www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
သောကြာ, ၁၅ နိုဝင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > အစိုးရအဆက်ဆက် စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် ဖွံ့ဖြိုးမှုနောက်ကျဟု အမေရိကန်မှာ မြန်မာသမ္မတပြော

အစိုးရအဆက်ဆက် စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် ဖွံ့ဖြိုးမှုနောက်ကျဟု အမေရိကန်မှာ မြန်မာသမ္မတပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသည့် မြန်မာသမ္မတ ဦးသိန်းစိန်က မြန်မာအစိုးရ အဆက်ဆက်၏ စီမံခန့်ခွဲမှုအားနည်းခြင်းကြောင့် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့သည်ဟု ဝါရှင်တန်ရောက်
မြန်မာများနှင့် မေလ ၁၈ ရက် နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

"အစိုးရ အဆက်ဆက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခဲ့ကြသော်လည်း နိုင်ငံ တည်ငြိမ်အေးချမ်းမှု မရှိခြင်းနှင့် စီမံခန့်ခွဲမှုစနစ်များ အားနည်းခြင်းတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုမှာ ထင်သလောက် မရှိခဲ့" ဟု သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ယင်းအပြင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံရေး၊ လူမှုရေး သဘောထားကွဲပြားမှုများ
ကြောင့် လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ပြီး ဒီမိုကရေစီစနစ်ကို အကောင်အထည်မဖေါ်နိုင်သည့် အပြင် ဖွံ့ဖြိုးမှုလည်း နောက်ကျနေခဲ့ရသည်ကို သမ္မတက ပြောဆိုသည်။

သမ္မတသည် မေ ၁၉ ရက်နေ့ ညနေပိုင်းတွင် အမေရိကန်အသံ မြန်မာပိုင်း၏ စီစဉ်မှုဖြင့် တွေ့ဆုံမေးမြန်းမှု များ ပြုလုပ်မည်ဖြစ်သည်။ မေ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အိမ်ဖြူတော်သို့ သွားရောက်ကာ သမ္မတ အိုဘားမားနှင့် တွေ့ဆုံမည်ဖြစ်သည်။

မြန်မာသမ္မတ၏ အမေရိကန် ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာရန် ရည်ရွယ်သည်ဟု သမ္မတ၏ ပြောခွင့်ရသူ ဦးရဲထွဋ်က ဝါရှင်တန်အခြေစိုက် လွတ်လပ်သည့် အာရှအသံ ရေဒီယို အစီအစဉ်သို့ ပြောကြားထားသည်။

"ဒီခရီးစဉ်မှာ ဘာကိုမျှော်လင့်သလဲလို့ပြောရင် ပထမအချက်ကတော့ သမ္မတ  အိုဘားမားအစိုးရ အဖွဲ့နဲ့ ကျနော်တို့ကြားမှာ ရရှိပြီးသားဖြစ်တဲ့  ပူးပေါင်းဆောင်ရွက်မှုတွေ နားလည်မှုတွေကို ဒီခရီးစဉ်မှာ  ပိုပြီးတော့ ခိုင်မာအောင် မြှင့်တင်အောင် ကျနော်တို့လုပ်ရမယ်၊ ဒုတိယတစ်ခုက  ကွန်ဂရက်လွှတ်တော် အနေနဲ့
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို  ပိုပြီးတော့ခိုင်ခိုင်မာမာ ယုံကြည်လာပြီးတော့မှ လက်ရှိရှိနေသေးတဲ့  ပိတ်ပင်တားဆီးတဲ့ ဥပဒေတွေကို အဆင့်အဆင့်ဖြေလျော့ နောက်ဆုံးမှာ  ဖျက်သိမ်းပေးတဲ့အဆင့် အထိရောက်အောင် ကျနော်တို့လုပ်နိုင်ဖို့  မျှော်လင့်ပါတယ်" ဟု ဦးရဲထွဋ်က ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးများဖြစ်ကြသည့် ကိုကို၊ ဝေလွင် တို့လည်း လိုက်ပါသွားကြသည်။ သမ္မတ၏ အမေရိကန် ခရီးစဉ်သည် မေလ ၂၁ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်သည်။

Mizzima-Sticker-Design1

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

  1. မြန်မာ့သမိုင်း အရိပ်မည်းနှင့် အကဲဆတ်သည့် လူထုကို နိုင်ငံတကာမီဒီယာများ ထည့်စဉ်းစားရန် သမ္မတ ပြော
  2. နိုင်ငံရေးအကျဉ်းသားများ ကြွင်းကျန်ပြစ်ဒဏ်ဖြင့် အရေးယူမည်မဟုတ်ဟု သမ္မတ ကတိပေး
  3. မြန်မာ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဗြိတိန် ကာချုပ် ဆွေးနွေးခဲ့
  4. မြန်မာနှင့် ဗြိတိန် ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်နိုင်ငံတပ်များ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
  5. အခြေခံဥပဒေ “သော့ခတ်ထားတာ မဟုတ်ဘူး” ဟု အမေရိကန်ရောက် သမ္မတ ပြော
  6. ဘာသာရေးနှင့် တိုင်းရင်းသား ပဋိပက္ခများ ဖြေရှင်းရန် သမ္မတ နှစ်ဦး ဆွေးနွေးမည်
  7. သမ္မတ ဦးသိန်းစိန် အိုဘာမားထံ သွားရောက် တွေ့ဆုံမည်
e-letter-burmese

Who is Online

We have 58 guests online