www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၁ သြဂုတ် ၂၀၁၉

Mizzima Burmese

Home > သတင်း > နာရေးသတင်း > အဆိုတော်စန်္ဒီ(၁၅၀၀) နေအိမ်တွင် ကွယ်လွန်

အဆိုတော်စန်္ဒီ(၁၅၀၀) နေအိမ်တွင် ကွယ်လွန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

တေးရေးသြရသ ရေးသားသည့် “လက်ခုပ်နှစ်ဖက်” သီချင်းနှင့် “၁၅၀၀” သီချင်းတို့ဖြင့် ပရိသတ် အသိအမှတ်ပြုမှု ရရှိခဲ့သော မော်ဒယ်၊ အဆိုတော်စန်္ဒီ (၁၅၀၀)သည် အောက်တိုဘာ ၁၆ ရက်၊ ည ၁၂ နာရီ ၂၀ မိနစ်တွင် အစာအိမ်
ရောဂါ၊ အသည်းရောင်အသားဝါရောဂါတို့ဖြင့် နေအိမ်တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၃၀ ရှိပြီဖြစ်ပြီး ဒုတိယတစ်ကိုယ်တော်စီးရီးအတွက် ပြင်ဆင်ဆဲကာလတွင် ကွယ်လွန် သွားခြင်းဖြစ်ကြောင်း အဆိုတော်စန်္ဒီ၏ မိခင်ဖြစ်သူဒေါ်မြတ်မြတ်အိက မဇ္ဈိမသို့ ပြောကြားသည်။

“သူနေမကောင်းတာ တော်တော်လေးကြာပါပြီ။ လွန်ခဲ့တဲ့ နှစ်လ၊ သုံးလကတည်းက အစာအိမ်ဖြစ်နေတာပါ။ အဲဒီတုန်း က ဆေးရုံတင်လိုက်သေးတယ်။ နောက်တော့ အိမ်ကိုပြန်ခေါ်လာလိုက်တယ်။ အိမ်မှာ ပဲဆုံးသွားတာပါ”ဟု မိခင်က ၀မ်းနည်းစွာပြောပြသည်။

အဆိုတော်စန်္ဒီသည် ၂၀၁၁ ခုနှစ်တွင် “၁၅၀၀” တစ်ကိုယ်တော်တေးစီးရီးဖြင့် ဂီတလောကသို့ ၀င်ရောက်ခဲ့ပြီး Fashion Show ပွဲများတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။

၎င်း၏တေးသီချင်းများကို ရေးသားပေးခဲ့သူတစ်ဦးဖြစ်သည့် တေးရေး၊ တေးဆို သြရသက “စန်္ဒီဆုံးသွား တာသိရတော့ စိတ်မကောင်းပါဘူး။ သူရဲ့ဒုတိယစီးရီးမှာ ကျွန်တော်ရေးထားတဲ့ သီချင်းလေးပုဒ်ပါတယ်။ တစ်ပုဒ်ကို ၀င်ဆိုပေးထား တယ်” ဟု ပြောသည်။

သူမသည် မကွယ်လွန်မီ ညဦးပိုင်းတွင် သူမ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် “စနီ်္ဒချစ်သောပရိသတ်ကြီး စနီ်္ဒ လူ့လောက ကြီးကို နှုတ်ဆက်ခဲ့ပါတယ်” ဟု ရေးသားထားခဲ့သည်။

အဆိုတော်စန်္ဒီ(၁၅၀၀) ကို အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၃ နာရီတွင်ရေဝေး၌ သင်္ဂြိုဟ်မည်ဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

Who is Online

We have 22 guests online