www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္ဂနွေ, ၂၄ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

Home > သတင်း > အားကစားသတင်း > မြန်မာအမျိုးသမီးအသင်း ဆီးဂိမ်းမတိုင်မီ သြစတြေးလျနိုင်ငံတွင် သွားရောက်လေ့ကျင့်နိုင်ရန် ညှိနှိုင်းနေ

မြန်မာအမျိုးသမီးအသင်း ဆီးဂိမ်းမတိုင်မီ သြစတြေးလျနိုင်ငံတွင် သွားရောက်လေ့ကျင့်နိုင်ရန် ညှိနှိုင်းနေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဆီးဂိမ်းအတွက် ပြင်ဆင်လေ့ကျင့်မှုများ ပြုလုပ်နေသော မြန်မာအမျိုးသမီး ဘောလုံးအသင်းအနေဖြင့် တရုတ်နိုင်ငံ သို့ သွားရောက်လေ့ကျင့်မည့် အစီအစဉ် ပျက်ပြယ်ခဲ့ပြီး နောက်သြစတြေးလျနိုင်ငံသို့ သွားရောက် လေ့ကျင့်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း အသင်းမန်နေဂျာ ဒေါ်မြတ်မြတ်ဦးက မဇ္ဈိမသို့ပြောသည်။

မြန်မာအမျိုးသမီးအသင်းသည် အာဆီယံ အမျိုးသမီးပြိုင်ပွဲပြီးနောက် တရုတ်နိုင်ငံသို့ သွားရောက်နေထိုင်
လေ့ကျင့်ရန်စီစဉ်ခဲ့သော်လည်း တရုတ်အမျိုးသမီး လက်ရွေးစင်အသင်း အပါအ၀င် ခြေစမ်းပွဲ ကစားရန် စီစဉ်ထားသော တရုတ်အမျိုးသမီး ကလပ်အသင်းများ ပြိုင်ပွဲဆက်နေသဖြင့် ပျက်ပြယ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ အမျိုးသမီးအသင်း၏သြစတြေး လျခရီးစဉ်နှင့် ပတ်သက်ပြီး ဒေါ်မြတ်မြတ်ဦးက “အမျိုး သမီးအသင်း သြစတြေးလျ မှာ သွားရောက်နေထိုင်လေ့ကျင့်နိုင်ဖို့ သူတို့အဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေပါတယ်။ တကယ်လို့ အဆင်ပြေမယ်ဆိုရင် နိုဝင်ဘာလဆန်းလောက်မှာ သွားဖြစ်မယ်ထင် တယ်”ဟု ပြောသည်။

မြန်မာအမျိုးသမီးအသင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲသမိုင်းတစ်လျှောက် ရွှေတံဆိပ်ရရှိဖူးခြင်းမရှိဘဲ လာမည့် ဆီးဂိမ်းတွင် အရယူနိုင်ရန် ပြင်ဆင်လေ့ကျင့်နေခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းနည်းပြကုမာဒါကလည်း အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အမှားများကို လက်ရှိအချိန်တွင်
ပြင်ဆင်လေ့ကျင့်မှုများ ပြုလုပ်ပေးနေသည်ဟု ဖွင့်ဟသည်။

“အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ အသင်းက အဓိက ကစားသမားတွေကအစခြေပျက်ခဲ့တဲ့အတွက် လိုချင်တဲ့ရလဒ်ရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒီအမှားတွေကို လာမယ့်ဆီးဂိမ်းအထိပါလို့ မဖြစ်ဘူး။ ဒါကြောင့် လက်ကျန်ကာလ တစ်လကျော်လောက်အတွင်းမှာ အကောင်းဆုံးဖြစ်အောင် ပြင် ဆင်ရတော့မှာပါ” ဟု ကုမာဒါက ဆိုသည်။
 

မြန်မာနှင့် စင်္ကာပူ ခြေစမ်းပွဲ

obamaffssss
main-pagesss
TSpress
 

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 35 guests online