မြန်မာ ယူ--၂၃အသင်းတွင် ဒဏ်ရာရကစားသမားများပြားနေ

ပရင့်ထုတ်ရန်

ကိုရီးယားနိုင်ငံသို့ ရောက်ရှိလေ့ကျင့်မှုများ ပြုလုပ်နေသော မြန်မာယူ-၂၃ အသင်းတွင် ဒဏ်ရာရကစားသမား အရေ အတွက် များပြားနေကြောင်း မြန်မာအသင်းမီဒီယာအရာရှိဦးမိုးဝေက မဇ္ဈိမသို့ ပြောသည်။

မြန်မာယူ-၂၃အသင်းသည် ကိုရီးယားနိုင်ငံတွင်ရောက်ရှိနေပြီး လေ့ကျင့်မှုများပြုလုပ်လျက်ရှိကာ ခြေစမ်းပွဲသုံးပွဲ ကစားပြီးနောက် ကစားသမားအချို့ ဒဏ်ရာရရှိထားကြောင်း ဦးမိုးဝေက ဆိုသည်။ “ခြေစမ်းပွဲတွေ ကစားပြီးတဲ့အချိန်မှာ ကစားသမားအချို့ ဒဏ်ရာပြဿနာ ရှိနေပါတယ်။ ဒေးဗစ်ထန်းရဲ့ ဒဏ်ရာကလည်း သက်သာနေပြီ ဆိုပေမယ့်
လေ့ကျင့်မှု ပြင်းပြင်းထန်ထန် မလုပ်နိုင်သေးပါဘူး။ ကျွန်တော်တို့ဆီမှာ အကြော ပြင်ဆရာတစ်ယောက်ရောက်လာတာ အတော်လေးကောင်းပါတယ်။ ကစားသမားတွေရဲ့ ဒဏ်ရာက အသေးစားတွေ ဖြစ်တာကြောင့် ဆီးဂိမ်းအတွက် စိုးရိမ်စရာမရှိပါဘူး” ဟု ၎င်းကဆိုသည်။

မြန်မာယူ-၂၃အသင်းတွင် လက်ရှိအချိန်၌ ဒဏ်ရာရကစားသမားလေးဦးအထိရှိနေပြီး ဒေးဗစ်ထန်းက ပေါင်တွင်းကြော ဒဏ်ရာ၊ သက်နိုင်နှင့် ရဲလင်းအောင်က ခြေကျင်းဝတ် ဒဏ်ရာ၊ ကြည်လင်းကပုခုံးဒဏ်ရာ ရရှိနေကြောင်း သိရသည်။