www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၂ ဇန်နဝါရီ ၂၀၂၀

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ဗုဒ္ဓဂယာ တိုက်ခိုက်ခံရမှုမှာ ဗဟိုနှင့် ပြည်နယ် လုံခြုံရေးဆိုင်ရာ ဟန်ချက်မညီမှု သုတေသီ ဝေဖန်

ဗုဒ္ဓဂယာ တိုက်ခိုက်ခံရမှုမှာ ဗဟိုနှင့် ပြည်နယ် လုံခြုံရေးဆိုင်ရာ ဟန်ချက်မညီမှု သုတေသီ ဝေဖန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဗုဒ္ဓဂါယာတွင် တနင်္ဂနွေနေ့က ဖြစ်ပွါးခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုသည် ဗဟိုအစိုးရ ထောက်လှမ်းရေး
အေဂျင်စီများနှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့အကြား ဟန်ချက်ညီညီ အတူလက်တွဲ ဆောင်ရွက်ခြင်း မရှိပုံကို မီးမောင်းထိုး
ပြလိုက် ခြင်းပင်ဖြစ်သည်ဟု မဟာဗျူဟာနှင့် ကာကွယ်ရေး လေ့လာဆန်းစစ်သူ ရေတပ်ဗိုလ်မှူးချုပ် အငြိမ်းစား စီ အူဒေး ဘတ်စ်ကာ (C Uday Bhaskar) အား ကိုးကား၍ အိန္ဒိယ အခြေစိုက် IANS သတင်းဌာနကြီးက ရေးသား
လိုက်သည်။

မည်သူက ထိုဗုံးခွဲမှုများ ကျူးလွန်ခဲ့သည်ဆိုသည်ကို အလျင်အမြန် ကောက်ချက်ချရန်မှာ စောလွန်းသေးပြီး သက်သေ အထောက်အထားများ ရှာဖွေတွေ့ရှိသည်အထိ စောင့်ဆိုင်းသင့်သေးကြောင်းဖြင့်လည်း ဘတ်စ်ကာ က ပြောသည်။

“ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ခုလို တိုက်ခိုက်တာတွေ ရှိလာနိုင်တယ် ဆိုတာကိုတော့ မြန်မာနိုင်ငံက သတင်းပေးပို့ချက်
တွေ ရရှိထားခဲ့ပါတယ်” ဟု ဆိုသည်။

“ဒီအဆိုသာ တကယ်မှန်တယ်ဆိုရင် ဒါဟာ အိန္ဒိယနိုင်ငံမှာ စနစ်အရကို အမြဲတမ်း အားနည်းချက် ရှိနေတယ် ဆိုတာကို ပြပြန်တာပဲ။ ပြည်တွင်းလုံခြုံရေးအတွက် ရှုပ်ထွေးလှတဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ရာမှာ အင်စတီ
ကျူးရှင်းအရကို ချွတ်ယွင်းချက် ရှိနေတာကို ပြတာပဲ။ ဗဟိုအစိုးရ လုံခြုံရေး အေဂျင်စီတွေနဲ့ ပြည်နယ်ရဲတပ်ဖွဲ့တို့
အကြား ဟန်ချက်ညီ ဆောင်ရွက်နိုင်ခြင်းမရှိတာ၊ ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်မလာခင် ကြိုတင်ကာကွယ်ဘို့ လက်ဦး
မှုရှိရှိ နှိမ်နင်းဘို့ မစွမ်းဆောင်နိုင်တာတွေကို ပြနေတာပဲ” ဟု မူဝါဒ လေ့လာရေး အဖွဲ့ကြီး (Society for Policy Studies) မှ ထင်ရှားသော သုတေသီတဦးလည်း ဖြစ်သည့် ဘတ်စ်ကာ က IANS ကို ပြောသည်။

The Asian Age သတင်းစာကြီးတွင်မူ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်များ အကြား အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အိန္ဒိယနိုင်ငံရှိ Laskhar-e-Tayyaba (LeT) အဖွဲ့က ထောက်ခံအားပေးထားသည့် ရိုဟင်ဂျာ မူဆလင် အစွန်းရောက်များက လက်စားချေ တိုက်ခိုက်လာနိုင်ကြောင်း အိန္ဒိယ အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနက ဘီဟာ ပြည်နယ်သို့ တပ်လှန့်သတိပေးမှုပြုလုပ်ခဲ့သည်ဟု ရေးသားထားသည်။

ဟိုက်ဒရာဘတ်မြို့တွင် ဖေဖော်ဝါရီလ အတွင်း ဗုံးပေါက်ကွဲမှု အပြီးကတည်းက ထိုသို့ သတိပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒေလီနှင့် မွန်ဘိုင်းမြို့ကြီးများကို ပစ်မှတ်ထား တိုက်ခိုက်ရန် ကြံစည်လျက် ရှိကြောင်းလည်း
ထောက်လှမ်းရး သတင်းရပ်ကွက်များက ဆိုသည်။

ပိတ်ပင် တားဆီးခံထားရသည့် အိန္ဒိယ မူဂျာဟေဒင် (IM) အဖွဲ့မှ ဖမ်းဆီးရမိသူတဦးကို စစ်ကြောရာတွင် အယ်လ်ကိုင်ဒါ အဖွဲ့ကို အထင်ကြီး အားကျသည့် အဆိုပါ IM ခေါင်းဆောင်မှု အဖွဲ့က အသေခံ တိုက်ခိုက်သူများကို ဖွဲ့စည်းရန် ကြိုးပန်းလျက်ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ IM အဖွဲ့ဝင် နှစ်ဦးကို ဗုဒ္ဓဘာသာ ဘုရားကျောင်း
တော်ကို တိုက်ခိုက်မှု ပြုလုပ်နိုင်ရန် ကင်းထောက် လေ့လာမှုများ ပြုလုပ်စေခဲ့ပြီးနောက် အဆိုပါ အတင့်ရဲလှသည့် အကြံအစည် ပြန်လည်အရှိန်ရလာခဲ့သည်။

တနင်္ဂနွေနေ့နံနက်က ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွါးအပြီး နာရီပိုင်း အတွင်းမှာပင် မြို့တော်ဒေလီရှိ လုံခြုံရေး အေဂျင်စီ အကြီးအကဲများအဘို့လည်း ယခင်က ဖြေရှင်းခြင်း မပြုနိုင်ခဲ့သည့် အမှုများ
အတွက် ရတတ်သမျှသော သဲလွန်စများကို ဆက်စပ်ကာ ခေါင်းချင်းရိုက် အဖြေရှာခဲ့ကြရသည်။

၎င်းတို့ မသင်္ကာဖြစ်နေသူမှာ IM အဖွဲ့ဝင် အဓိက လှုပ်ရှားနေသူတဦးဖြစ်သည့် ယာဆင် ဘတ်ကားလ် (Yasin Bhatkal) ဖြစ်သည်။ ထောက်လှမ်းရေး အကြီးအကဲများ၏ အခြား မသင်္ကာဖြစ်ခြင်း ခံရသူတဦးမှာ (LeT) ၏ နာယကကြီးဖြစ်ပြီး နိုဝင်ဘာ ၂၆ မွမ်ဘိုင်း အကြမ်းဖက် တိုက်ခိုက်မှုကြီး၏ စီစဉ်ညွှန်ကြားသူဖြစ်သော ဟာဖစ်ဇ်ဆာအစ် (Hafiz Saeed) ဖြစ်သည်။ မူဆလင်များကို ဆက်လက် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုများ
ပြုလုပ်နေသော်လည်း မြန်မာနိုင်ငံကို ဆက်လက် ထောက်ခံနေသည်ဟု သူက အိန္ဒိယနိုင်ငံကို နှုတ်ဖြင့် တိုက်ခိုက်
ပြောကြားသူ ဖြစ်သည်။

ထိပ်တန်း လုံခြုံရေး တာဝန်ရှိသူတဦးက “ကျနော်တို့ ဖြစ်နိုင်တာ အားလုံးကို လေ့လာ စုံစမ်းနေပါတယ်။ ထောင့်
ပေါင်းစုံက လေ့လာစစ်ဆေးနေပါတယ်” ဟု ပြောသည်။

မူဝါဒ လေ့လာရေး အဖွဲ့ကြီးမှ သုတေသီ ဘတ်စ်ကာ ကလည်း တနင်္ဂနွေနေ့က တိုက်ခိုက်မှုသည် ဗုဒ္ဓဘာသာ
နေရာဌာနများကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားပြီး အိန္ဒိယနိုင်ငံတွင် စိုးရိမ်စရာ ကောင်း
သော အလားအလာ တခုလည်း ဖြစ်သည်ဟု သုံးသပ်သည်။

ထောက်လှမ်းရေးဗျူရို (IB) နှင့် ဗဟို စုံစမ်းစစ်ဆေးရေး ဗျူရို (CBI) တို့အကြား မကြာခင်က ဖြစ်ပွါးခဲ့သည့် လိပ်ခဲတည်းလည်း အခြေအနေကြောင့် အကန့်အသတ်နှင့်သာ ရှိနေပြီး တန်ဘိုးရှိလှသည့် အရင်းအမြစ်များကို ပြိုင်ဘက် အေဂျင်စီနှစ်ခုအကြား ယှဉ်ပြိုင်မှုအဖြစ် သုံးစွဲခဲ့လေသလား၊ ထိုသို့ပြုလုပ်ခြင်းဖြင့် ပြည်တွင်း လုံခြုံရေး
အတွက် ပိုမို အရေးပါသည့် ခြိမ်းခြောက်မှုများကို လျစ်လျူရှုရာများ ရောက်ခဲ့လေသလားဟုလည်း ဘတ်စ်ကာ က မေးခွန်းထုတ်လိုက်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား
e-letter-burmese

Who is Online

We have 13 guests online