Miss Grand International မဲပေးစနစ် ချို့ယွင်းမှုဖြစ်

ပရင့်ထုတ်ရန်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Miss Grand International ပြိုင်ပွဲအတွက် မဲပေးစနစ် (Voting System)
ပေးပို့ခြင်းကို စတင် စမ်းသက်သည့် အောက်တိုဘာလ ၂၂ ရက် မွန်းလွဲပိုင်းတွင်ပင် ကွန်ပျူတာစနစ် ချို့ယွင်းမှု
ဖြစ်ပေါ်ခဲ့သည်ဟု Miss Grand Myanmar Organization ၏ ဒါရိုက်တာ ကို ဝေယံအောင်က မဇ္ဈိမကို ပြောသည်။

“ဒီပြိုင်ပွဲအတွက် Voting system စတင်ပြီး လုပ်တဲ့အချိန်မှာ ဖြစ်ရတာပါ။ ဒါပေမဲ့ သူတို့ဘက်က စိတ်မပူကြဖို့ အတွက်
ပြောပါတယ်။ သူတို့တွေ အခုစပြီးပြင်နေကြပါပြီ။ မနက်ဖြန်လောက်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။ အခုတော့
မြန်မာတွေကတော့ တစ်ရာကျော်နေပါပြီ။ ထိပ်ဆုံးမှာ ရပ်တည်နေနိုင်တယ်လို့ ပြောရင်ရပါတယ်။ တစ်ရာကျော် အခြေနေလောက်မှာစပြီး ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ စိတ်ပူစရာ အခြေနေမရှိ ပါဘူး”ဟု ကိုဝေယံအောင်က ပြောသည်။

Window Server (ကွန်ပျူတာစနစ်) ချို့ယွင်းမှုဖြစ်ခြင်းကို ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် နိုင်ငံများမှ အဖွဲ့အစည်း များ၊ မော်ဒယ်များ၏ အီးမေးလ်များနှင့် ဖေ့စ်ဘုတ်ကို Miss Grand International က ပေးပို့ထားခြင်းဖြစ်သည်။

“ဒီဆုကလည်း နောက်ဆုံးယှဉ်ပြိုင်မယ့်ပွဲမှာ ပေးမယ့်ဆု ဖြစ်နေတယ်လေ။ တရားဝင်ဆုဆိုတော့ စိတ်ပူရတာပေါ့။ သူတို့က အစကနေပြီး လုပ်ပေးမယ်ပြောတော့ တော်သေးတယ်။ ဒီနေ့ မဲပေးမှုကိုကြည့်လိုက်တော့ မြန်မာနိုင်ငံအနေနဲ့ ထိပ်ဆုံးမှာရှိနေတယ်”ဟု ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် သွားရောက်ယှဉ်ပြိုင်မည့် အလှမယ် ထားထက်ထက်က မဇ္ဈိမကို ပြောသည်။

Miss Grand International ပြိုင်ပွဲကိုဦးဆောင်ကျင်းပသည့် “T-pageant ၀က်ဘ်ဆိုဒ်မှမဲအရေအတွက် အများဆုံး
နိုင်ငံကို “People's Choice Award အတွက် ဆုပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံက မဲတစ်သိန်းခွဲ ကျော်ဖြင့် ထိပ်ဆုံးနေရာ တွင် ရပ်တည်နေသည်။

Sever ချို့ယွင်းမှုဖြစ်ချိန်တွင် Miss Grand International Ornganization ၀က်ဘ်ဆိုဒ်တွင် မဲရရှိမှု အခြေအနေသည်
မြန်မာနိုင်ငံမှ ၁၃၉ မဲဖြင့် ထိပ်ဆုံးမှ ရပ်တည်နေခြင်းဖြစ်ပြီး နယူးဇီလန်နိုင်ငံမှ ဒုတိယလိုက်နေသည်။

ယင်းပြိုင်ပွဲကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ရမည်ဖြစ်ပြီး နိုဝင်ဘာ ၇ ရက်မှ ၉ ရက် အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် ပတ္တရားမြို့တို့တွင် ဒေသတွင်း ရိုးရာဝတ်စုံများ၊ ရေကူးဝတ်စုံများ ၀တ်ဆင်ကာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နောက်ဆုံး ယှဉ်ပြိုင်မှုသည် နိုဝင်ဘာလ ၁၉ ရက်တွင် ဖြစ်ပြီး ဆုကြေးငွေသည် အမေရိကန်
ဒေါ်လာ ၃၀၀၀ ဖြစ်သည်။