မြန်မာအမျိုးသမီး ကိုယ်စားလှယ်များ အိန္ဒိယ လေ့လာရေးခရီး ပြီးဆုံး

ပရင့်ထုတ်ရန်

နယူးဒေလီ (မဇ္ဈိမ)။   ။ ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ ရှစ်ခု၏ အမျိုးသမီး ကိုယ်စားလှယ်များ အိန္ဒိယနိုင်ငံသို့ ခြောက်ရက်ကြာ လေ့လာရေးခရီးကို မေလ ၁၈ ရက်နေ့တွင် အဆုံးသတ်လိုက်ကြသည်။

Women
ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းမှ လွှတ်တော်ကိုယ်စားလှယ် သုံးဦး အပါအဝင် အမျိုးသမီး ရှစ်ဦးအား
အိန္ဒိယနိုင်ငံ၏ အမျိုးသမီးအခွင့်ရေးရာ လှုပ်ရှားဆောင်ရွက်မှုများ လေ့လာရန် ဖန်တီးအိမ် အဖွဲ့မှ စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

“အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးတွေကို လေ့လာဖို့ အိန္ဒိယမှာ ရှိနေတဲ့ Human Resources Center တွေ၊ လူ့အခွင့်အရေးဌာနတွေ၊ Women and Children Trafficking Center တွေ၊ ပါလီမန်လွှတ်တော်
ကိုယ်စားလှယ်တွေနဲ့ သွားတွေ့ပါတယ်။ အမျိုးသမီးတွေ လှုပ်ရှားဆောင်ရွက်နေတာတွေကို တိုက်ရိုက်
တွေ့ထိပြီးတော့ သူတို့ဆီက အတွေ့အကြုံတွေကို ပြန်ပြီး Share လုပ်(မျှဝေ)ပေးရမယ့်အခွင့်အရေး ရမယ့်အတွက် ဒီကိုလိုက်လာရတာဟာ ကောင်းမွန်ပြီးတော့ ကျမတို့နိုင်ငံအတွက် အကျိုးရှိမယ်လို့ ယူဆပါတယ်” ဟု ပုသိမ်မြို့မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ခင်စီ က ပြောသည်။

နယူးဒေလီမြို့တွင် ခြောက်ရက်တာ နေထိုင်ရစဉ်အတွင်း အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန အပါအဝင် ဒေလီ အမျိုးသမီး ကော်မရှင်၊ လူမှုရေးရာ ပူးပေါင်းဆောင်ရွက်မှု ဌာနများနှင့် အမျိုးသမီးအဖွဲ့ များသို့ သွားရောက်လေ့လာခွင့် ရခဲ့ကြသည်။



“အမျိုးသမီးအဖွဲ့တွေ သူတို့ တန်းတူအခွင့်အရေးရဖို့ ဘယ်လို လှုပ်ရှားတယ်ဆိုတာ၊ လှုပ်ရှားမှုတွေမှာ ဘယ်သူတွေကို ဘယ်လိုချဉ်းကပ်ရမယ်၊ ကမ်ပိန်း ဘယ်လိုလှုပ်ရှားရမယ် ဆိုတာမျိုး အများကြီး လေ့လာခဲ့ ရပါတယ်။ နောက်ပြီး
မြန်မာနိုင်ငံမှာက အမျိုးသမီးတွေအတွက် ဥပဒေ သီးသန့်ကြီး မရှိဘူးလေ (CEDAW) လက်မှတ်ထိုးထားတာပဲ ရှိတယ်လေ။ ပြီးတော့ အမျိုးသမီးလှုပ်ရှားမှုတွေမှာ မြန်မာနိုင်ငံက အမျိုးသားပါဝင်မှု အားနည်းတယ်” ဟု ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် မနီနီမေမြင့် က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၊
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့်
ခေတ်သစ်ပြည်သူ့ ပါတီတို့မှာ အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်ကြသည်။

အိန္ဒိယ အမျိုးသမီးလှုပ်ရှားမှုများထံမှ စံနမူနာ ယူရန်များ သိရှိလို၍ လိုက်ပါလာခဲ့သော မူဆယ်မြို့မှ ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနွယ်နွယ် ကလည်း “အိန္ဒိယပြည်မှာ မိသားစု ဝင်ငွေ တိုးရေးလုပ်ငန်းကို ကျမ အားကြီး သဘောကျပါတယ်။ အားလပ်ချိန်မှာ မိသားစု ဝင်ငွေရအောင် လက်မှုပညာလေး လုပ်တယ်။ ကိုယ့်လက်မှု
ပညာလေးလည်း ပျောက်မသွားဘူး၊ မိသားစုဝင်ငွေမှာလည်း တထောင့်တနေရာ ပါဝင်ခြင်းဟာ သူ့မိသားစုရဲ့ လူမှုဖူလုံရေး၊ ဆင်းရဲသား လျှော့ချရေးဆိုတဲ့ လိုအပ်တဲ့ မူဝါဒနဲ့လည်း ကိုက်ညီတယ်” ဟု ဆိုသည်။

ထို့ပြင် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုနှင့် လွှတ်တော်တွင်း အမျိုးသမီးအမတ်များ ပိုမိုများပြားလာစေရေးမှာ
လည်း အမျိုးသမီးများအပေါ်တွင်သာ မူတည်သည်ဟု ရှမ်းတိုင်းရင်း ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းနွယ်နွယ် က သုံးသည်။

“အိန္ဒိယက အမျိုးသမီးတွေဟာ ပို၍ပို၍ အခွင့်အရေးတွေ တောင်းဆိုလာတာ တွေ့ရတို့ အန်တီတို့ရဲ့ ရှမ်းအမျိုးသမီး
တွေ အတွက်လည်း တောင်းဆိုစရာ၊ လုပ်ကိုင်စရာတွေ အများကြီးရှိနေတယ်ဆိုတာ သိရှိခဲ့ရတယ်။ အဟန့်အတား
တော့ မရှိပါဘူး။ ကျမတို့ အမျိုးသမီးထုရဲ့ အားကြိုးမာန်တက် ပါဝင်မှုပဲ လိုပါတယ်။ နိုင်ငံရေးလောကထဲမှာ များများပါ
လာလေ (အမတ်)များများ ရာခိုင်နှုန်း ပါလာမှာပါ။ အခုက မပါဝင်တဲ့အတွက်ကြောင့်ပဲ (အမတ်)ရာခိုင်နှုန်းက နည်းနေတယ်လို့ ယူဆတယ်” ဟု ပြောဆိုသည်။

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများအား ဖော်ထုတ် အရေးယူမှုများ ပြုလုပ်လျက်ရှိသည့်
အပေါ် မြန်မာနိုင်ငံ အမျိုးသမီးရေးရာကော်မတီမှ ဧရာဝတီတိုင်း ခေါင်းဆောင်တဦးလည်း ဖြစ်သည့်
ဒေါက်တာခင်ခင်စီ က “ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆ က ဖြစ်သွားခဲ့တဲ့ ဆေးကျောင်းသူလေးရဲ့ မှုခင်းနဲ့နောက်ဆက်တွဲ ဆန္ဒပြမှုတွေ ဖြစ်ပြီးတဲ့နောက် သူတို့အစိုးရကနေ ဥပဒေနဲ့ အရေးယူဆောင်ရွက်တာတွေကို ပြောပြတယ်လေ။ ကျမတို့နိုင်ငံမှာကတော့ အရင့်အရင်ကတည်းက Rape (အဓမ္မမှု) ဆိုရင် တသက်တကျွန်းအထိ သတ်မှတ်ထား
ချက်တွေ ရှိတယ်” ဟု နှိုင်းယှဉ်ပြောပြသည်။

အခြေခံဥပဒေ ဆန့်ကျင်ဆန္ဒပြမှုနှင့် ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကျင်းပမှုများကြောင့် နိုင်ငံရေးအကျဉ်းသား
ဖြစ်ခဲ့ဖူးသူ မနီနီမေမြင့် အနေနှင့် အိန္ဒိယ အမျိုးသမီးများထံမှ အတွေ့အကြုံကိုယူကာ ၎င်းအခြေစိုက်ရာ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အမျိုးသမီး စွမ်းရည်မြှင့်သတင်တန်းများ၊ အခွင့်အရေး ပညာပေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု မဇ္ဈိမကို ပြောဆိုသွားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့်
ခေတ်သစ်ပြည်သူ့ပါတီတို့မှာ အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်ကြသည်။

Mizzima-Sticker-Design2