www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၁ သြဂုတ် ၂၀၁၉

Mizzima Burmese

Home > သတင်း > အားကစားသတင်း > မြန်မာ ယူ-၁၉ အသင်း မလေးရှားအသင်းနှင့် တတိယနေရာလုမည်

မြန်မာ ယူ-၁၉ အသင်း မလေးရှားအသင်းနှင့် တတိယနေရာလုမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာယူ-၁၉ အမျိုးသားဘောလုံး အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်တွင် သြစတြေးလျကလပ်ဆစ်ဒနီအသင်းကို အနိုင်ရရှိခဲ့သောကြောင့် တတိယနေရာလုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး တတိယနေရာလုပွဲတွင် မလေးရှားအသင်း နှင့် ကစားရမည် ဖြစ်သည်။

မြန်မာအသင်းအပါအ၀င် အသင်းငါးသင်းယှဉ်ပြိုင်လျက်ရှိသည့် ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက် ဆုံးပွဲစဉ်များတွင် မြန်မာအသင်းက ဆစ်ဒနီအသင်းကို ၁-၀ ဂိုးဖြင့် လည်းကောင်း၊ အိမ်ရှင် ဗီယက်နမ် အသင်းက မလေးရှားအသင်းကို ၅-၁ ဂိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

အုပ်စုပွဲစဉ်များ အပြီးတွင် အမှတ်အများဆုံး ရရှိထားသည့် ဆစ်ဒနီအသင်းနှင့် ဗီယက်နမ်အသင်းတို့မှာ ဗိုလ်လုပွဲကစား မည်ဖြစ်ပြီး အုပ်စုတတိယနှင့် စတုတ္ထနေရာတို့မှာ မလေးရှားအသင်းနှင့် မြန်မာအသင်းတို့မှာ တတိယ နေရာလုမည်
ဖြစ်သည်။

ဗိုလ်လုပွဲနှင့် တတိယနေရာပွဲတို့ကို အောက်တိုဘာ ၂၃ ရက် (ယနေ့)တွင် ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များတွင် ဗီယက်နမ်အသင်းကို၂-၀ ဂိုး၊ မလေးရှား အသင်း ကို ၂-၁ ဂိုး တို့ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဆစ်ဒနီ အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပြိုင်ပွဲ တွင် အမှတ်ပေးဇယား အောက်ဆုံးသို့ ရောက်ရှိနေသည့် စင်ကာပူ အသင်း နှင့် နှစ်ဂိုးစီသရေကျခဲ့သည်။ တတိယ နေရာလုပွဲတွင် မြန်မာအသင်းကစားရမည့် မလေးရှားအသင်းမှာ အုပ်စုပွဲစဉ်တွင် မြန်မာအသင်း အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားသည်။
 

မြန်မာနှင့် စင်္ကာပူ ခြေစမ်းပွဲ

obamaffssss
main-pagesss
TSpress
 

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 22 guests online