www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၂ ဇန်နဝါရီ ၂၀၂၀

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ဗုဒ္ဓဂယာ ဗုံးခွဲမှု ထိုင်းနိုင်ငံရောက် သံဃာများ အိန္ဒိယသံရုံးရှေ့ မေတ္တာပို့ဆန္ဒပြ

ဗုဒ္ဓဂယာ ဗုံးခွဲမှု ထိုင်းနိုင်ငံရောက် သံဃာများ အိန္ဒိယသံရုံးရှေ့ မေတ္တာပို့ဆန္ဒပြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ)။   ။ အိန္ဒိယနိုင်ငံရှိ မဟာဗောဓိ စေတီတော် ဗုံးခွဲမှုများကို ရှုတ်ချကာ နောင် မဖြစ်ပွားစေဖို့ ထိန်းသိန်း
စောင့်ရှောက်ပေးရန် ထိုင်းနိုင်ငံရှိ မဟာချုလာ တက္ကသိုလ်မှ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံဃာများ ဦးဆောင်ကာ
နိုင်ငံတကာ သံဃာတော်များက ဘန်ကောက်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးရှေ့တွင် မေတ္တာပို့သ ဆန္ဒပြခဲ့ကြသည်။

Buddha Fellowship အဖွဲ့နှင့် ပူးပေါင်းကာ နိုင်ငံတကာ သံဃာတော်များ၊ သီလရှင်များနှင့် လူထု အပါအဝင် စုစုပေါင်း ၃၀၀ ခန့်က တနာရီခန့်ကြာ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြ သံဃာတော်တပါးက မဇ္ဈိမကို မိန့်ကြားသည်။

“အိန္ဒိယနိုင်ငံမှာ မဟာဗောဓိမှာ ဗုံးပေါက်တဲ့ကိစ္စပြီးတော့ ဒီကိစ္စတွေကို အပြင်းအထန် ကန့်ကွက်တယ်။ ဒါက အကြမ်းဖက်မှုတွေ ဘယ်လိုမှ မဖြစ်သင့်ဘူး။ အဲဒါကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြတယ်ဆိုတာက နိုင်ငံရေး
အသုံးအနှုန်းပေါ့။ ဦးဇင်းတို့က လမ်းလျှောက် တရားတော်နဲ့အညီ မေတ္တာရွတ်ဖတ်ပြီး အေးအေးချမ်းချမ်းပဲ မေတ္တာပို့ ဆန္ဒပြတဲ့သဘောပါပဲ” ဟု ချူလာလောင်ကောင် တက္ကသိုလ် ကျောင်းသားဟောင်း ဦးဇင်း ဦးတေဇ က မိန့်ကြားသည်။

အင်္ဂလိပ်၊ ထိုင်း နှစ်သာဘာများဖြင့် “ကျနော်တို့ရဲ့ လမ်းစဉ်ကတော့ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးပါ” ၊ “ဗုဒ္ဓဂယာကို
စောင့်ရှောက်ပေးပါ” ၊“ဗုဒ္ဓဘာသာကဏ္ဍကိုလည်း စောင့်ရှောက် ထိန်းသိမ်းပေးပါ” ဟူသော ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒပြ ဟောပြောမှုများပြုလုပ်ကြသည်။

“သံရုံးရှေ့မှာ တက္ကသိုလ်ကျောင်းသားတွေ နိုင်ငံခြားသားပေါင်းစုံ ဟောပြောတယ်။ တခြား သာသာနာပြုနေတဲ့ ဆရာတော်တွေ၊ သံဃာတော်တွေ ဟောပြောတယ်။ မိန့်ခွန်းတွေထဲမှာက လုံခြုံရေး မရှိလို့ ဒီလို ဖြစ်တာတွေ၊
နောက်နောင် ဒီလို မဖြစ်အောင် လုံခြုံရေးတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုတယ်။ ဗုဒ္ဓဂယာမှာ ဒီလိုလုပ်တာဟာ အနာဂတ်အတွက် အလားအလာ မကောင်းဘူးဆိုတာတွေ ဟောပြောကြတယ်” ဟု ချူလာလောင်ကောင်
တက္ကသိုလ်တွင် ပညာသင်ကြားနေသူ ဦးကုဝေရ က မိန့်သည်။

ယခုကဲ့သို့ နိုင်ငံတကာ သံတော်တော်များ ဆန္ဒဖော်ထုတ်ခြင်းသည် ဗုဒ္ဓဘာသာဝင်များအတွက် အားသစ်တခုအဖြစ် ခံယူကာ နောင်အနာဂတ်တွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ကိစ္စမှန်သမျှကို ငြိမ်းချမ်းစွာဖြင့် ကာကွယ်သွားရန် ဆန္ဒပြုလိုကြောင်းလည်း ဦးကုဝေရ က ဆက်လက် မိန့်ကြားသွားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက် တနင်္ဂနွေနေ့ နံနက် ၅ နာရီခွဲက မိနစ် ၃၀ အတွင်း ဗုဒ္ဓ ဂယာအရပ်၌ ဗုံး ၁၃ လုံးအနက် ကိုးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ရာ မဟာဗောဓိ ပရဝုဏ်အတွင်း ဗုံး လေးလုံး ပေါက်ကွဲခဲ့ပြီး မြန်မာသံဃာ သံဃာတော် ဦးဝိလာသဂ္ဂ နှင့် အခြားတိဘက် လူမျိုးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ ယခုလ ၈ ရက်နေ့ကလည်း မာဂဓ တက္ကသိုလ် ကျောင်းများသမဂ္ဂ၊ All India Bhikhu Sangha နှင့် All India International Buddhist Council တို့က ဦးဆောင်၍ ဒေသခံများနှင့်အတူ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ သီရိလင်္ကာ၊ လာအို၊ ဂျပန်၊ ကိုရီးယား၊ ကမ္ဘောဒီယား၊ ထိုင်း၊ ဗီယက်နမ်၊ တိဘက်နဲ့ မြန်မာ ရဟန်းသံဃာများနှင့်
ဒေသခံများက အကြမ်းဖက်မှုကို ရှုတ်ချပြီး “မဟာဗောဓိ ကယ်တင်ကြ” ရန်နှင့် လုံခြုံရေး တိုးမြှင့်ပေးရန် အင်အား ၇၀၀ ကျော်ဖြင့် ဆန္ဒပြကြသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား
e-letter-burmese

Who is Online

We have 15 guests online