www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၁ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > အားကစားသတင်း > ယူ-၂၃ အသင်းအတွက် နည်းပြသစ်နှစ်ဦးကို ဆီးဂိမ်းအထိသာ ကာလတိုစာချုပ် ချုပ်ဆိုထား

ယူ-၂၃ အသင်းအတွက် နည်းပြသစ်နှစ်ဦးကို ဆီးဂိမ်းအထိသာ ကာလတိုစာချုပ် ချုပ်ဆိုထား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာ ယူ-၂၃ အသင်းအတွက် အသစ်ထပ်မံခန့်အပ်ခဲ့သော ကိုရီးယားဂိုးနည်းပြ ယန်ယောင်မင်းနှင့် စင်ကာပူ အကြောပြင် ဆရာမိုဟာမက်အဇာတို့ကို ဆီးဂိမ်းအထိ ကာလတိုစာချုပ်သာချုပ်ဆိုထားကြောင်း အသင်းမန်နေဂျာ ဦးစိုးမိုးကျော်က မဇ္ဈိမသို့ ပြောသည်။

ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာ၏တောင်းဆိုမှုအရ ကိုရီးယားဂိုးနည်းပြ ယန်ယောင်မင်းကို တစ်လ ဒေါ်လာ ၆၀၀၀၊ စင်ကာပူအကြောပြင်ဆရာ အဇာကိုဒေါ်လာ ၅၀၀၀ ဖြင့် သုံးလစာချုပ်သာချုပ်ဆိုထားခြင်း ဖြစ်သည်။

“နည်းပြသစ်တွေကို သုံးလစာချုပ်ပဲ ချုပ်ထားတာပါ။ ဆီးဂိမ်းအထိပဲပေါ့။ အသင်းမှာရှိတဲ့ မြန်မာနည်းပြ တွေကို လည်းဆက်ထားမှာပါ။ သူတို့ကိုကာလတိုပဲ စာချုပ် ချုပ်တယ်ဆိုတာ နည်းပြပတ်ဆောင်ဟွာနဲ့ လည်း ဆီးဂိမ်းပြီးရင် စာချုပ်သက်တမ်းကုန်ပါပြီ။ပတ်ဆောင်ဟွာနဲ့ စာချုပ်သက်တမ်းတိုးမတိုးဆိုတာ ကတော့ ဥက္ကဋ္ဌပဲ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဦးစိုးမိုးကျော်က ဆိုသည်။ စင်ကာပူ အကြောပြင်ဆရာ အဇာ သည် အောက်တိုဘာ ၁၁ ရက်ကအသင်းနှင့် လာရောက်ပူးပေါင်းခဲ့ပြီး ဂိုးနည်းပြယန်ယောင်မင်းမှာ အောက်တိုဘာ ၁၈ ရက်က ကိုရီးယားနိုင်ငံတွင် လာရောက် ပူးပေါင်းခဲ့သည်။ မြန်မာယူ-၂၃ အသင်း သည် လက်ရှိအချိန်တွင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိလေ့ကျင့်မှုများ
ပြုလုပ်နေပြီး ခြေစမ်းပွဲလေးပွဲ ကစား ရန် ရည်ရွယ်ထားသော်လည်း အောက်တိုဘာ ၂၁ ရက်က ဂွမ်ဂျုး အသင်းနှင့် သာ ကစားပြီးထားကာ နောက်ထပ်ပွဲစဉ်များ ထပ်မံကစားရန်အတွက် ညှိနှိုင်းနေကြောင်း သိရသည်။

“ခြေစမ်းပွဲတွေကစားဖို့က နည်းပြပတ်ဆောင်ဟွာကိုယ်တိုင် အသင်းတွေနဲ့ ညှိနှိုင်းနေပါတယ်။ ကေလိဂ်ကလပ် အသင်းတွေနဲ့ မကစားဖြစ်ရင် ကေလိဂ်-၂ က အသင်းတွေ နဲ့ကစားနိုင်ဖို့ ဆွေးနွေးနေပါတယ်။ သတင်း ထုတ်ပြန်ထား တဲ့အတိုင် ခြေစမ်းပွဲလေးပွဲပြည့်အောင်ကစားမှာပါ” ဟု မြန်မာ ယူ-၂၃ အသင်းနှင့် အတူ ကိုရီးယားသို့ ရောက်ရှိ
နေသော ဦးစိုးမိုးကျော်က ပြောသည်။
 

မြန်မာနှင့် စင်္ကာပူ ခြေစမ်းပွဲ

obamaffssss
main-pagesss
TSpress
 

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 48 guests online