www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၁၅ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > နာရေးသတင်း > သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း ကွယ်လွန်

သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း ကွယ်လွန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံခြားသတင်းထောက်များအသင်းဥက္ကဋ္ဌ သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း (Kyodo News) သည် အောက်တိုဘာလ ၁၇ ရက်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

ဧရာဝတီတိုင်း ကျောင်းကုန်းဇာတိဖြစ်သော ဂါးဒီးယန်း ဦးစိန်ဝင်း (Kyodo News)သည် အသက် ၉၂ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ဂါးဒီးယန်းဦးစိန်ဝင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးတည်ထောင်သော နိုင်ငံခြားသတင်းထောက်များအသင်း၏ ဥက္ကဋ္ဌအဖြစ် ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ဆောက်ရွက်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှစ၍ နာယကအဖြစ် ဆောင်ရွက်ခဲ့
သည်။

ဂါးဒီးယန်းဦးစိန်ဝင်း ကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက “ကျွန်တော် စာနယ်ဇင်းလောကထဲ စ၀င်တဲ့အချိန် ၁၉၉၉ ခုနှစ်တုန်းက ဆရာကြီး ဂါးဒီးယန်း
ဦးစိန်ဝင်းရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ စာအုပ်ကို စဖတ်ဖူးကတည်းက သတင်းသမားတွေရဲ့ အခန်းကဏ္ဍကို သေချာ
သိရှိခွင့်ရခဲ့တာပါ၊ သတင်းစာဆရာကြီးတွေ တစ်ယောက်ပြီး တစ်ယောက် ဆုံးသွားတာ သတင်းလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ပါ၊ သတင်းစာဆရာကြီးတွေ ဖောက်ထားခဲ့တဲ့ လမ်းတွေအတိုင်း သတင်းစာသမားကောင်းတွေ
ပေါ်ပေါက်အောင် ဆောင်ရွက်ဖို့ တာဝန် ပိုကြီးလာပါတယ်” ဟု ၀မ်းနည်းစကား ဆိုသည်။

ဂါးဒီးယန်းဦးစိန်ဝင်းသည် အစိုးမှ သုံးကြိမ် ထိန်းသိမ်းခံခဲ့ရသော သုံးနှစ်ကျော်ကာလမှ လွဲ၍၊ သက်တမ်း တစ်လျှောက်လုံး စာနယ်ဇင်းလောက၌ပင် အသက်မွေးဝမ်းကျောင်းပြုခဲ့သူ ဖြစ်သည်။

ဂါးဒီးယန်းဦးစိန်ဝင်းသည် ၁၉၄၆ ခုနှစ်ဦးပိုင်းမှစ၍၊ ရန်ကုန်မြို့ မြန်မာ့အလင်းသတင်းစာတိုက်တွင် သတင်းထောက်
အဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာ့အလင်းနှင့် စီးပွားရေး မြန်မာသတင်းစာများ၊ အလုပ်သမား ဂဇက်၊ နယူးတိုင်း
အော့(ဖ)ဘားမားနှင့် နေးရှင်း အင်္ဂလိပ်သတင်းစာများတွင် သတင်းထောက်ချုပ်နှင့် အယ်ဒီတာအဖြစ် အသီးသီး
ဆောင်ရွက်ခဲ့ပြီး၊ ၁၉၅၈ ခုနှစ် မတ်လဆန်းမှ ၁၉၆၃ ခုနှစ် မေလကုန်အထိ၊ ဂါးဒီးယန်းသတင်းစာ အယ်ဒီတာချုပ်
အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၆၁-၆၂ ခုနှစ်များတွင် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းဥက္ကဋ္ဌ၊ ၁၉၆၁-၁၉၆၂ခုနှစ် စာနယ်ဇင်းကောင်စီ အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်(ခ်ျ) မြို့၌ အိုင်ပီအိုင်ခေါ် အပြည်ပြည်ဆိုင်ရာ သတင်းစာအယ်ဒီတာများ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ၁၉၆၃ ခုနှစ်တွင်
ရွေးချယ်တင်မြောက်ခြင်း ခံရသည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ရုံးစိုက်သော အပြည်ပြည်ဆိုင်ရာ သတင်းစာထုတ်ဝေသူများအဖွဲ့ချုပ်က ဦးစိန်ဝင်းအား သတင်းစာလွတ်လပ်မှုအတွက် ရေးသားဆောင်ရွက်ချက်များကြောင့် ၁၉၆၃ ခုနှစ်တွင် ရွှေကလောင်ဆု ချီးမြှင့်ခဲ့
သည်။

၁၉၆၉ ခုနှစ် အောက်တိုဘာလမှ ၁၉၈၉ ခုနှစ် နိုဝင်ဘာလအထိ၊ အမေရိကန်နိုင်ငံ အေပီသတင်းဌာန၏ မြန်မာနိုင်ငံ
ဆိုင်ရာ သတင်းထောက်အဖြစ် ဆောင်ရွက်ပြီး၊ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလမှစ၍၊ ဂျပန်နိုင်ငံ ကျိုဒိုသတင်းဌာန၏
မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။

ကွယ်လွန်ချိန်တွင် သမီးသုံးယောက်နှင့် မြေးခုနစ်ယောက် ကျန်ရစ်ခဲ့သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

Who is Online

We have 45 guests online