစ်ကြလဲဆိုရင် ကိုယ်ဝန်ကိုးလလောက်လွယ်ထားတဲ့ အမျိုးသမီးတွေတောင် ကိုယ်ဝန်ဖျက်ချနေကြရပါတယ်။ ဒါဟာ ကလေးမွေးဖွားမှု ထိန်းချုပ်တာလား ဆိုတာကို သေချာပြန်စဉ်းစားသင့်နေပြီ” ဟု ဆိုလိုက်သည်။

“ဒါဟာ အမျိုးသမီးတွေကို ဆန့်ကျင်နေတဲ့ တကယ့်စစ်ပွဲပဲဖြစ်ပါတယ်”ဟု သူမက ဆိုသည်။လွန်ခဲ့ သည့်တစ်ပတ်က ဂွမ်ဒေါင်းပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စတစ်ခုမှ ကလေးမိခင်က “ကလေးမွေးဖွားဖို့ ရက် မစေ့ခင်နှစ်ရက်အလိုမှာ မိသားစုတွေက ကျွန်မကိုအတင်းအဓမ္မကလေးဖျက်ချဖို့ လုပ်ကြပါတော့ တယ်။ ဘာလို့လဲဆို ကျွန်မမှာ မွေးဖွားခွင့် မရှိလို့ပါပဲ” ဟု ပြောဆိုခဲ့သည်။

ယင်းကဲ့သို့ အဖြစ်အပျက်များ လက်ရှိတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး အဆိုပါ ဇာတ်ကြောင်းများကို လူမှုကွန်ရက်ဝက်ဆိုက်များမှတစ်ဆင့် ကမ္ဘာသို့ သိစေခဲ့ခြင်းဖြစ်သည်ဟု သတင်းကဆိုသည်။

“ကျွန်မသာ တကယ်လို့ မိသားစုအစီအစဉ်ချရေး ညွှန်ကြားရေးမှူးမဖြစ်ခဲ့ဘူးဆိုရင် လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ
တွေကို တစ်ယောက်ယောက်က ဒီလိုပုံစံတွေနဲ့ပဲ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒီအခြေအနေမှာ အားလုံးရဲ့ကံကြမ္မာ ကလည်း ဒီအတိုင်းပဲလေ။ အပြစ်တင်ချင်တယ်ဆိုရင်တော့ One-Child မူဝါဒကိုသာ အပြစ်တင်ပေတော့”ဟု တရုတ်နိုင်ငံ အစိုးရပြောရေး ဆိုခွင့်ရှိသူက ဆိုသည်။

အတင်းအဓမ္မ ပဋိသန္ဓေတားဆီးခြင်း နှင့် ကိုယ်ဝန်ဖျက်ချခြင်းတို့ဟာ “အသက်ရှည်ရှည်နေရခြင်းဆိုတဲ့ ကျန်းမာရေး
ပြဿနာအတွက် ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်” လို့ လက်တယ်ဂျွန်က ဆက်လက် ပြောဆိုသည်။

“အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချစေခြင်းဟာ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေပါတယ်” လို့  ဆိုလိုက်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 187 guests online