www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္ဂနွေ, ၂၂ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ကမ္ဘာ့သတင်း > ကမ္ဘာ့အဆင့်သင်္ချာပြိုင်ပွဲ မြန်မာကျောင်းသားရှစ်ဦး ရွှေတံဆိပ်ဆုရ

ကမ္ဘာ့အဆင့်သင်္ချာပြိုင်ပွဲ မြန်မာကျောင်းသားရှစ်ဦး ရွှေတံဆိပ်ဆုရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အမေရိကန်နိုင်ငံအခြေစိုက် SASMO Association မှ ကြီးမှုးကျင်းပသော ကမ္ဘာ့အဆင့် သင်္ချာပြိုင်ပွဲတွင် မြန်မာ
ကျောင်းသား ရှစ်ဦး ရွှေတံဆိပ်ဆုရရှိခဲ့သည်ဟု ယင်းအစီအစဉ်ကို မြန်မာနိုင်ငံမှ ပူးပေါင်းကျင်းပသော T&H သချာင်္သင်တန်းကျောင်းမှ သိရသည်။

ယင်းအစီအစဉ်ကို မြန်မာနိုင်ငံတွင် SASMO Association နှင့် T&H သင်္ချာသင်တန်းကျောင်းတို့ ပူးပေါင်း ကျင်းပခြင်း
ဖြစ်ပြီး စာမေးပွဲကို ဧပြီ ၂၃ ရက်တွင် ကျင်းပခြင်းဖြစ်ကာ နိုင်ငံအချို့ရှိ ကျောင်းသားများ ပါဝင် ယှဉ်ပြိုင်သည်။ ပါဝင်ရာ
တွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိ လစ်ပိုင်၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံ
တို့မှ ပါဝင်ယှဉ်ပြိုင်ကြသည်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်ရှစ်ဆု၊ ငွေတံဆိပ် ၁၂ ဆုနှင့် ကြေးတံဆိပ် ၁၂ဆု ရရှိခဲ့သည်။ ဆု
ရရှိသော ကျောင်းသားများကို ဇူလိုင်၂၂ ရက်တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ဆုချီးမြှင့်ခဲ့သည်။

အဆိုပါ သချာင်္ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား ၁၆၂ ဦး ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပြိုင်ပွဲမေးခွန်းအား စင်ကာပူရုံးခွဲမှပေးပို့ပြီး ဒုတိယတန်းမှန၀မတန်းအထိ ကျောင်းသားများ ၀င်ရောက်ယှဉ်ပြိုင်နိုင်သော ကမ္ဘာ့အဆင့် ပြိုင်ပွဲဖြစ်သည်ဟု T&H သချာင်္သင်တန်းကျောင်းမှ အထွေထွေမန်နေဂျာ ဒေါက်တာသက်ဇော်မှ မဇ္ဈိမသို့ ပြောသည်။

သင်္ချာပညာရပ်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Collage of the Redwo- ods တွင် သချာင်္ဘာသာရပ် သင်ကြားပေးသော ဆရာမဒေါ်သဲသဲကျော်ကလည်း “သချာင်္ပညာရပ်ကို တ ချို့ကျောင်းသားတွေက ဒီပညာရပ်က တကယ့် လူမှုဘ၀မှာ အသုံးဝင်မှာလားပေါ့။ တကယ်က အသုံးဝင် ပါတယ်။ ဒီသချာင်္ပညာရပ် အခြေခံကနေ လူမှုပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာပါ” ဟု ပြောသည်။

ရွှေတံဆိပ်ဆုရရှိသော ကျောင်းသားများသည် ထိုင်ဝမ်နိုင်ငံတွင် ကျင်းပမည့် အာရှနိုင်ငံများမှ ရွှေတံဆိပ် ဆုရရှိသော ကျောင်းသားများ နှီးနှောဖလှယ်ပွဲသို့လည်း တက်ရောက်ရမည်ဖြစ်ပြီး ယင်းပွဲကို ဇူလိုင် ၂၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲတွင်လည်း သင်္ချာဘာသာရပ်နှင့် ပတ်သက်ပြီး ထပ်မံ ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

အဆိုပါ ကမ္ဘာ့အဆင့် သချာင်္ပြိုင်ပွဲသို့ တစ်နှစ်လျှင် နိုင်ငံတကာမှကျောင်းသားများ နှစ်သိန်းခန့် ၀င်ရောက် ယှဉ်ပြိုင်ကြ
ပြီး မြန်မာနိုင်ငံတွင် ကျင်းပနိုင်ရန် SMSM0 Association မှ ခွင့်ပြုချက်ရရန်အတွက် တစ်နှစ်ခွဲခန့် ကြိုးစားခဲ့ရသည်ဟု
လည်း ဒေါက်တာသက်ဇော်က ပြောသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 20 guests online